images
UN
UN
ဒီကလန်ရိုက်စ်အတွက် ချဲလ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းအသင်းပယ်ချ
Ref; The Times Saturday, 15 August 2020

ဝက်စ်ဟမ်းအသင်းသည် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် အတွက် ချဲလ်ဆီးအသင်း၏ကမ်းလှမ်းမှုအား ပယ်ချလိုက်ကြောင်း သိရ သည်။ ချဲလ်ဆီးအသင်းက ၄င်းအတွက် ကမ်းလှမ်းရာတွင် တိုက်စစ်မှူး ဘတ်ရှူယီနှင့် ကွင်းလယ်ကစားသမား ဘာကလေတို့အား အလိုက်ပေး ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝက်စ်ဟမ်းအသင်း က ကစားသမားအတွက် သတ်မှတ်ထားသော ပြောင်းရွှေ့ကြေး ပေါင် သန်း ၈ဝ နှင့်ကိုက်ညီမှုမရှိသောကြောင့် ပယ်ချခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ဝက်စ်ဟမ်းအနေဖြင့် ကစားသမားအတွက် ငွေကြေးသီးသန့် သာ လိုချင်နေပြီး ကစားသမားအလိုက်ပေးမှု ပါဝင်လာခြင်းကို လက်ခံ လိမ့်မည်မဟုတ်ဟု သိရသည်။ ချဲလ်ဆီးအသင်းသည် လာမည့်ဘောလုံး ရာသီအတွက် ကစားသမားနှစ်ဦးခေါ်ယူထားပြီးဖြစ်သော်လည်း ထပ်မံ အားဖြည့်မှုများပြုလုပ်ရန် စီစဉ်နေဆဲဖြစ်သည်။ သို့သော် အသင်း၏အစီ အစဉ်များအတွင်း မပါဝင်နိုင်တော့သည့် ကစားသမားများကို ရောင်းချ နိုင်ရန်လည်း လိုနေသည်။