images
UN
UN
မြန်မာနိုင်ငံနှင့် သဘာဝဘေးအန္တရာယ်
မောင်သန်းဆွေ(ထားဝယ်) Monday, 07 September 2020
မြန်မာနိုင်ငံသည် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု ဒုတိယ အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယခုကဲ့သို့ မိုးတွင်းအခါတွင် ဆိုင်ကလုန်း မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုအန္တရာယ် များ အမြဲရှိနေသည်။ သတင်းစာထဲတွင် မြစ်ရေတိုးသည့်သတင်းများ၊ရေကြီးသည့် သတင်းများကို နေ့စဉ်ဖတ်နေရသည်။
ထိုကဲ့သို့ အန္တရာယ်များနေရသည့် အထဲတွင် ယခုနှစ်၌ ကမ္ဘာနှင့်ချီ၍ ဖြစ် ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါ ကြောင့် မြန်မာပြည်တွင်လည်း စိုးရိမ် ရသည့်အခြေအနေသို့ ရောက်နေသည်။ ဤစာရေးသည့် ၇-၉-၂ဝ၂ဝ အချိန်တွင် နောက်ဆုံးသတင်းအရ ရောဂါပိုးတွေ့ရှိ သူ အတည်ပြုလူနာ ၁၄၆၄ ဦး ရှိနေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်နေ သည့်အရေးကြောင့် လူနာစာရင်း နေ့ချင်း ညချင်း တိုးလာခြင်းဖြစ်၏။ သို့သော် ကမ္ဘာအရပ်ရပ်နှင့်စာလျှင်မူ မြန်မာပြည် ၏ အခြေအနေသည် မဆိုးလှပါ။ သို့ သော် သူ့အိုးနှင့်သူ့ဆန် နှိုင်းရလျှင် စိုးရိမ်နေရပါသေးသည်။
မြန်မာနိုင်ငံသည် သဘာဝဘေး အန္တရာယ်ကျရောက်ရန်အခွင့်အလမ်းများ သောနိုင်ငံများထဲတွင်ပါဝင်သည်။သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံး မှုများနှင့် ပြန်လည်ထူထောင်ရေးတို့ အတွက် နှစ်စဉ် နိုင်ငံဂျီဒီပီ၏ သုံးရာခိုင် နှုန်းထိသုံးစွဲနေရသော နိုင်ငံလည်းဖြစ် သည်။ Japan International Cooprea-tion Agency (JICA) ၏ ၂ဝ၁၆ ခုနှစ်က တင်သွင်းသော အစီရင်ခံစာအရ မြန်မာ နိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီး ရေလျှံခြင်း၊ဆူနာမီတို့ ဖြစ်ပွားနိုင်မှုမြင့် မားသည့် နိုင်ငံဖြစ်သည်ဟု သိရသည်။ ၂ဝဝ၈ခုနှစ် မေလက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် လူဦးရေ တစ်သိန်းလေးသောင်းကျော် သေဆုံး၍ သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်ဆိုပါသည်။
မြန်မာနိုင်ငံကိုထိန်းချုပ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များထဲတွင် ဆိုင် ကလုန်းမုန်တိုင်းသည် ထိပ်ဆုံးမှာ ဖြစ် သည်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားလေ့ရှိ သော ရာသီမှာ မိုးဦးကာလ၊ ဧပြီလ လယ်မှ မေလလယ်ထိနှင့်မိုးနှောင်းကာလ ဖြစ်သော အောက်တိုဘာလနှင့် နိုဝင် ဘာလတို့ဖြစ်ကြသည်ဆိုပါသည်။
ယခုနှစ်မိုးရာသီတွင် ဖြစ်ပွားနိုင်သော သဘာဝဘေးအန္တရာယ်တို့ကို ကြိုတင် ကာကွယ်ရန် ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များဖြစ်ကြသောWHO, World Bankတို့အပြင် အခြား NGO အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။ WHO သည် ယခုနှစ်မိုးရာသီတွင်အရေး ပေါ်အခြေအနေဖြစ်ပွားပါက အသုံးပြုရန် စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များရှိ ကျန်းမာရေး ဌာနများသို့အရေးပေါ်အသက်ကယ်ဆယ် ရေးသေတ္တာများ ထောက်ပံ့ထားပြီးဖြစ် သည်။ ထို့ပြင် ကချင်ပြည်နယ်တွင် လည်းထားရှိရန် စီစဉ်နေပြီ ဆိုပါသည်။
