images
UN
UN
ဘာစီလိုနာနည်းပြဖြစ်လာမည်ဟု ပိုချက်တီနိုရေပန်းစားလာ
Ref; Marca Saturday, 15 August 2020
စပါးနည်းပြဟောင်း ပိုချက် တီနိုသည် ဘာစီလိုနာနည်းပြဖြစ် လာရန် ရေပန်းစားဆုံးဖြစ်လာ သည်။ ဘိုင်ယန်မြူးနစ်အား ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီ လိုနာနည်းပြအဖြစ်မှ ဆက်တီရန် ထုတ်ပယ်ခံရမည့်အခြေအနေမှာ သေချာသလောက်ရှိလာသည်။ စပိန်မီဒီယာများကလည်း ဘာစီ လိုနာဘုတ်အဖွဲ့အနေဖြင့် နည်းပြ ဆက်တီရန်အား ထုတ်ပယ်ရန် ဆုံး ဖြတ်ထားပြီးဖြစ်သည်ဟု ဖော်ပြ လျက်ရှိသည်။
စပါးနည်းပြပိုချက်တီနိုသည် အသင်းကြီးများစွာနှင့် သတင်း ထွက်ခဲ့သော်လည်း လက်ရှိအချိန် ထိ အသင်းလက်မဲ့ဖြစ်နေဆဲဖြစ် သည်။ ပိုချက်တီနိုသည် ဘာစီ လိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသူ ဖြစ်ပြီး ယခုတစ်ပတ်အစောပိုင်း တွင် ၄င်းတို့နှစ်ဦး အတူညစာစား ခဲ့ကြသည်ဆိုသော ဖော်ပြမှုများရှိ လာပြီးနောက် ယခုကဲ့သို့ ရေပန်း စားမှုမြင့်တက်လာခြင်းလည်းဖြစ် သည်။ လက်ရှိတွင် ဘာစီလိုနာ ဥက္ကဋ္ဌဘာတိုမူသည် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူဖြစ် သည်။ ၄င်း၏လက်ကျန်သက်တမ်း အတွင်း အောင်မြင်မှုဖော်ဆောင် ပေးနိုင်မှသာ ဥက္ကဋ္ဌသစ်ရွေးကောက် ပွဲအတွက် အခြေအနေကောင်းမည် ဖြစ်သည်။