images
UN
UN
မှန်သူကထောက်ပြ မှားသူကဝန်ခံ အပြန်အလှန် စာနာနားလည် သည်းခံနိုင်ကြပါစေ
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) Saturday, 05 September 2020

''သူငယ်ချင်းရေ. . . မင်းက ရာသီ အလိုက်နဲ့ကိုက်ညီတဲ့ ဆောင်ဖို့၊ ရှောင်ဖို့ တွေကိုလည်း အခါအားလျော်စွာ ရေး သားနေတာပဲနော်''
''ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဆရာ ကြီးဇေယျရဲ့စကားအရ မင်းသိအောင် ပြောပြရဦးမယ်။ ခေတ်စနစ်နဲ့လူမှု ပတ် ဝန်းကျင်ကို ထင်ဟပ်ပြီး ရေးသားနိုင်စွမ်း ရှိမှ စာနယ်ဇင်းသမား၊ စာရေးဆရာပီသ မယ်တဲ့ကွ။ ဆိုလိုတာကကွာ မျက် မှောက်ခေတ်ပစ္စက္ခမှာ ဖြစ်ပျက်နေတာ တွေထဲက ပြည်သူတွေ အကျိုးရှိစေတဲ့ သတင်းဆောင်းပါးစာပေတွေကို ရေး သားပေးကြဖို့ သတိပေးခဲ့တာပဲကွ။ ဒါ ကြောင့် ငါ့အနေနဲ့ ရာသီပေါ်အကြောင်း ခြင်းရာတွေကိုရေးသားနေရသလို တစ် ခါတစ်ရံမှာ နယ်ကစာဖတ်ပရိသတ်တွေ မေးမြန်းအကြံတောင်းခံထားတာတွေကို လည်းဖြေကြားပေးရင်းက တခြားပြည် သူတွေလည်း ဗဟုသုတရအောင်ရေးသား မျှဝေပေးနေတာပဲကွ''
''သြော်...ဒီလိုလား။ နယ်ရော၊ မြို့ ပါ တချို့ခေတ်ပညာတတ်တွေပါ၊ ဥပဒေ ရေးရာတွေနဲ့ ပတ်သက်လို့ ကိုယ်တွေ့ မကြုံဖူးကြတော့ လုံးဝမသိကြဘူးကွ။ အချို့ကလည်း ဝိုးတိုးဝါးတားသာ သိ ကြတာ။ အတွေ့အကြုံရှိတဲ့ မင်းတို့လို ပညာရှင်တွေက ရေးပြ၊ ပြောပြမှ သိကြ ရမှာကွ''
''ဟေ့ကောင်...ငါက ပညာရှင် မဟုတ်ဘူး။ ငါက မှုခင်းအယ်ဒီတာ အဖြစ်၂၃နှစ်သက်တမ်းလုပ်ငန်း သဘော အရ နေ့စဉ်ကြုံတွေ့နေရတော့ လေ့လာ မှတ်သားရေးသားရင်းက နားလည် သဘောပေါက်လာခဲ့တာပါကွာ။ စာရေး ဆရာဆိုတော့လည်း စာပေကုန်ကြမ်း အဖြစ် စုစည်းသိမ်းဆည်းထားရတာပေါ့။ ဒီတော့ကာ အခါအခွင့်သင့်တာနဲ့ အဆင် သင့်ချရေးလို့ရတာပေါ့ကွာ။ စာရေး ဆရာပဲဖြစ်ဖြစ်၊ သတင်းစာဆရာပဲဖြစ် ဖြစ်၊ သုတစာပေ၊ အကျိုးပြုစာပေတွေကို ရေးသားကြမယ်ဆိုရင် အချက်အလက်၊ အထောက်အထား၊ အကိုးအကားခိုင်မာ မှုရှိကြရတယ်ကွ။ အချက်အလက်၊ အကိုးအကား၊ အထောက်အထား မခိုင် မာရင် မြားဦးက ကိုယ့်ဘက်ကိုလှည့် လာတတ်တယ်။ အဲဒီလို မြားဦးလှည့် ဒဏ်ခံကြရတဲ့ မှုခင်းဖြစ်ရပ်တွေကို မင်း လည်း မြင်တွေ့ကြားသိနေတာပဲ မဟုတ် လား။
''စကားစပ်မိလို့ ပြောရဦးမယ်။ နယ် အသီးသီးက စာဖတ်ပရိသတ်တွေဟာ ငါရေးသားတဲ့ မှုခင်းဗဟုသုတပေး ဆောင်းပါးတွေကို ဖတ်ရှုပြီး တိုက်ဆိုင် မှုရှိတာတွေကို မေးမြန်းလေ့လာနေကြသ လို သူတို့ကြုံတွေ့ကြရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ဘာလုပ်သင့်တယ်။ ဘာဖြစ် သင့်တယ်။ ဘာကို ဘယ်လိုလုပ်ရင် ဘယ်လိုရလဒ်ထွက်လာနိုင်တယ်။အလား အလာကောင်း၊ မကောင်းအကြံÓဏ် တောင်းခံလေ့ရှိကြတယ်ကွ။ ငါကလည်း အတွေ့အကြုံအရဖြစ်နိုင်ခြေရှိတာတွေ၊ အလားအလာကောင်း၊ မကောင်း၊ ပြဿနာမကြီးထွားစေဘဲ ပြေလည်ရာ ပြေလည်ကြောင်း ငါစွမ်းဆောင်နိုင်သမျှ အကြံÓဏ်ကောင်းတွေကို ပေးနေခဲ့တာ ပဲကွ''
