images
UN
UN
သရုပ်ဆောင်တင့်တင့်ထွန်း(ဆရာလေးဒေါ်နန္ဒမာလာ) ကွယ်လွန်သည်ဟူသောသတင်းမှားယွင်း သက်ရှိထင်ရှား သီတင်းသုံးလျက်ရှိ
အဖြူရောင် Thursday, 30 July 2020
သရုပ်ဆောင်တင့်တင့်ထွန်း ဆရာလေးဒေါ်နန္ဒမာလာ ကွယ် လွန်သည်ဟူသောသတင်းသည် မှားယွင်းနေပြီး ဆရာလေးမှာ လက်ရှိတွင် အသက်ရှင်လျက် ရှိကြောင်း လှတောဆရာတော် ဒေါက်တာအရှင်ခေမာသီရိက မိန့်ကြားခဲ့သည်။
ဆရာလေးဒေါ်နန္ဒမာလာ (ခ)သရုပ်ဆောင်တင့်တင့်ထွန်းသည် တစ်ခေတ်တစ်ခါက ပြည်သူ အသည်းစွဲမင်းသမီးတစ်ယောက်ဖြစ်သည့်အတွက် ယခုကဲ့သို့မမှန်ကန် သည့် သတင်းများထွက်ပေါ်လာချိန်တွင် ပရိသတ်များအနေဖြင့် စိတ်မကောင်းခြင်းနှင့် စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
သရုပ်ဆောင်တင့်တင့်ထွန်း ဆရာလေးဝတ်ဖြင့် ကွယ်လွန်ခဲ့ သည်ဆိုသောမှားယွင်းနေသောသတင်းသည် ဇူလိုင် ၂၉ ရက်တွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်တင့်တင့်ထွန်း(ခ) ဆရာလေးဒေါ်နန္ဒမာလာသည် သရုပ်ဆောင်လောကအား စွန့်လွှတ်ကာ သာသာနာ့ဘောင်ဝင်၍ တရားအားထုတ်နေသည်မှာ ၁ဝ နှစ်ကျော်ကာလရှိပြီဖြစ်ကြောင်း သိရသည်။