images
UN
UN
ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ကျရေး ဘယ်လိုဆောင်ရွက်ကြမှာလဲ
ဒဂုံသန်းမြင့် Wednesday, 02 September 2020
၂ဝ၂ဝ သြဂုတ်လ ၁၇/၂၃ရက်နေ့ ထုတ် နိုင်ငံတကာသတင်းဂျာနယ်တွင် ''တရုတ်နိုင်ငံက ဆင်းရဲမွဲတေမှုပပျောက် ဖို့ ဘယ်လိုကြိုးပမ်းဆောင်ရွက်နေကြ သလဲ''ဆိုသည့် သတင်းဆောင်းပါးကို ဖတ်မိသဖြင့် ဒီမိုကရေစီအစိုးရ ပထမ သက်တမ်းတွင်တာဝန်ယူခဲ့သည့် သမ္မတ ကြီး ဦးသိန်းစိန်အစိုးရသည် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆောင်ရွက်သည့်စီမံကိန်းကို ပြန်၍သတိရမိပါသည်။
တစ်ချိန်တည်းမှာပင်ဒီမိုကရေစီအစိုးရ တတိယသက်တမ်း ရွေးကောက်တင် မြှောက်ပွဲအတွက် နိုင်ငံရေးပါတီများက လူထုတွေ့ဆုံ၊ စည်းရုံးဟောပြောပွဲများ အတွက် ကြိုတင်ပြင်ဆင်လျက်လည်းရှိ နေချိန်ဖြစ်သည်။ ပါတီတို့ပါတီမှ ဝင် ရောက်ရွေးချယ်ခံကြမည့်ပါတီကိုယ်စား လှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ် စားလှယ်လောင်းများကိုလည်း လျာထား အမည်စာရင်းများ တင်သွင်းပြီးဖြစ် လေသည်။
ပါတီများသည် မိမိတို့ပါတီ၏ မူဝါဒ များ၊ ကတိကဝတ်များကိုလည်း ပြည်သူ လူထုထံတင်ပြရန်အတွက် ပြင်ဆင်ရေးဆွဲ ထားပြီးလည်း ဖြစ်သည်။ မည်သို့ဆိုစေ ပြည်သူများက မိမိတို့နိုင်ငံ၏ ကံကြမ္မာ၊ မိမိတို့နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ကြီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေးတို့ မည်သို့ စီမံ၊ မည်သို့ဆောင်ရွက်ပေးမည်ဆိုသည် ကိုလည်း မျှော်လင့်ချက်ရောင်ခြည်လေး၊ တဒင်္ဂ မျှော်လင့်ချက်စိတ်ခံစားမှုလေး ရလိုရငြားနားထောင်ကြမည်။ စဉ်းစား ဝေဖန်သုံးသပ်ကြမည်သာ ဖြစ်လေသည်။
တရုတ်နိုင်ငံအစိုးရအား တစ်ပါတီ အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံ၊ ဒီမို ကရေစီအစိုးရမဟုတ်သောနိုင်ငံဟု အော် ဟစ်ပြောဆိုနေကြသော်လည်း တရုတ် နိုင်ငံအစိုးရ၏တိုးတက်မှုမှာ စီးပွားရေး တစ်ခုတည်းတွင် မဟုတ်ပါ။ ပညာရေး၊ ကျန်းမာရေး၊ အခြေခံစီးပွားရေး၊ စစ်မှု ရေးရာတို့တွင် ကမ္ဘာ့နံပါတ်တစ်အဆင့် ကိုရယူရန် အလှမ်းမဝေးလှပေ။ ဒီမိုက ရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန်သည် ပင်လျှင် ရာဇပလ္လင်ထက်မှ တစ်ဆင့် လျှောကျမည့်အရေးကို မနည်းကြီး ရုန်း ကန်နေရသည်။ ပြိုင်ဆိုင်နေရသည်ဟု မြင်မိပါသည်။
