images
UN
UN
တလွဲအတွေး တလွဲအမြင် ဆင်ခြင်ပါ
ခြိမ့်နိုင် Saturday, 22 August 2020
ဒီနေ့ FB လိုင်းပေါ်မှာဖတ်နေကြရ သည်။
အင်အားကြီးပါတီ နှစ်ရပ်အပြင် နောက်ထပ် နာမည်ရလူသိများပါတီ နှစ်ခုကို အပြစ်ပြောတိုက်ခိုက်ဝေဖန် ပလူပျံအောင်ဖတ်နေရ၏။ ဝေဖန်သည့် အခါ အကြောင်းအရာသည် တကယ်မှန် သလား မှားသလားလည်း သိချင်မှ သိမည်။
အဲဒီလိုဝေဖန်တိုက်ခိုက်ရေးသားကြ သူတွေကိုကြည့်လိုက်တော့ ပါတီထိပ်ပိုင်း အရာရောက်သူတွေက ပြောခြင်းမဟုတ် ဘဲ ကိုယ့်ရပ်တည်မှုအင်အားဘက်တော် သားပါတီကို ထောက်ခံအားပေးသူများ က မိမိလိုလားရာဘက်မှ မလိုလား ရာအဖွဲ့သို့ဖိနှိပ်ရှုတ်ချကဲ့ရဲ့ခြင်းဖြစ်သည်။ အချို့ယဉ်ကျေးမှုမဲ့လွန်းသူတွေက မသင့် လျော်ရာနှင့်ခိုင်းနှိုင်းပြကြ ဆဲရေးကြ တတ်၏။
ဖုန်းတွေလွယ်ကူအဆင်ပြေသုံးနိုင် တော့မှ လိုင်းပေါ်တက်၊ ရန်တွေဖြစ် အပုပ်ချ ဆဲရေးကြ ရိုင်းစိုင်းတဲ့ဘဝတွေ ကြေညာဖော်ပြနေသလိုပင်တည့်။
ဒီနေ့အများဆုံးပြေးမလွတ်အောင် အပြစ်ပြော ခနဲ့ရွဲ့ပြီးရေးသားခံရသူတွေ ကြည့်လိုက်တော့ မိမိထက် အသက်ရော ဂုဏ်ရောကြီးမားကြပြီး နိုင်ငံ့ခေါင်း ဆောင်နေရာမှာ ထိပ်ပိုင်းမှာတာဝန်ထမ်း ဆောင်ဆဲနှင့် ထမ်းဆောင်ပြီး အငြိမ်းစား ယူနေသူများပင်ဖြစ်သည်။
ဆိုလိုရင်းမှာ ပြောစရာရှိ ဝေဖန် စရာရှိက ပြောသင့်ပါသည်။ ပြောနိုင်ပါ သည်။ သို့ရာတွင် ယဉ်ကျေးစွာ ပြောသင့် ပါသည်။ အကျိုးအကြောင်းကို ခိုင်မာ တိကျစွာဖော်ပြနိုင်ပါက အပြုသဘော
ဆောင်မှုဖြင့် အများအကျိုးရှိစေရန် ယဉ် ကျေးစွာ၊ သိက္ခာရှိစွာရေးသားခြင်းဖြင့် တန်ဖိုးရှိစေပါမည်။ လူ့သိက္ခာမြင့်မား သော နိုင်ငံကြီးသားဘဝကို ပြသရာ ရောက်ပါမည်။
နောက် လူတွေမစဉ်းစားသည့် အချက်မှာ ကိုယ့်ဘက်ကသာအောင် သူ့ ဘက်နာအောင် ပြောဆိုရှုတ်ချကဲ့ရဲ့ရေး သားရာမှာ ဆဲဆိုခြင်း မဟုတ်မဟတ်ပုံ တွေဖြင့် အဂါရဝအရာမြောက်ဖော်ပြ ခြင်းကို မြင်တွေ့မိ၊ ဖတ်လိုက်မိသည့် အဆိုပါပုဂ္ဂိုလ်ကြီးငယ်တို့သည် တကယ် ပဲသူတို့ (ရေးသားတိုက်ခိုက်သူ) လိုပင် မုန်းပါ့မလား၊ ဆဲချင်ပါ့မလား၊ အထင် သေးပါ့မလား။ ရေးသူကရိုင်းတိုင်း ဖတ် သူတိုင်းကမရိုင်းကြပါ။ရေးသူက အဆင့် မရှိတိုင်း ဖတ်သူတွေက အဆင့်မနိမ့်ကြ ပါ။ သို့ဆိုပါလျှင် တစ်ဖက်သားကိုရိုင်း စိုင်းစွာဖော်ပြနှိမ်ချတိုင်း အခြားတစ်ဖက် မှာ မနိမ့်ကျသွားပါ။ ပြောသူ၊ ရေးသူ သာယဉ်ကျေးမှုအဆင့်မရှိကြောင်း သိ သင့်ပါသည်။
နောက် အလွဲ အတွေးအခေါ်အမြင် ဖြင့် အသိလွဲနေပုံမှာ စာရေးသူတို့ နယ်မြို့ လေးမှာဆိုင်ကယ်စီးလျှင် စည်းကမ်းနှင့် အညီမောင်းနှင်ရန် ယာဉ်ထိန်းအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရာ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းစေရပါသည်။ ဦးထုပ် မဆောင်းပါက မတော်တဆတိုက်မိခိုက် မိဖြစ်ခဲ့သော် ဦးခေါင်းကိုထိမိခိုက်မိပြီး အသက်အန္တရာယ်ဖြစ်နိုင်ပါသောကြောင့် ယာဉ်မောင်းပါက ဦးထုပ်ဆောင်းဖို့ ညွှန် ကြားထားခြင်းဖြစ်သည်။ ယာဉ်မောင်း သူများက စည်းကမ်းလိုက်နာမှု ရှိမရှိကို လမ်းထိပ်လမ်းဆုံကစောင့်၍ ဖမ်းကြ၏။
ထိုအခါ ခရီးသွားသူတို့အချင်းချင်း ယာဉ်မောင်းသူအချင်းချင်း ဦးထုပ်မပါဘဲ စီးလာသူတွေကိုတွေ့သော် ''ဟေ့ အရှေ့ မှာဦးထုပ်တွေဖမ်းနေတယ်'' ဖမ်းနေ တယ်ဟု သတိပေးကြသည်။

ထိုအခါ ဦးထုပ်မပါသူတွေက ပြန် လှည့်မောင်းပြေးတတ်ကြသည်။ ဤတွင် သတိပေး၊ သတင်းပေးသူကလည်း သူ အများအတွက် တာဝန်ကျေသူဟုထင်ပုံ ရသည်။ သူသာသတိမပေးလျှင် ယာဉ် ထိန်းရဲ အဖမ်းခံရတော့မည်။ ဒဏ်ရိုက်ခံ ထိပေတော့မည်။
ဒါကြောင့် သူအများအတွက် တာဝန် ကျေသည်ဟုထင်ပုံရသည်။ သူ့လုပ်ရပ် မှန်သည်ဟုခံယူ၍ အမြဲတမ်း ထိုသို့ပြု လေ့ရှိ၏။ ဤသို့ဖြင့် စိစစ် ရှောင်တခင် ဖမ်းခြင်းကို ရှောင်တိမ်းသွားနိုင်ခြင်း ကိုပင် မှန်သလိုထင်နေ၏။ ထို့ကြောင့် ယာဉ်စည်းကမ်း လိုက်နာမှုလျော့နည်း လာပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှု ကြောင့် ထိခိုက်မှု ပြင်းထန်စွာခံစားရခြင်း အဆင်မသင့်ပါက ဦးခေါင်းအကာ အကွယ်မဲ့ထိခိုက်မှုကြောင့် အသက်ဆုံးရှုံး သည်အထိ ဖြစ်ရပေသည်။
