images
UN
UN
ရုပ်ရှင်များပြန်လည်ရိုက်ကူးသည့်အခါ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် ပြော
ဒဂုံဝေလင်း Thursday, 30 July 2020
ယခုလ ၂၇ ရက်က ရုပ်ရှင် ရိုက်ကူးထုတ်လုပ်မူများနှင့်ပတ် သက်ပြီး ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို)မှဥက္ကဋ္ဌဦးညီ ညီထွန်းလွင်က ယခုလိုပြောသည်။
''ရုပ်ရှင်များပြန်လည်ရိုက်ကူး ပါက ရိုက်ကွင်းတာဝန်ခံတွေကို အဓိက ညွှန်ကြားရထားတာမျိုး တွေ လုပ်ဆောင်မှာပါ။ မဖြစ်မနေ သူတို့အနေနဲ့ မှတ်တမ်းတင်ပြုစု ထားရမှာကတော့ ဘယ်နေ့၊ ဘယ် အချိန်၊ ဘယ်နေရာ ဘယ်သူတွေ ပါဝင်ရိုက်ကူးမယ်ဆိုတာမျိုး ရိုက် ကွင်းမှာပါဝင်တဲ့ သူတွေရဲ့ ကျန်း မာရေးအခြေအနေ ဖျားနာ၊ ချောင်း ဆို၊ မောပန်း၊ နွမ်းနယ် အနံ့ အရသာမသိ စသည်ဖြင့် ရောဂါ စဖြစ်မှုအခြေအနေ ပြီးတော့ ကာယကံရှင်ကိုယ်တိုင် ကျန်းမာ ကြောင်း ထောက်ခံစာမှတ်တမ်း၊ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ကွင်းဆင်းပြီးယူထားတဲ့မှတ်တမ်း တွေရှိရမယ်။ အဲ့ဒါကတော့ ရိုက် ကွင်းမစတင်ခင် ဆောင်ရွက်ရမယ့် စည်းကမ်းချက်လိုဟာမျိုးပြီးတော့ ရူတင်မှာ လူအင်အားအနည်းဆုံး သုံးပြီးတော့ ရိုက်ဖို့ လက်ဖက် ရည်ဆိုင်လိုမျိုးအကာအကွယ်တွေ ဟာမျိုးတွေထားပြီး ဒါရိုက်တာက အကာအကွယ်တွေလုပ်ပြီး အဝေး ကနေ ညွန်ကြားတာမျိုးတွေ ပစ္စည်း ကိရိယာ အသုံးအဆောင်များကို ပိုးသတ်ဆေးဖျန်းဖို့ ရူတင်ထမင်း ကို တစ်ယောက်စာထမင်းဘူးများ သာသုံးဖို့ နားနေခန်းတွင်လည်း ခြောက်ပေခြား ထိုင်ဖို့၊ လေဝင် လေထွက်ကောင်းဖို့၊ အမှိုက်များ ကိုလည်း စနစ်တကျစွန့်ပစ်ဖို့ စသည်ဖြင့် သတ်မှတ်ထားတာတွေ ရပါတယ်။ အခုသတ်မှတ်ထားတဲ့ စည်းကမ်းတွေကများလည်းများ ပါတယ်။ ကောင်းလည်းကောင်း ပါတယ်။ ဆရာဦးမြင့်ထွေးပြော သလို အမေရိကား၊ ဘရာဇီး၊ အိန္ဒိယလို မဖြစ်ဖို့လည်း ကျွန် တော်တို့ ဂရုစိုက်ရမှာပါ။ အရာခပ် သိမ်းတော့ ကျွန်တော်တို့ မဖြစ်နိုင် ပါဘူးခင်ဗျာ။ ဥပမာဧည့်ခန်းမမှာ သုံးယောက်လောက် ထိုင်စကား ပြောရသည့် အခန်းဆိုသုံးယောက် ကို ခဏတာထိုင်ပြီး ကျန်တဲ့ တစ်ယောက်ချင်းစကားပြောရတဲ့ အခန်းမျိုးတွေတော့ တစ်ယာက်ကို ခြောက်ပေလောက်အကွာထိုင်ပြီး စကားပြောတာမျိုးကို သရုပ်ပြ ရိုက်ကွင်းမှာ ရိုက်ပြထားတာမျိုး လုပ်ထားပါတယ်ပြီးတော့ COVID-19 သရုပ်ပြရိုက်ကွင်း'' ဟု ဒါရိုက်တာညီညီထွန်းလွင်က ပြော သည်။