တရုတ်နိုင်ငံသည် လူဦးရေသန်း ပေါင်း ၁၄ဝဝ ကျော်ရှိသည်ဟု ဆိုသည်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဟုလည်း ဆိုသည်။ ထိုကဲ့သို့သော လူဦးရေသန်း တစ်ထောင်ကျော်နိုင်ငံက ဆင်းရဲမွဲတေမှု ပပျောက်ရေး မည်သို့ စီမံချက်ဆောင် ရွက်နေသည်မှာ စိတ်ဝင်စားဖွယ်၊ အတု ယူဖွယ်ပင်ဖြစ်သည်။
ဆရာဝင်းသူအောင်(သုတေသန)က Xinhua News နှင့်Beijing Review တို့အား ဘာသာပြန်ဆိုထားသည်ဟု ဆို ထားပါသည်။ မြန်မာပြည်သူများအားကျ၊ အတုယူ၊ နမူနာအဖြစ်ထားရန် ထုတ်နုတ် ၍ တင်ပြအပ်ပါသည်။ ဆိုရသော် မြန်မာ နိုင်ငံသည် လူဦးရေ ၅၄ သန်းမျှသာရှိ သည်။ နိုင်ငံအကျယ်အဝန်းနှင့် လူဦးရေ မျှတသည့် ရာသီဥတုနှင့် သဘာဝကပ် ဘေးထူပြောသည်ဟုမဆိုနိုင်၊စိုက်ပျိုးရေး မြေ၊ နေထိုင်စရာ မြေများစွာ ရှိနေသည်။ သစ်တော၊ သယံဇာတစသည်တို့က လည်း ရှားပါး၊ ခေါင်းပါးသည်ဟု မဆို နိုင်ပါ။ နိုင်ငံ၏စနစ်၊ လူတို့၏အသိပညာ၊ အတတ်ပညာ၊ နေထိုင်သူတိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်မှုစသည် တို့သာ အဓိကလည်းကျ၊ ပဓာနလည်း ဖြစ်ပါသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ် နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုပပျောက်ရေး ဟာ ၄င်း၏အဓိကရည်မှန်းချက်ဖြစ်သည် ဟု ပြောပါသည်။ ၂ဝ၁၂ခုနှစ် နောက်ပိုင်း ဆင်းရဲမွဲတေမှုပပျောက်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြင့်ဆောင်ရွက်ခဲ့သည်။ ၂ဝ၂ဝ တွင် နိုင်ငံသားတိုင်းဆင်းရဲမှု ပပျောက်စေရမည်ဟု ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သည်။
ငါးနှစ်စီမံကိန်း ၁၃ကြိမ်မြောက်တွင် လုံးဝပပျောက်ရမည်ဟုလည်း ဆိုထား ပါသည်။ ၂ဝ၁၂ခုတွင် ဆင်းရဲမွဲတေသူ ၉၉ သန်းရှိရာမှ ၂ဝ၁၈ တွင် ၁၆ဒသမ ၆သန်းသာ ကျန်တော့သည်။ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ဝ၁၉ခုနှစ် အတွင်း အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေသည့်အချိန်မှာပင် ၆ ဒသမ ၅ရာခိုင်နှုန်းရှိသည်ဟု ဆိုပါသည်။ တစ်ဦးချင်းဝင်ငွေကိုလည်း ၂ဝ၂ဝတွင် ၂ဝ၁ဝထက်နှစ်ဆရရှိရန် ကြိုးပမ်းနေချိန် ဖြစ်သည်။ ၂ဝ၁၃တွင် စတင်ခဲ့သော ရှီ ကျင့်ဖျင်၏ OBOR ရပ်ဝန်းနှင့် ပိုးလမ်း မစီမံကိန်းသည် ယင်းစီမံချက်အတွက် ဖြစ်သည်ဟု ဆိုသည်။

