images
UN
UN
ယူရိုပါလိဂ်တွင် အောင်မြင်မှုရရှိမှသာ မျှော်လင့်ချက်နှင့်ကိုက်ညီမည်ဟု ဆိုးလ်ရှားပြော
Ref; Telegraph Saturday, 15 August 2020

မန်ယူနည်းပြဆိုးလ်ရှားက ယူရိုပါလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိ မှသာအသင်း၏မျှော်လင့်ချက်များနှင့် ကိုက်ညီမှုရှိလိမ့်မည်ဟု ပြောကြား လိုက်သည်။ မန်ယူသည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆီဗီလာ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ၄င်းတို့သည် ကိုပင်ဟေဂင် နှင့် ကစားခဲ့သောပွဲစဉ်တွင် ရုန်းကန်ခဲ့ရခြင်းကြောင့် ဆီဗီလာနှင့် ပွဲစဉ် အတွက် ခြေစွမ်းပြနိုင်ရန် ဖိအားရှိနေသောအသင်းဖြစ်သည်။ ဆိုးလ်ရှား က ''ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်ခွင့်ရအောင် အားစိုက် ထုတ်နိုင်ခဲ့တာက အတော်လေးကောင်းတဲ့ ကြိုးစားမှုပါ။ ဒါပေမဲ့ မလုံ လောက်သေးပါဘူး။ ပြိုင်ပွဲမှာ အောင်မြင်မှုရရှိမှသာ အသင်းရဲ့မျှော်လင့် ချက်တွေနဲ့ ကိုက်ညီပါလိမ့်မယ်။ မန်ယူအသင်းက ဒီလိုပြိုင်ပွဲကြီးတွေ နဲ့ နီးစပ်မှုရှိနေတာကြောင့် ဖိအားကြုံစရာတော့မရှိပါဘူး''ဟု ပြောကြား ခဲ့သည်။ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကမူ အသင်းအနေဖြင့် ကိုပင်ဟေဂင်နှင့်ပွဲမှ ခြေစွမ်းထက် ပိုမိုကောင်းမွန်ရန် လိုအပ်နေသေး သည်ဟု သတိပေးခဲ့သည်။