images
UN
UN
ကသာခရိုင် ပင်လည်ဘူးမြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရဲရင့်(ကသာ) Wednesday, 02 September 2020
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကြာအင်းရွာနှင့် ပါသက်ကျေး ရွာကြား ကြာအင်းရွာအနီး ရဲစခန်း မြောက်ဘက်(၁၅)မိုင်ခန့်အကွာ နေရာတွင် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဝဝး၄၅ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၆)ကသာမှ ရဲအုပ် စိုင်းယဉ်မင်း ထွေးဦးစီး ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်း အရ ပင်လည်ဘူးမြို့နယ် ပါသက် ကျေးရွာနှင့် ကြာအင်းကျေးရွာ သွားကားလမ်းဘေး၊ ကြာအင်း ကျေးရွာအနီး စိုးဝင်း၏ ယာခင်း တဲအား မူးယစ်ဆေးဝါးနေ အိမ်ရှာ ဝရမ်းအမှတ် (၇ဝ/၂ဝ)ဖြင့် ဝင် ရောက် ရှာဖွေစစ်ဆေးရာ ယာခင်း တဲပေါ်၌ စိုးဝင်းနှင့်ဝင်းလွင်ဦး(ခ) ချစ်ဦး ဆိုသူတို့နှစ်ဦးအား အသင့် တွေ့ရှိရပြီး ၄င်းတို့ ထိုင်နေသည့် အနီး ကြမ်းပြင်ပေါ်ချထားသော ဗေဒါရွှေကြာတံဆိပ်ပါ အနီရောင် လက်ဆွဲအိတ်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန် ၄၄ ဂရမ်၊ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၄၄ဝဝဝဝ စုစုပေါင်း ဆေးပြား ၄၅ဝ၊ စုစုပေါင်းကာလ တန်ဖိုးငွေ ကျပ် ၂၂၅ဝဝဝဝ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အရေးယူ ပေးပါရန် ရဲအုပ်စိုင်းယဉ်မင်းထွေး က တရားလိုပြု တိုင်တန်းသဖြင့် တရားခံ စိုးဝင်း(၅၁နှစ်) ကြာ အင်းရွာ၊ ပင်လည်ဘူးမြို့နယ်၊ ဝင်းလွင်ဦး(ခ)ချစ်ဦး ကြာအင်းရွာ ပင်လည်ဘူးမြို့နယ်နေသူတို့အား ပင်လည်ဘူးမြို့မရဲစခန်း မယ(ပ) ၁၆၄/၂ဝ၊ မူးစိတ်ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။