ဆင်းရဲမွဲတေမှုပပျောက်ရေးမူဝါဒတွင် ပညာရေးသည် အရေးပါသည်ဟု ခံယူ သည်။ လက်တွေ့တွင် လုပ်ငန်းခွင်အမျိုး မျိုး၌ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်မြှင့် တင်မှုကိုဖြစ်စေသည့် ပညာရေးစနစ်ကို ကျင့်သုံးလေသည်။ ဆင်းရဲမွဲတေမှုပ ပျောက်ရေးတွင် ပညာရေးသည် အဓိက ကျသည်ဟုခံယူသည်။ ကျေးလက်ဒေသ များတွင် ပညာရေးမြှင့်တင်မှုကို ဇောင်း ပေးဆောင်ရွက်လျက်ရှိသည်။ စီးပွားရေး ကိုအထောက်အကူပြုသည့်ပညာရေးမူဝါဒ ကိုကျင့်သုံးသည်။ ကျေးလက်ဒေသတွင် ပညာရေးကို အခြေခံအဆင့်ပညာရေး၌ ဆုံးခန်းတိုင်စေသည်။ အရည်အသွေး မြင့်ပညာဆုံးခန်းတိုင်အောင် ဆက်လက် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိအချိန်တွင် တရုတ်ပြည် ကျေး ရွာနှင့် စီရင်စုအဆင့်များတွင် ဆင်းရဲမွဲ တေမှုပပျောက်သွားပြီဟုဆိုသည်။ အချုပ် ဆိုရသော် နိုင်ငံရေးစနစ်မှန်ကန်မှုနှင့် စီး ပွားရေးတွင် တံခါးဖွင့်ဝါဒကျင့်သုံးခဲ့ပြီး ပညာရေးစနစ်မှန်ကန်မှုလည်း အဓိကပါ ဝင်ကြောင်း ဆိုပါသည်။
တရုတ်တို့သည် ၂ဝ၂ဝတွင် ဆင်းရဲ မွဲတေမှုလုံးဝပျောက်သွားသည့်အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၏ ဆင်းရဲမွဲ တေမှုလျော့ကျရေးကို အထောက်အကူ ပေးသွားသည့်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ် တည်သွားမည်ဟု သုံးသပ်ရေးသားထား သည်ကို ဖတ်ရှုမိပါသည်။
ယင်းဆောင်းပါးကိုဖတ်ပြီး ၂ဝ၁၁ တွင်ဒီမိုကရေစီအခြေခံသည့်အစိုးရပထမ သက်တမ်းကို တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းလုပ်ဆောင် ချက်များကို ပြန်၍ သတိရမိပါသည်။ အတိတ်ကိုလွမ်းဆွတ်၊ တမ်းတနေခြင်း မဟုတ်ပါ။ အနာဂတ်အစိုးရအတွက် ပြည်သူ့ကိုယ်စားကြိုတင်၍ တွေးတော နေခြင်းသာဖြစ်သည်။
၂ဝ၁၁ မတ်၃ဝရက်နေ့တွင် သမ္မတ ကြီး ဦးသိန်းစိန်က ပထမအကြိမ်ပြည် ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြား ပါသည်။ နိုင်ငံတော်အစိုးရ၏ အမျိုးသား ရေးတာဝန်သုံးရပ်ကိုဦးထိပ်ပန်ဆင်ဆောင် ရွက်သွားမည်ကို အသိပေးပြောကြားခဲ့ ပါသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန်ဟု ခံယူထားသည်။ ဒုတိယဒီမိုကရေစီသက်တမ်းတွင် အမျိုး သားရေးတာဝန်သည် ဘာလဲဆိုသည်ကို မိမိအမှတ်မမှားပါက ပြောသံမကြားခဲ့ဟု ထင်မြင်မိပါသည်။
ယင်းအမျိုးသားရေးတာဝန်ကို ကျေ ပွန်အောင်မြင်စွာထမ်းဆောင်နိုင်ရန်အတွက် အင်အားသုံးရပ်ကိုလည်း မူဝါဒမိန့်ခွန်း တွင် ပြောကြားခဲ့ပါသည်။ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို နိုင်ငံရေး အင်အားဟု ခံယူသည်။ စီးပွားရေးအင် အားနှင့် နိုင်ငံတော်ကာကွယ်ရေးအင်အား တို့ကို ဒုတိယနှင့် တတိယအင်အားများ အဖြစ် ခံယူသည်။

