images
UN
UN
ကျားအောင်းတောင်သို့ ရောက်ခဲ့သည်
မြင့်စိုး(နတလ) Tuesday, 25 August 2020
ငယ်စဉ်တောင်ကျေး ကလေးဘဝက တည်းက ကျားအောင်းတောင်သို့ ရောက်ဖူးခဲ့သည်။ တစ်ခေါက်လား၊ နှစ် ခေါက်လားဆိုတာ သေချာမမှတ်မိတော့ သလို ထိုစဉ်က ကျားခေါင်းဂူလို့ ခေါ်သ လား၊ ကျားအောင်းဂူလို့ပဲ ခေါ်ကြသ လားလည်း မသိတော့။ နာမည်အမှန်က တော့ ကျားအောင်းတောင် ရှေးဟောင်း သာသနနယ်မြေဟု ကမ္ပည်းတင်ရေးထိုး ထားကြောင်းတွေ့ခဲ့ရသည်။ ကျားအောင်း တောင်သည် စာရေးသူဇာတိ စိန်တောင် ရွာနှင့် ဝေးလှသည်မဟုတ်ပါ။ လေးမျက် နှာမြို့နယ် အနောက်ခြမ်းဒေသစိန်တောင် မှ နတ္ထမင်းကုန်း၊ ထုံးဘို၊ စောပြာ၊ မှန် တန်းမှတစ်ဆင့် ကညင်တိုင်းရွာကို လွန် သည်နှင့်ကျားအောင်းတောင်ရှေးဟောင်း သာသနနယ်မြေသို့ရောက်ပါပြီ။ တောင် ခြေအထိ ဆိုင်ကယ်လမ်းပေါက်သည်။ တောင်ခြေမရောက်ခင် ကညင်တိုင်းရွာ အထွက်မှာကတည်းက ရွှေသင်္ကန်းတ ဝင်းဝင်းနှင့် စေတီတော်ကြီးတစ်ဆူကို လှမ်းမျှော်ဖူးတွေ့နေရပြီဖြစ်၏။ စေတီ တော်ကြီး၏ ဘွဲ့အမည်မှာ ''ဒီပါထူး ဆုတောင်းပြည့်စေတီတော်'' ဟူ၍ ဖြစ်သည်။ ဟိုတစ်ချိန်ရောက်စဉ် ကာလ မှာ ယခုလောက်Óဏ်တော်အမြင့်နှင့် စေတီမရှိသည်ကတော့ အလွန်သေချာ ပါသည်။
စေတီတော်အနီးစိုက်ထူထားသော ကမ္ပည်းမော်ကွန်းကျောက်စာတိုင်မှာ ရေး ထိုးထားသည်ကတော့ ''ကျားအောင်း တောင် သာသနနယ်မြေသို့''ပိန္နဲကွင်းကျေး ရွာဘက်ရှိ ကမ်းပြိုတောင်တွင် သီတင်း သုံးနေထိုင်သည့်ဆရာတော်ကြီးဦးကလျာ ဏလည်းြ<ွကရောက်တရားအားထုတ်ခဲ့ဖူး ကြောင်း၊ ထိုအချိန်ကာလကတည်းက ကျားအောင်းတောင်လိုဏ်ဂူများအတွင်းရှိ ၂၈ဆူသော ရုပ်ပွားတော်များကို မုဒြာ အမျိုးမျိုးနှင့် ဖူးတွေ့နိုင်ကြောင်း၊ ယင်း နောက် တိဂုံပဟုဘွဲ့မည်ရသည့်ကပ်ကျော် စေတီကိုတည်ထားကိုးကွယ်ခဲ့ကြကြောင်း၊ ယင်းတိဂုံပစေတီတော်သည် နှစ်ကြိမ် တိုင်တိုင် ယိုယွင်းပြိုပျက်ခဲ့သောကြောင့် Óဏ်တော်အမြင့် ၃၆ တောင်ရှိ ယခု ဒီပါထူးဆုတောင်းပြည့်စေတီတော်ကြီး အား အဘအောင်မင်းရှင်က ဦးဆောင်၍ ခုနစ်ရက်သားသမီးများ၏ အလှူဒါနဖြင့် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် ပန္နက်တင်မင်္ဂလာပြုလုပ်ခြင်း၊ ထိုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် အုတ် မြစ်တော်ချခြင်းနှင့် အောင်ဌာပနာတော် သွင်းခြင်း၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရွှေထီးတော်တင်လှူပူ ဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါ သည်။ စေတီတော်ကြီးအား တင့်တယ် သပ္ပာယ်စွာဖူးတွေ့ခဲ့ရ၏။ အဘအောင် မင်းရှင်ကား ကွယ်လွန်ခဲ့ပေပြီ။