ထိုဖြစ်ရပ်သည် တလွဲ အတွေးဖြင့် အမှန်ထင်နေကြသူတို့၏အသိမဲ့အကျင့် ပျက်ခြင်းကြောင့်ပင်တည့်။
ယခုလောလောဆယ်ကာလ COVID-19 ရောဂါသည်စိတ်ချရသည့်အခြေအနေ ထိ မရောက်သေးပါ။ အစဉ်အမြဲ အသိနဲ့ သတိထားပြီး ကျန်းမာရေးဆိုင်ရာ လမ်း ညွှန်မှုတွေကိုလိုက်နာနိုင်မှသာ ဒုတိယ တစ်ကျော့ပြန်ကူးစက်မှုဘေး ကင်းပေ လိမ့်မည်။ အများပြည်သူများ သိရှိ လိုက်နာစေဖို့လည်း မီဒီယာကဏ္ဍမှ နေ့ စဉ် ပြန်ကြားအသိပေးနေပါသည်။ပြည်သူများနေ့စဉ်စားဝတ်နေရေး ဝမ်း ရေးအတွက် ရှိနေသေးတော့ အိမ်မှာ အမြဲမနေနိုင်ဘဲ အပြင်ထွက်ရ အလုပ် လုပ်ရ ဈေးရောင်းရပေလိမ့်မည်။ ထိုအခါ အပြင်ထွက်လျှင် ပါးစပ်နှာခေါင်းစည်း (Mask) တပ်ရန်၊ ဈေးသည်များလည်း Maskတပ်ရောင်းရန်၊ ဈေးဝယ်သူတွေ လည်းတပ်ရန် စသည်ဖြင့် စည်းကမ်း ချက်ထုတ်ထားလေသည်။ ခက်သည်က စာရေးသူတို့လူမျိုးသည် အလွန်ပေါ့ သည်။ ရောဂါကို တကယ် ထိထိမိမိ မတွေ့သေးတော့ မကြောက်တတ်ကြ။ရောဂါစဖြစ်ခါစ နိုင်ငံရပ်ခြား တိုင်းပြည် တွေမှာဖြစ်တော့ လမ်းမတွေအပေါ်မှာ ပင်အတုံးအရုံးလဲကျသေကြသည့် အလွန် ထိတ်လန့်ကြောက်ရွံ့စဖွယ်ကာလမှာသာ စာရေးသူတို့ ကြောက်စိတ်ဝင်မိ၊ စိုးရိမ်မိ ပြီး သက်ဆိုင်ရာ၏လမ်းညွှန်ချက်အတိုင်း လိုက်နာလေ့ရှိ၏။
ယခု စာရေးသူတို့ အတွက် အထူးကံကောင်းလွန်းလှ၏။ အခြား နိုင်ငံခြားတိုင်းပြည်တွေမှာလို အဖြစ်မဆိုး ကိုယ်ကျိုးမနည်းပါ။
တိုင်းပြည်၏ ကပ်ဘေးအန္တရာယ်ကို ပူးပေါင်းဆောင်ရွက်မှု ပြည်သူပြည်သား လူသားအချင်းချင်းစေတနာမေတ္တာ ထားပြီးပေါင်းစပ်ကူညီနွေးထွေးမှုဖြင့် လို အပ်ချက်တွေ ပြည့်ဝပြီးကုသရာ၊ ကာ ကွယ်ရာ၊ စောင့်ရှောက်မှုပေးရာမှာ ထိ ရောက်အောင်မြင်ခဲ့၍ ကပ်ရောဂါဘေး ဒဏ် အထိမနာခဲ့ရခြင်းဖြစ်ပါသည် (အထူးကျေးဇူးတရားထားအသိ အမှတ် ပြုဂုဏ်ယူဖို့ကောင်းသည့် ပုဂ္ဂိုလ်များမှာ ကပ်ရောဂါ တိုက်ပွဲဝင် ကျန်းမာရေးဌာန ဝန်ထမ်းအဆင့်ဆင့်သော ပညာရှင်များ ပင်) ဆိုလိုရင်းဆက်ပါရစေ။ ယနေ့ လူတွေ ကြောက်စိတ်လျော့ရဲ စည်းကမ်း လျော့ရဲနေကြပါသည်။ ဆပ်ပြာဖြင့် လက်ဆေးပါ။ လူစုလူဝေးနှင့် မနေပါနဲ့ ဆိုလည်း လက်မဆေးကြ။ စားသောက် ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ လူစု လူဝေး အုပ်စုလိုက် စားသောက်မပျက်၊ စကားပြောမပျက်၊ လက်ဆေးဖို့တော့ ဆိုင်ရှင်က နေရာလုပ် ပြင်ထားပါလျက် ဆိုင်ထဲဝင်လာသူတိုင်း လက်ဆေးတာ မတွေ့။ထို့အတူ အပြင်ထွက်လျှင် Maskတပ်ရမည်။ စည်းကမ်းထား၍ လိုက်နာ မှုမရှိက အပြစ်ဒဏ်ပေးဖို့ သက်ဆိုင်ရာ ကနှိုးဆော် ဆောင်ရွက်ကြသည်။ လမ်းဆုံ မှာ စောင့်၍စစ်ဆေးကြသည် ဈေးထဲ လှည့်၍ စစ်ဆေးကြသည်။ စာရေးသူ တို့လူမျိုးက တလွဲဆံပင်ကောင်းကြ သည်။ ဘာကြောင့် ဤသို့ စစ်ဆေးရ သည်၊ ဘယ်လိုအန္တရာယ်ရှိလို့ စစ်ဆေး ရသည်ကို အမှန်မသိ တလွဲအသိ တွေးမိ ပုံရသည်။ ထို့ကြောင့် လမ်းမှာဆိုလည်း Mask ဖမ်းနေတယ်လို့ အော်ပြီးသတိ ပေးကြ ရှောင်တိမ်းဖို့ အချက်ပြကြ၏။ ဈေးထဲမှာလည်း ထို့အတူပင် တာဝန်ရှိ သူများ ဈေးထဲဝင်လာသည်နှင့် Mask မက်စ်တပ်တပ် ဟိုမှာလာနေပြီ လာနေပြီ'' အသံပေးလိုက်သည်နှင့် အိတ်ထဲမှာပါလာ သည့် Mask ကို ထုတ်တပ်လိုက်သည်။စာရေးသူတို့ပြည်သူတွေ မခက်ပေဘူး လား။ အသိတလွဲဖြစ်နေပါကလား။ Mask တပ်ခြင်းသည် ရောဂါကူးစက်မှု မဖြစ်အောင် အကောင်းဆုံးကာကွယ်မှုပင်။ ဒါကို ကိုယ့်မှာရှိပါလျက်မတပ်။ ဖြုတ် ထားသည်။ လိုက်စစ်သည် ဒဏ်တပ် မည်ဆိုကာမှအမြန်ပြန်တပ်သည်။ ဒဏ် ရိုက်ခံရမှာကိုသာကြောက်တတ်သည်။ရောဂါဘေးဖြစ်မှာမကြောက်တတ်ကြ။
ရောဂါကူးစက်မှုမဖြစ်အောင် Mask တပ်ကြပါဟု အချင်းချင်း သတိပေးဖို့ မစဉ်းစား။ ''စည်ပင်က ဖမ်းနေတယ်၊ လာပြီ ဟိုမှာ လာပြီ''ဟု အဖမ်းမခံရ အောင် သတိပေးဖို့တော့ အဓိကအမိအရ တာဝန်ကျေကြသည်။ အသိတလွဲ အမြင် စူးရှနေသူများကြောင့် အမှန်တရား မှုန် ဝါးဝါးဖြစ်ပြီး တလွဲဆံပင်ကောင်းနေ လျက် အောင်မြင်မှုများနှင့် ဝေးပြီးရင်း ဝေးနေမည်ကို စိုးမိပါကြောင်း တင်ပြ လိုက်ပါသည်။