ဒီမိုကရေစီပထမသက်တမ်းတွင်တာဝန် ယူသည့် အစိုးရ၏မူဝါဒလမ်းစဉ်တို့သည် ရှင်းလင်းသည်။ ပီပြင်သည်။ လက်တွေ့ လည်း ဆောင်ရွက်နိုင်ခဲ့သည်။ အတွေ့ အကြုံနှင့်ရင့်ကျက်မှုကလည်းအဓိကမောင်း နှင်အားတစ်ခုဖြစ်ပေသည်။ ဦးသိန်းစိန် အစိုးရသက်တမ်း ငါးနှစ်တွင် အစိုးရ၏ မူဝါဒများ၊ စီမံကိန်းများ၊ လုပ်ငန်းတာဝန် များကို အပြစ်တင်ပြောဆိုခဲ့ခြင်းတစ်ကြိမ် မျှပင် မကြားခဲ့ရဖူးပါပေ။ ဝန်ထမ်းဆို သည်မှာ အစိုးရ၏မူဝါဒများကို အဆင့် ဆင့်ဆောင်ရွက်ရသော အဓိကသော့ချက် တွင်ရှိနေသည်ဟု ဆိုရပေမည်။ အစိုးရ အဖွဲ့အစည်း၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေသာ အစိုးရပြောင်းက လိုက်ပါပြောင်းကြရ သည်။ ဝန်ထမ်းဆိုသည်ကား မိမိတာဝန် လုပ်ငန်းကို စဉ်ဆက်မပြတ်လုပ်ဆောင်နေ ရသည့်စီမံခန့်ခွဲရေး ကျွမ်းကျင်သူများဖြစ် သည်။ သို့ဖြစ်၍ ဝန်ထမ်းနှင့်အစိုးရ သဟဇာတဖြစ်ဖို့ အထူးလိုအပ်သည်။ တစ်ဦးကိုတစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ မျှတမှုရှိရန်လိုအပ်ပေသည်။ ဤသည်က လည်း ကိုယ်တိုင်ဌာနကြီးတစ်ခု၊ ဌာန တစ်ခုကို စီမံခန့်ခွဲဖူး၊ ဦးဆောင်ဖူးမှသာ ကျွမ်းကျင်စွာ၊ လိမ္မာပါးနပ်စွာ ကိုင်တွယ် မည်ဖြစ်ပေသည်။
မိမိအကြီးအကဲ၏တာဝန်ယူမှု၊အုပ်ချုပ် မှုကောင်း၊ စီမံခန့်ခွဲမှုကျွမ်း၊ နားလည် မှု၊ စာနာမှု၊ မျှတမှုရှိဖို့၊ စိတ်ဓာတ်ကောင်း မှ ဝန်ထမ်းကောင်းရမည်ဖြစ်သည်။
ဒီမိုကရေစီအစိုးရ၏ပထမသက်တမ်း တွင် နိုင်ငံတော်တွင် အဓိကနှင့် အရေး ကြီးဆုံးသော ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးကိန်းကို ဝန်ထမ်းများ၊ ကျွမ်းကျင်သူပညာရှင်များ ၏ စွမ်းအားကိုရယူ၍ ဆောင်ရွက်ခဲ့လေ သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်ငန်းကို ဦးစားပေးအဆင့်အဖြစ်စတင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် မေလ ၂ဝ ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျှော့ချရေး၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျွမ်း ကျင်ပညာရှင်များ၊ အတွေ့အကြုံရှိသူ များဖြင့် အလုပ်ရုံဆွေးနွေးပွဲပုံသဏ္ဌာန် ဆွေးနွေးကြလေသည်။
