images
UN
UN
မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကချင်မြေနဂါး Wednesday, 02 September 2020
ကချင်ပြည်နယ် မိုးညှင်း မြို့နယ် ဆင်ဘိုကုန်း ကျေးရွာနေ ထိုင်သူအမျိုးသားတစ်ဦး၏ နေအိမ် မှ မူးယစ်ဆေးဝါးများရှာဖွေတွေ့ ရှိခဲ့သဖြင့် ဥပဒေနှင့်အညီအရေး ယူထားခဲ့သည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်က မိုးညှင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်း ရေးဌာနစိတ်မှ ရဲအုပ်ထွန်းလှိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများ ဖြစ်သောဦးတင်အေး၊ ဦးကက်နက် စိန်တို့နှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ မိုးညှင်းမြို့နယ် ဆင် ဘိုကုန်းကျေးရွာနေ ဦးကျော်လွင် ၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ ကြသည်။
ဦးကျော်လွင်အား နေအိမ်တွင် အသင့်တွေ့ရသဖြင့်ရဲအုပ်ထွန်းလွင် နှင့် တပ်ဖွဲ့ဝင်များသည်သက်သေ များရှေ့တွင်ရှာဖွေခဲ့ကြရာ ဦးကျော် လွင်၏ယာဘက်လက်တွင်ကိုင်ထား သည့် ကြက်သွေးရောင် မိန်းမကိုင် လက်ဆွဲအိတ်အတွင်း GrandRoyal စာတန်းပါအဖြူရောင်ကော်ဘူး အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန့်အလေး ချိန် ၁ ဒသမ ၅ ဂရမ်ပါတစ်ဘူး၊ ငွေရောင်အဖုံး အပိတ်ပါအကြည်ရောင်ကော်ဘူး ထဲမှ ၁ ဒသမ ၅ ဂရမ်တစ်ဘူး၊ လိမ္မော်ရောင်အဖုံးပိတ်ပါ အကြည် ရောင်ကော်ဘူးထဲမှ သုည ဒသမ ၃ ဂရမ်တစ်ဘူး၊ အကြည်ရောင် ပလတ်စတစ်နှင့် ထုပ်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ြ<ွက ဆေးပြား ၁၅ ပြားအား တွေ့ရှိရ သည်။
ရဲအုပ်ထွန်းလွင်နှင့်တပ်ဖွဲ့ဝင် များသည် ဦးကျော်လွင်၏နေအိမ်ခြံ ဝင်းအတွင်းဆက်လက်ရှာဖွေကြရာ နေအိမ်အနောက်ဘက်သွပ်ပြားကာ ခြံဝင်းအနီးတွေ့ရှိရသည့် အနက် ရောင်ြ<ွကပ်ြ<ွကပ်အိတ်အတွင်းတံဆိပ် မပါရောင်စုံဆပ်ပြာခွက်များထဲမှ ဘိန်းဖြူဟုယူဆရသည့် ဖြူ/ဝါမှုန့် အလေးချိန် ၁ဝ ဂရမ်စီ ပါဆပ်ပြာ ခွက် ၃၁ခွက်တို့အား ရှာဖွေတွေ့ရှိ ခဲ့သဖြင့်ဥပဒေနှင့်အညီသိမ်းဆည်းကာ ရဲအုပ်ထွန်းလှိုင်ကတရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့သည်။
ထို့ကြောင့်ဦးကျော်လွင်(၄၁နှစ်) ဆင်ဘိုကုန်းကျေးရွာမိုးညှင်းမြို့နယ် နေထိုင်သူအားမိုးညှင်းမြို့မရဲစခန်း မှ မယ(ပ)၁၄၇/၂ဝ၂ဝ၊ ပုဒ်မ၁၉ (က)ဖြင့်အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။