''အဲဒီလို သိချင်လို့မေးမြန်းကြသူ တွေထဲမှာ မင်းရေးနေတဲ့ မှုခင်းရှုထောင့် ဂျာနယ်ထဲက မှုခင်းပညာပေးဆောင်းပါး တွေနဲ့ မင်းရေးသားထုတ်ဝေထားတဲ့ ''ကြိုတင်ကာကွယ် မှုခင်းကြီးငယ် အသွယ်သွယ်''စာအုပ်ကိုမဖတ်မိကြလို့ နဲ့တူပါတယ်ကွာ''



''မဖတ်မိသူတွေပါသလို အပတ်စဉ် စောင့်ဖတ်နေကြသူတွေလည်းပါတယ် ကွ။ သံဃာတော်တွေတောင်ပါတယ်။ သံဃာတော်တွေကတော့ သူတို့ကျောင်း မှာလာပြီး လိမ်ညာသွားတာကို ပြောပြကြ သလို သူတို့ကလည်းနယ်က ဒါယကာ၊ ဒါယိကာမတွေ အလိမ်အညာမခံကြ ရအောင်၊ တစ်ဆင့်တောင် ဖတ်ပြရှင်းပြ ပေးကြတယ်ကွ။နှစ်ဦးနှစ်ဝ အကျိုးမျှကြ တာပေါ့ကွာ။ အပြန်အလှန်မျှဝေရကျိုး နပ်ကြတာပေါ့...
''ပြောလက်စနဲ့ပြောရဦးမယ်။ ငါ့ ရုံးပိတ်ရက် ငါ့နားရက်မို့ အိမ်မှာအနား ယူနေတုန်း၊ အနားယူတယ်ဆိုတာ ဇိမ်နဲ့ နေရတာမဟုတ်ပါဘူးကွာ။ တောင်းစာ မူဝတ္ထုတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ဆက်တိုက်ရေးသားနေရတာကွ။ အဲဒီ အချိန်မှာ မန္တလေးတိုင်းဒေသကြီးထဲက မြို့နယ်ကြီးတစ်မြို့နဲ့ သိပ်မဝေးကွာလှတဲ့ တိုက်နယ် ကျေးရွာကြီးတစ်ရွာက ကျောင်းကြီးတစ်ကျောင်းက အလွဲသုံး စားမှုတွေ၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီး မှုတွေလုပ်နေတာကို ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ငါ့ဆီကို လှမ်းပြီး အကြံÓဏ်တောင်းခံခဲ့တယ်ကွ''
''ဘာတွေ အလွဲသုံးစားလုပ်ပြီး ဘယ်လို ပြည်သူပိုင်ပစ္စည်းတွေကို ဖျက် ဆီးနေလို့လဲကွ''
''ငါ့ကိုဖုန်းဆက်အကူအညီတောင်းခံ သူရဲ့ နာမည်နဲ့တာဝန်ကိုတော့ ငါမမေးမိ လိုက်ပါဘူး။ ဒါပေမဲ့ သူကမွန်မွန်ရည် ရည်နဲ့ ဆွေးနွေးပြတာပါ။ အဲဒီရွာက ကျောင်းအုပ်ဆရာကြီးက မထီမဲ့မြင် သဘောနဲ့ ထင်ရာလုပ်နေတာတွေကို မခံ ချင်လွန်းလို့ ဘာဆက်လုပ်ရင်ကောင်းမ လဲဆိုတာ အကြံÓဏ်တောင်းခံတာပါ တဲ့။ ကျောင်းမိဘဆရာအသင်းနဲ့ကျောင်း အကျိုးဆောင်အဖွဲ့ကရရှိထား တဲ့ငွေတွေ ကို ကျောင်းအုပ်ဆရာကြီးက ဘဏ်မှာငွေ မသွင်းဘဲ ကျောင်းတွင်းမှာရှိကြတဲ့ ဆရာ၊ ဆရာမတွေကို ငွေတိုးချေးစားနေ တယ်တဲ့။ လစဉ်လခထုတ်တိုင်းကျောင်း အုပ်ဆရာကြီးရဲ့ လူယုံတော်ကျောင်း ဆရာ ဦးxxxက စာအုပ်ကြီးတစ်အုပ်နဲ့ ကောက်ခံနေတယ်တဲ့။ ကျောင်းသူ၊ ကျောင်းသားတွေလည်း သိကြသလို ဆရာ၊ ဆရာမအချို့လည်း သိကြတယ် တဲ့။ ကျောင်းအားကစားကွင်း (ဘောလုံး ကွင်း)ထဲက ဂိုးတိုင်တွေကိုလည်းဖယ် ရှားပစ်ပြီး ဘောလုံးကန်စရာမလိုဘူးလို့ ကြိမ်းမောင်းထားတယ်တဲ့။ အဲဒီကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံ Óဏ်တောင်းခံတာကွ...''
''မင်း စဉ်းစားကြည့်လေ။ ငါ့ဆီကို အကူအညီတောင်းခံသူဟာ ဘယ်သူ ဆိုတာလဲ ငါမသိသလို၊ သူ့တာဝန်ကို လည်း ငါမသိဘူး။ အဲဒီလိုပဲ အဲဒီ ကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာမတွေကိုလည်း ငါလုံးဝ မသိဘူး။ အဲဒီမြို့နယ်မှာ တို့ရုံးက ရုံးခွဲနဲ့ ရုံးခွဲတာဝန်ခံအပါအဝင် မှုခင်းသတင်း ထောက်တွေလည်းရှိနေကြတယ်။ ငါ့ အနေနဲ့ ဘယ်သူ့ဘက်မှ ဘက်မလိုက်ဘဲ အမှန်တရားလမ်းကြောင်းကို ကြည့်ပြီး သုံးသပ်ဖြေပေးလိုက်တယ်ကွ''
''ပြောစမ်းပါဦးကွာ။ ဘယ်လိုအဖြေ ပေးလိုက်သလဲ''
''ငါ့မှာ အလားတူဖြစ်ရပ်တွေနဲ့ ပတ် သက်တဲ့ တရားရုံးစီရင်ထုံးတွေရှိနေ တယ်ကွ။ စီရင်ထုံးဆိုတာ တရားရုံးတွေ၊ တရားသူကြီးတွေ၊ ရှေ့နေတွေ လက်ကိုင် ကျင့်သုံးရတဲ့ တရားရုံး ဆုံးဖြတ်ချက် သာဓကတွေပဲကွ။
ဒါကြောင့် အကြံÓဏ်တောင်းခံ သူကို ရှင်းပြလိုက်တယ်...''
''ငါက ကျောင်းပိုင်ငွေတွေကို အတိုး ကြီးချေးစားနေတာ၊ သက်သေအခိုင် အမာရှိသလား။ ကျောင်းအားကစား ကွင်းက ဘောလုံးကွင်းဂိုးတိုင်တွေကို ဖျက်ပစ်ပြီး ဘောလုံးမကန်ရတော့ဘူးလို့ ပြောတာဟာသေချာရဲ့လား။ သက်သေ တွေက လက်မှတ်ထိုးရဲသလား။ အား လုံးသေချာရင် အဲဒီကျောင်းမှာ ရှိတဲ့မိဘ ဆရာအသင်း၊ ကျောင်းအကျိုးဆောင် အဖွဲ့ဝင်တွေကို အသိပေးညှိနှိုင်းပြီးပြီ လား။ အဲဒီလို ညှိနှိုင်းဆွေးနွေးလို့မှ မပြေလည်ရင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီရယ် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းပညာရေး မှူးနဲ့ သက်ဆိုင်ရာတွေဆီကိုတင်ပြပါ...
''အကယ်၍ မိမိဘက်က တင်ပြတာ မခိုင်မာရင်၊ မပိုင်နိုင်ရင် ကိုယ့်ရှူးကိုယ် ပတ်၊မြားဦးကကိုယ့်ဘက်လှည့်ပြီးအရေး ယူခံရမယ်လို့ ရှင်းပြခဲ့တယ်။ တရားရုံး စီရင်ထုံးတွေကိုဖုန်းဘီလ်ကုန်အကျခံပို့ပြီး စိတ်ရှည်လက်ရှည် နားလည်အောင် ဖျောင်းဖျနားချခဲ့တယ်။''ပထမစီရီရင်ထုံး'' က ကျောင်းအုပ်ဆရာမကြီးက ကျောင်း ရဲ့ မိဘဆရာအသင်းငွေတွေနဲ့ကျောင်းပိုင် ပစ္စည်းတွေကို သူတစ်ဦးတည်းသဘော ထားနဲ့ လုပ်ချင်သလိုလုပ်နေတယ်လို့ တိုင်ကြားတာကို မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်က အဆင့်ဆင့်စစ်ဆေးခဲ့တဲ့အခါ မှာ တိုင်ကြားသူတွေဟာ တင်ပြတိုင်ကြား ချက် မခိုင်မာလို့ သူတို့ကို အရှုံးပေးခဲ့ တယ်။ အဲဒါကို မကျေနပ်လို့ ဗဟိုတရား ရုံးအထိ အယူခံဝင်တက်တဲ့အခါမှာလည်း အထောက်အထား အခိုင်အမာမပြနိုင်တဲ့ အတွက်ကြောင့် တိုင်ကြားသူတွေ ပြစ် ဒဏ်ကျခံခဲ့ကြရတဲ့ သာဓကရှိခဲ့တယ်...