သမ္မတကြီးဦးသိန်းစိန်၏ဖွင့်ပွဲအခမ်း အနားတွင်ပြောကြားသည့် မိန့်ခွန်းသည်။ အလွန်အားရဖွယ် ကောင်းလှပါသည်။အားတက်ဖွယ်လည်း ကောင်းပါသည်။ လက်တွေ့လိုအပ်ချက်ကို လက်တွေ့ကျ ကျ စီမံခန့်ခွဲအကောင်အထည်ဖော်မည့် လုပ်ငန်းလမ်းညွှန်ချက်ဖြစ်သည်မို့ ယနေ့ တိုင်နားထဲတွင် စွဲထင်လျက်ရှိနေပါသေး သည်။ဦးသိန်းစိန်၏မိန့်ခွန်းသည် အပြော ကောင်း၊ နှုတ်ချိုစကားလုံးလှလှလေး တွေဖြင့် တန်ဆာဆင်ထားခြင်းမဟုတ်၊ မြန်မာလူထုအပေါ် ယထာဘူတကျကျ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း တင်ပြ၊လက်တွေ့ကျကျလုပ်ငန်းသဘော ဆောင်သည့် အမှာစကားဖြစ်လေသည်။
သမ္မတကြီး၏သဘောထားအမှန်မှာ အတိတ်ကို လက်ညှိုးပြန်မထိုး၊ အပြစ် မမြင်၊ အပြစ်မပြော၊ အတိတ်၏ကောင်း မွေ၊ ဆိုးမွေကို ကြည်ဖြူစွာလက်ခံပြီး၊ ကောင်းမွေ၊ ကောင်းမွန်သည် အခြေအနေ မှန်ကို လိုအပ်သည်ရှိကပြင်၍ပို၍ ကောင်း အောင်ဆောင်ရွက်မည့်သဘောဖြစ်သည်။ အဆိုးများရှိပါက သမိုင်း၏ဖြစ်ရပ်မှန် အဖြစ်ခံယူပြီး အပြစ်မပြော အတိတ်ကို လက်ညှိုးမထိုးခဲ့ပါပေ။ ထို့ပြင် ခေတ် စနစ်ကိုလည်းမဝေဖန်၊ ခေတ်ကာလ၏ ထာဝရပြောင်းလဲမှု ဓမ္မတာတရားကို လက်ခံသည်။
မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇ဝ သည် ကျေးလက်နေပြည်သူများဖြစ် သည်။ လယ်ယာသားငါးကုန်ထုတ်လုပ် ငန်းကို လုပ်ကိုင်နေကြသူများလည်းဖြစ် သည်။ ကျေးလက်ဒေသက ကုန်ထုတ် လုပ်ငန်းများတိုးတက်ရေးသည် တိုင်း ပြည်တိုးတက်ရေး၏ကြီးမားသည့် အခန်း ကဏ္ဍမှပါဝင်နေသည်ဟု ခံယူသည်။ ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက် မှ ကျေးလက်ဒေသနေပြည်သူအများစု ကြီး၏ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင် မည်ဟု ခံယူထားသည်။
လယ်ယာကဏ္ဍ၏အဖြစ်မှန် အခြေ အနေမှန်များ စိန်ခေါ်မှုများကို မျက်ခြည် မပြတ်ကြည့်ရှုပြီး ဆည်တာတမံ၊ လမ်း တံတားစသည့် အခြေခံအဆောက်အအုံ များကို ခေတ်မီအောင်၊ ဖွံ့ဖြိုးအောင်၊ တိုး တက်အောင်ဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။
ထို့ကြောင့်လည်း လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို ကျွမ်း ကျင်သူ အခြေခံကျကျ စိုက်လိုက်မတ် တတ်ဆောင်ရွက်နိုင်သူကို ဝန်ကြီးတာဝန် ပေး၍ဆောင်ရွက်စေခဲ့သည်။ ပြန်ကြည့် တော့ ယနေ့ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်းတွင် လယ်/ဆည်ဝန်ကြီးဌာန ကို အခြားဝန်ကြီးဌာနများနှင့်ပေါင်း၍ ဝန်ကြီးဌာနတစ်ခုအဖြစ်ထားလိုက်လေ သည်။ အကျိုးဆက်မှာ တောင်သူလယ် သမားများ၏လက်တွေ့ဘဝပင်ဖြစ်သည်။