ကျားအောင်းတောင်သို့ ရောက်ချင်ဖူး ချင်နေသော စာရေးသူ၏ ဆန္ဒကိုကူညီ ဖြည့်ဆည်းပေးသူမှာ စောပြာကျေးရွာ မှ စာရေးသူ၏ ညီတစ်ဝမ်းကွဲတော်သူ ကိုကျော်ဦးဖြစ်သည်။ သူက ဆိုင်ကယ် ဖြင့် လိုက်ပို့ပေးခြင်းဖြစ်၏။ ကျောက်ဂူ များအတွင်းရှိ ရုပ်ပွားတော်များကို ဝင် ရောက်ဖူးမြော်ရင်း မွန်းတည့်ဂူအကြောင်း ကို သူကစကားစလာသည်။ စာရေးသူ အား မွန်းတည့်ဂူကို ပြသနိုင်ရန်အတွက် ရှာဖွေကြည့်သော်လည်း မတွေ့ရတော့ ချေ။ ဇော်ဂျီဆေးကြိတ်သည့်နေရာကို လည်းမရောက်တော့။ ရှာရင်းဖွေရင်းနှင့် အနောက်ဘက်ဆင်ခြေလျှောရှိ ကျောင်း ဆောင်ငယ်လေးမှာ သီတင်းသုံးနေထိုင် လျက်ရှိသည့် ဦးပဉ္စင်းဦးကုသလကို ဖူး တွေ့ရသောအခါကျမှ မွန်းတည့်ဂူ အကြောင်း စုံစုံလင်လင်သိခွင့်ရခဲ့သည်။အသက် ၇ဝ ကျော် ၈ဝ ခန့်အရွယ်ရှိ ဒါယကာကြီးအချို့ ကျားအောင်းတောင် သို့ ရောက်ရှိလာကြကာ သူတို့ငယ်စဉ်က ဝင်ရောက်ကြည့်ရှုခဲ့ဖူးသော မွန်းတည့်ဂူ ကို ရှာဖွေကြည့်ကြသော်လည်း မတွေ့ရ တော့ကြောင်း၊ ပိတ်ဆို့ပျောက်ကွယ်သွားပုံ ရကြောင်း၊ ရှေးယခင်က ကျောက်တိုင် တံဆိပ်ဖယောင်းတိုင် ၃၂တိုင်ပါ အထုပ် ကိုထွန်းညှိဝင်ရောက်ခဲ့ကြရာ ဖယောင်း တိုင်များကုန်သွားသည့်တိုင် ဂူကမဆုံး သေးကြောင်း၊ ဂူအစတွင် ကျဉ်းမြောင်း သဖြင့် လေးဖက်တွား၍ဝင်ရပြီး အထဲ ရောက်သောအခါ တဖြည်းဖြည်းကျယ် သွားကာ မတ်တတ်ရပ်လျှောက်သွားနိုင် ကြောင်း၊ ဂူအဆုံးနေရာသို့ရောက်သော အခါ ခေါင်မိုးဆီမှာ အပေါက်ငယ်လေး တစ်ခုရှိနေပြီး မွန်းတည့်ချိန်၌ထိုအပေါက် လေးဆီမှ နေရောင်ဝင်လာတတ်သော ကြောင့် မွန်းတည့်ဂူဟု ခေါ်တွင်ကြခြင်း ဖြစ်ကြောင်း၊ အထူးခြားဆုံးအချက်မှာ ထိုနေရာ၌ ရဟန်းတော်များ တရားကျင့် ကြံအားထုတ်ခဲ့ဖူးသော လက္ခဏာဖြစ် သည့် သပိတ်၊ တောင်ဝှေး၊ ယပ်၊ ပလ္လင် များ တွေ့ရှိခဲ့ဖူးကြောင်း ကြားသိခဲ့ရပါ သည်။ အရှင်ကုသလက ဇော်ဂျီဆေး ကြိတ်သောနေရာကို လိုက်လံပြသပေး မည်ဟု မိန့်ကြားခဲ့သော်လည်း မိုးဖွဲဖွဲကျ နေသောကြောင့် လိုက်မပို့ပါရန် ပြန်လည် လျှောက်ထားခဲ့ရ၏။
