images
UN
UN
သာယာဝတီထောင်မှာ ဒံပေါက်အလှူကျွေးမလို့ဆိုတဲ့ သရုပ်ဆောင် ဘုန်းလျှံ
သွန်းလေး Thursday, 30 July 2020
သာယာဝတီထောင်မှာ သြဂုတ် ၁ ရက်မှာ ဒံပေါက်သွားရောက် လှူဒါန်းသွားဖို့ရှိတယ်လို့ သရုပ်ဆောင်ဘုန်းလျှံက ပြောပါတယ်။
ထိုအပြင် လှည်းကူးမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက်လည်း အလှူအတန်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်တော် ဇူလိုင်လကုန်ပြီးတော့ တစ်ရက်နေ့ကျရင် စစ်ဘေးရှောင် တွေအတွက် သွားလှူဖို့ရှိပါတယ်။ သာယာဝတီထောင်မှာလည်း ဒံပေါက် ကျွေးဖို့ စီစဉ်နေပါတယ်။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အများနဲ့ဝိုင်းဝန်းစီစဉ်ဖို့တော့ရှိပါတယ်။ အလျဉ်းသင့်ရင် သင့်သလို ပရ ဟိတလုပ်ငန်းတွေကိုလည်း သူငယ်ချင်းတွေနဲ့ စုပေါင်းလုပ်သွားဖို့ ရှိပါ တယ်''လို့ သရုပ်ဆောင်ဘုန်းလျှံက ပြောပါတယ်။
သရုပ်ဆောင်ဘုန်းလျှံအနေနဲ့ လက်ရှိမှာတော့ ပရဟိတလုပ်ငန်း တွေကိုသာ အဓိကထားလုပ်ဆောင်နေပြီး ရုပ်ရှင်ရိုက်ကူးခွင့်များရရှိ ချိန်တွင် သရုပ်ဆောင်ခန့်စည်သူနဲ့ဇာတ်လမ်းတွဲရိုက်ကူးသွားဖို့ ရှိတယ် လို့လည်း ပြောပြသွားခဲ့ပါတယ်။