images
UN
UN
ကျွန်းလှမြို့နှင့် ကြာတကန်ကျေးရွာသွားလမ်းတွင် မိုးရာသီ၌ ဒေသခံများ အခက်အခဲဖြစ်နေ၍ ချောင်းကူးတံတားလိုအပ်
Monday, 03 August 2020
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်း လှမြို့နယ် ကျွန်းလှမြို့နှင့် ကြာတ ကန်ကျေးရွာသို့ ဆက်သွယ်ထား သည့် ကျေးရွာချင်းဆက်လမ်း တွင် ကြာတကန်ချောင်း ချောင်း ကူးတံတားမရှိသဖြင့် မိုးရာသီ ကာလ၌ ဒေသခံပြည်သူများသွား လာမှု အခက်အခဲများနှင့် ကြုံတွေ့ နေရသည်ဟု ယမန်နေ့က သိရ သည်။
ကျွန်းလှမြို့နှင့် ကြာတကန် ကျေးရွာကြားရှိ ကြာတကန်ချောင်း အတွင်း ယခုလိုမိုးရာသီကာလ၌ တောင်ကျရေများပါ ရောနှောစီး ဆင်းနေသဖြင့် ကြာတကန်ချောင်း တွင် ချောင်းကူးတံတား မရှိသဖြင့် အရေးပေါ် ဆေးရုံတက်ချင်သော လူနာများ၊ အထက်တန်းကျောင်း တက်မည့် ကလေးများ၊ ခရီးသွား ပြည်သူများ၊ ဒေသခံများ အခက် အခဲနှင့် ကြုံတွေ့နေရပါသည်။
ကျွန်းလှမြို့နှင့် ကြာတကန် ကျေးရွာကြားရှိ ကြာတကန်ချောင်း တစ်ဖက်ကမ်းတွင်ရှိသည့် ကြာတ ကန်ကျေးရွာ၊ ထန်းပင်ကုန်းကျေး ရွာနှင့်အခြား ကျေးရွာများသည် ပြောင်း၊မြေပဲ၊ပဲစင်းငုံ စသည့်တို့ကို အဓိကထားကာ သီးနှံစုံအထွက် ကောင်းသည့် ကျေးရွာများဖြစ်ကာ ကြာတကန်ကျေးရွာနှင့် ထန်းပင် ကုန်ကျေးရွာကြားရှိလမ်းသည် ကျောက်ကြမ်းလမ်းဖြစ်ပြီး သွား လာမှုအဆင်ပြေသော်လည်း ကျွန်း လှမြို့နှင့် ကြာတကန်ကျေးရွာ ကြားရှိ ကြာတကန်ချောင်းကူး တံတားမရှိသဖြင့် ဒေသခံပြည်သူ များအတွက် ကြာတကန်ချောင်း ကူးတံတားမှာ မဖြစ်မနေလိုအပ် လျက်ရှိကြောင်း ဒေသခံပြည်သူ များထံမှ သိရသည်။