ဦးပဉ္စင်းအား နဝကမ္မဝတ္ထုငွေများ ကပ်လှူပြီးသောအခါ အလာတုန်းက တက်ခဲ့ကြသည့် စောင်းတန်းရှိရာသို့ပြန် လည်ထွက်ခွာခဲ့ကြသည်။ ထိုစောင်းတန်း ထိပ်တွင် ကညင်တိုင်းရွာသူ ခြောက်ဦးခန့် ထိုင်နေသည်ကိုတွေ့ရ၍ နှုတ်ဆက်လိုက် ပါသည်။သူတို့သည်ကျားအောင်းတောင် အနောက်ဘက်ရှိ ထုံးကျောက်တောင်မှ ထွက်ရှိသော ကျောက်မီးဖိုများကို သယ် ယူရောင်းချနေသည့်အဖွဲ့ဖြစ်သည်။ မီးဖို ပြုလုပ်နေသည့်နေရာမှာ ကျပ် ၈ဝဝဖြင့် ဝယ်ယူရရှိနိုင်ပြီး ထိုမှငါးသိုင်းချောင်းလို နေရာမျိုးအထိတင်ပို့နိုင်လျှင် ကျပ် ၂ဝဝဝ၊ ကျပ် ၃ဝဝဝအထိရကြောင်းပြောပြကြ ၏။ ထင်းမီးဖို၊ စပါးခွံမီးဖို၊ မီးသွေးမီးဖို ဟူ၍ အမျိုးမျိုးပြုလုပ်ကြရာ မိုးတွင်း ကာလမှာတော့ ထုံးကျောက်များအစို ဓာတ်ဝင်သဖြင့် အလုပ်မတွင်ကြောင်း သိရသည်။ သူတို့တစ်တွေကတော့ မီးဖို များကို ခေါင်းဖြင့်ရွက်၍ ကျားအောင်း တောင်၏ တောင်ခြေသို့ရောက်အောင် သယ်ယူသူများဖြစ်ကြသည်။ ကညင် တိုင်းရွာအထိ သယ်ယူနိုင်လျှင်ပင် တစ် လုံးကို ကျပ်၁၂ဝဝ ရရှိကြမည်ဖြစ်၏။ ကညင်တိုင်းရွာမှ ဆိုင်ကယ်များ၊ ဂွမ် ဒေါင်းများ၊ အချို့ကချောင်းအတိုင်း စက် လှေများဖြင့် ဆက်လက်သယ်ယူရောင်းချ ကြသည်။ ဆိုင်ကယ်တစ်စီးမှာ ဝဲယာ ဝါးလုံးဖြင့်လျှို၍ မီးဖို ၁၄ လုံးအထိ သယ်ယူသူများကိုကြည့်လျက် အံ့သြခဲ့ရ သေး၏။
တန်ဆောင်း၌ အမောဖြေရင်းထိုင်နေ ကြသူ ထိုအမျိုးသမီးများမှာ ကညင်တိုင်း ရွာသူများ ဖြစ်နေကြသောကြောင့် နှုတ် ဆက်စကားဆိုရင်း ယခုနှစ်တက္ကသိုလ် ဝင်စာမေးပွဲ၌ လေးမျက်နှာ တစ်မြို့နယ် လုံးတွင် ဒုတိယအောင်ချက်အကောင်း ဆုံးရအောင် သင်ကြားစီမံခဲ့သည့် ဆရာမ ကြီး ဒေါ်ခင်ချိုချိုမြင့်နှင့် ဆရာ၊ဆရာမ များ၊ ကညင်တိုင်းအထကခွဲမှ ကျောင်း သား၊ ကျောင်းသူများအား ဂုဏ်ပြုပါ ကြောင်း အမှာစကားပါးလိုက်သည်။ ချက်ချင်းတော့ သူတို့မမှတ်မိ၊ ထို့နောက် မှ သူတို့အထဲမှတစ်ဦးက မှတ်မိသွားပုံရ သည်။ သိပြီ၊ သိပြီ ဟိုတစ်ခေါက်က ကျောင်းကိုစာအုပ်တွေလာလှူပြီး ၉တန်း၊ ၁ဝတန်းကလေးတွေကို နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်က တက္ကသိုလ်/ ကောလိပ်တွေအကြောင်း ရှင်းပြသွားတဲ့ ဆရာကြီး၊ ရွာထဲက ဦးအောင်မင်းလိုင်း ပေါ်မှာတင်ထားလို့ ကျွန်မတို့မြင်ဖူးနေ တာ...တဲ့။ စာရေးသူဝမ်းသာပါသည်။ စာရေးသူ မည်သည့်ကိစ္စအတွက် လေး မျက်နှာမြို့နယ်အတွင်း ပြန်လည်ရောက်ရှိ နေခြင်းအား သူတို့ကို အထူးတလည် ရှင်းပြရန် မလိုတော့ချေ။