images
UN
UN
ငွေကျပ်သိန်း ၁၂ဝဝတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ်များ ၁၂ဘီးယာဉ်ပေါ်မှ ဖမ်းဆီးရမိ
လှထွဋ်ဦး Wednesday, 02 September 2020
နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်စဉ် ၁၂ဘီး ယာဉ်ပေါ်မှငွေကျပ်သိန်း၁၂ဝဝတန်ဖိုးရှိထိန်းချုပ်ဓာတုပစ္စည်းဟိုက်ဒရို ကလိုရစ်အက်ဆစ်များဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ယနေ့ညနေပိုင်းသတင်းထုတ် ပြန်ချက်အရ သိရသည်။
သြဂုတ် ၃ဝရက် မွန်းလွဲ၃နာရီ ၁၅မိနစ်ကလုံခြုံရေးတပ်ဖွဲ့ဝင် များသည် မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်-လဲချားသွား ကားလမ်းတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်လဲချားမြို့ဘက်မှ မိုင်းကိုင်မြို့ ဘက်သို့ မူဆယ်မြို့ဟိုနားရပ်ကွက်နေ ဖြိုးအောင်(ခ)ပြည့်ဖြိုး(၃၈နှစ်) မောင်းနှင်လာသည့် Nissan အမျိုးအစား ၁၂ဘီးမော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ်လီတာ၁၂ဝဝဝ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂ဝဝ)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်ပေါ်ပေါက်ချက်အရ ဟိုနား ရပ်ကွက်နေ ဂျန်မာခါး(ခ)လောက်ပ (ခ)တင်ဦး(၄၄နှစ်)ကို ညနေ ၅နာရီခွဲတွင် မိုင်းကိုင်မြို့အဝင်၌ မော်တော်ယာဉ်တစ်စီး၊ မြန်မာ ငွေကျပ် ၁၁၃၅၈ဝဝ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ လွှဲပြောင်း အပ်ပေးသဖြင့် မိုင်းကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။