images
UN
UN
နောင်ချိုမြို့မှ ကျောက်ပန်းတောင်းမြို့နယ်သို့ မူးယစ်ဆေးဝါးလာရောက်ဖြန့် ဖြူးရောင်းချသူ တစ်ဦး၏ ဆိုင်ကယ်အတွင်းမှ WY စာတန်းပါဆေးပြား ၅၈၃ ပြားဖမ်းဆီးရမိ
ကိုနေ(ကျောက်ပန်းတောင်း) Wednesday, 02 September 2020
မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့တွင် ယမန် နေ့ ည ၇ နာရီခွဲက ရှမ်းပြည်နယ် နောင်ချိုမြို့မှ မူးယစ်ဆေးဝါးလာ ရောက် ဖြန့်ဖြူးရောင်းချသူဟုယူဆ ရသည့် အမျိုးသားတစ်ဦးကို သတင်းအရစောင့်ဆိုင်းရှာဖွေရာမှ ၄င်းမောင်းလာသည့် ဆိုင်ကယ် အတွင်းမှ wy စာတန်းပါ စိတ်ြ<ွက ဆေးပြားဟုယူဆရသည့် ဆေးပြား ၅၈၃ ပြားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် မင်းသက်မွန်သည် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့မစခန်းမှူးတို့၏ လမ်းညွှန် ချက်နှင့်အညီ နယ်ထိန်းတပ်ဖွဲ့ဝင် များ၊ သက်သေများနှင့်အတူ မူး ယစ်ဆေးဝါးသတင်းအရ ကျောက် ပန်းတောင်းမြို့ စက်မှုနယ်မြေ(၉) ပြည်တော်သာရပ်ကွက် ကျောက် ပန်းတောင်း-ပုပ္ပားသွားကားလမ်း မကြီး၏အနောက်ဘက် တက်လမ်း လက်ဖက်ရည်ဆိုင်၏မြောက်ဘက် ကပ်လျက် လမ်းသွယ်အတွင်း အသင့်စောင့်ဆိုင်းနေစဉ် လမ်း သွယ်အတိုင်း အနောက်မှအရှေ့သို့ သတင်းရရှိသူသက်နိုင်စိုးကျဘမ်း ဘူတာကွက်သစ်ရပ်ကွက် နောင် ချိုမြို့ ရှမ်းပြည်နယ်နေသူတစ်ဦး တည်း မောင်းလာသောနံပါတ်မပါ MOLIZA -125 အမျိုးအစား နက်/နီကျားရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာဆိုင်ကယ် လက်ကိုင်အောက်ခံခွက်အတွင်းမှ အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ် အသေးနှစ်အိတ်ဖြင့်ထည့်လျက် စိတ်ြ<ွကရူးသွပ်ဆေးပြားဟုယူဆရ သည့် WY စာတန်းပါ လိမ္မော်ရောင် ဆေးပြား၃၉၈ပြား၊ အစိမ်းရောင် ဆေးပြားလေးပြားပေါင်း၎ဝ၂ပြား၊ အလေးချိန် ၄ဝ ဒသမ ၂ ဂရမ်ခန့် အားလည်းကောင်း၊ ဆိုင်ကယ်တူး ဘောက်စ်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ် အသေး ဖြင့်ထည့်လျက်စိတ်ြ<ွကရူးသွပ်ဆေး ပြားဟုယူဆရသည့် WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၁၇၉ပြား၊ အစိမ်းရောင်နှစ်ပြားပေါင်း၁၈၁ပြား၊ အလေးချိန် ၁၈ ဒသမ ၁ ဂရမ်ခန့် ကိုလည်းကောင်းစုစုပေါင်းဆေးပြား ၅၈၃ ပြား၊ အလေးချိန် ၅၈ ဒသမ ၃ ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသည့် စိတ်ြ<ွကဆေးပြားများကို သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်း ပြီး တရားမဝင် စိတ်ြ<ွကရူးသွပ် ဆေးပြားများကို လက်ဝယ်ထား ရှိ/သုံးစွဲ/ရောင်းချ/သယ်ဆောင် သူဟုယူဆရသည့် သက်နိုင်စိုးအား ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ မယ(ပ)၁၁/၂ဝ၂ဝ၊ မူး/စိတ် ၁၉ (က)ဖြင့် အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။