'ဒါပေမဲ့ အထောက်အထားအခိုင် အမာပြနိုင်ခဲ့တဲ့ သာဓကတစ်ရပ်လည်း ရှိခဲ့တယ်။ အဲဒီစီရင်ထုံးကလည်း စိတ်ဝင် စားဖို့ကောင်းတယ်။ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိ သူတွေ၊ အသင်းအဖွဲ့တွေ၊ စံနမူနာယူကြ ရမယ့်စီရင်ထုံးပဲကွ။ ၂ဝဝ၈ခုနှစ်မှာထုတ် ဝေခဲ့တဲ့ တရားစီရင်ထုံးများ၊ စာမျက်နှာ -၅၉မှာ ဖော်ပြထားတာကွ။
''အမှုရဲ့ဖြစ်ရပ်ကတော့ ဒီလိုကွ။ နွားထိုးကြီးမြို့နယ် xxxကျေးရွာအုပ်စု xxxကျေးရွာ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်xxxကို အဲဒီရွာမှာနေတဲ့ ဦးxxxနဲ့ ဦးxxxတို့က မဟုတ်မမှန် လုပ်ကြံပြီး ပညာရေးဝန်ကြီးဌာနကို တိုင် တန်းခဲ့ကြလို့ မန္တလေးတိုင်းပညာရေးမှူး ရုံးက တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးခဲ့ ကြတယ်။ ကျောင်းအုပ်ဆရာမကြီး ဒေါ် xxလည်း သူ့ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းကျ ဆင်းအောင် မဟုတ်မမှန် တိုင်ကြားသူ ဦးxxxနဲ့ ဦးxxxတို့ကို အရေးယူပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တယ်...''
''ဒေါ်xxxရဲ့ ဦးတိုက်လျှောက် ထားချက်အရ နွားထိုးကြီးမြို့နယ် တရားရုံးက တရားခံ ဦးxxxနဲ့ ဦးxxx တို့နှစ်ယောက်ကို ပုဒ်မ ၅ဝဝအရ အလုပ်မဲ့ထောင်ဒဏ် တစ်နှစ်စီချမှတ်ခဲ့ တယ်။ အဲဒါကို မကျေနပ်ကြတဲ့ ဦးxxနဲ့ ဦးxxxတို့ဟာ မြင်းခြံခရိုင်တရားရုံးနဲ့ မန္တလေးတိုင်းတရားရုံးတွေအထိ အယူ ခံဝင်၊ ပြင်ဆင်မှုတွေလျှောက်ထားခဲ့ ကြတယ်။ ဒါပေမဲ့ အကျဉ်းနည်းနဲ့ ပလပ်ခဲ့တယ်။ ပယ်ချခံခဲ့ကြရတယ်။ ဒါကြောင့်တရားခံလို့ အစွပ်အစွဲခံကြရ သူတွေဟာ တရားရုံးချုပ်(မန္တလေးရုံး ထိုင်)ကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၆၄၃ (ခ)/၂ဝဝ၇နဲ့ တင်သွင်းခဲ့တာမှာ ထပ်မံပြီး ပလပ်ခံခဲ့ကြရပြန်တယ်။ ဒါကြောင့် နောက်ဆုံးအဆင့်အနေနဲ့ အထူး အယူခံခွင့်ရရှိဖို့ ပြစ်မှုဆိုင်ရာအထွေထွေ (အထူး) အမှတ်(၇၂)၂ဝဝ၈ကို လျှောက် ထားခဲ့တဲ့အခါ မူလမြို့နယ် တရားရုံးရဲ့ အမိန့်ကို ဆက်လက်အတည်ပြုတဲ့ တရား ရုံးချုပ်(မန္တလေးရုံးထိုင်)ရဲ့ အမိန့်ဟာ မျှတမှန်ကန်မှုမရှိဘူးလို့ သုံးသပ်ပြီးပြန် လည်ကြားနာဆုံးဖြတ်ဖို့ခွင့်ပြုခဲ့တယ်။''