images
UN
UN
ချန်ပီယံလိဂ်ဖလားကို ကော်တင်ဟိုရရှိပါက ဘာစီလိုနာအသင်းငွေထပ်ပေးရမည်
Ref; Dailymail Saturday, 15 August 2020
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရသော ဘာစီလိုနာအသင်းသည် ပြိုင်ပွဲတွင် ၄င်းတို့အား ကျော်ဖြတ်သွားခဲ့သော ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဖြစ်သွားမည်ကို စိုးရိမ်နေရပြီဖြစ်သည်။ ဘာစီလိုနာမှ ဘိုင်ယန်မြူးနစ်သို့ အငှားချထားသော ကော်တင်ဟိုသည် ၄င်းတို့တွေ့ဆုံခဲ့သည့်ပွဲစဉ်တွင် နှစ်ဂိုးအထိ သွင်း ယူသွားခဲ့သူဖြစ်သည်။ ၄င်းတို့သည် ကော်တင်ဟိုအား လီဗာပူးအသင်းမှ ခေါ်ယူခဲ့စဉ်က ချန်ပီယံလိဂ်ဖလား ကို ကော်တင်ဟိုရရှိပါက ပေါင် ၄ ဒသမ ၅ သန်းထပ်ပေးမည်ဆိုသော အချက်အား ထည့်သွင်းချုပ်ဆို ထားသည်။ ထို့ကြောင့် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဖြစ်ခဲ့ပါက ကော်တင်ဟိုအတွက် လီဗာပူးအား အပိုဆောင်းဆုကြေးထပ်ပေးရမည်ဖြစ်သည်။