ဇူလိုင်လမှ စက်တင်ဘာလအထိ ကာလသည် မိုးရာသီကာလဖြစ်သလို တုပ်ကွေးရာသီလည်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော H1N1 ရောဂါ ပိုးကူးစက်ခြင်း အဖြစ်အပျက်နောက်ပိုင်း တွင် တုပ်ကွေးရာသီအတွက် ကာကွယ် ရေး၊ကုသရေးနှင့် အသိပညာပေးရေး စသည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး သည် မြန်မာနိုင်ငံအတွက် အရေးပါလွန်း လှသည်။
WHO သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးဝါးကုသ ရေးလုပ်ငန်းများ ရာဂါရှာဖွေစစ်ဆေး ရေးနှင့် တုပ်ကွေးကာကွယ်ရေးလုပ်ငန်း စဉ်များတွင်အကူအညီပေးလျက်ရှိသည်။ ယခုလည်း ကူညီလျက်ရှိပါသည်။
မိုးကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်တစ်ခုမှာ ရေကြီး ရေလျှံခြင်းပင်ဖြစ်သည်။ ရေကြီးရေလျှံ ခြင်းတွင်ပျံ့နှံ့၍ ရေလွှမ်းမိုးခြင်းနှင့် ရုတ် တရက်ရေကြီးခြင်းတို့ပါဝင်သည်။ ဧရာ ဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စသည့်မြစ်ကြီးများနှင့် နီးစပ်သည့် မြို့ရွာ များတွင် ဖြစ်ပွားလေ့ရှိသည်။ ယခုလည်း သတင်းစာထဲမှ ထိုမြစ်ရေကြီးခြင်းများ ကို သတင်းပေးလျက်ရှိပါသည်။
ရုတ်တရက် ရေလွှမ်းမိုးခြင်းသည် မြစ်ငယ်များ၊ ချောင်းများရှိရာဒေသတွင် မိုးသည်းထန်စွာရွာသွန်းရာမှ မြစ်ရေတိုး လာကာ ပတ်ဝန်းကျင်မှ မြို့ရွာများကို ရေလွှမ်းမိုးစေခြင်းဖြစ်သည်။ သက်ဆိုင် ရာဌာနများမှ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံ၏ မြစ်ကြီးများနှင့် မြစ်ငယ်များ၏ ရေလွှမ်းမိုးမှုရာခိုင်နှုန်းမှာ ဇွန်လတွင် ခြောက်ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၂၃ ရာခိုင် နှုန်း၊ သြဂုတ်လတွင် ၄၉ရာခိုင်နှုန်း၊ စက် တင်ဘာလတွင် ၁၄ ရာခိုင်နှုန်း၊ အောက် တိုဘာလတွင် ရှစ်ရာခိုင်နှုန်း အသီးသီး ရှိကြသည်ဆိုပါသည်။ ပြင်းထန်သော ရေ လွှမ်းမိုးမှုများကို ၁၉၇၃၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၁၊ ၁၉၉၇၊ ၂ဝဝ၄ ခုနှစ် များတွင် တွေ့ရသည်။ ရေကြီးရေလျှံမှု များကို မန္တလေးကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမျာတွင် ခံစားရသည်။ ပင်လယ်ကမ်းခြေဒေသများတွင်မူ ဆို ဖွယ်ရာမရှိချေ။
ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေများ လျှံခြင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားသော ဆိုင် ကလုန်းမုန်တိုင်းများကြောင့် ဖြစ်လေ့ရှိ သည်ဟု ဆိုပါသည်။ သံလွင်နှင့် စစ် တောင်းမြစ်များ ရေလျှံရခြင်းမှာမူတောင် တရုတ်ပင်လယ်တွင် ဖြစ်ပွားသော တိုင် ဖွန်းနှင့် အခြားမုန်တိုင်းများ၏ အဆွယ် အပွားဖြစ်သော လေဖိအားနည်းရပ်ဝန်း များနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း ပေါင်းဆုံမိသွား၍ ဖြစ်ရခြင်းဆိုပါသည်။
မြန်မာနိုင်ငံ၏ အခြားဘေးအန္တရာယ် တစ်ခုမှာငလျင်ဘေးအန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးငလျင် ကြော နှစ်ကြောအနက် တစ်ကြောဖြစ် သည့် အဲ့လ်ပ်-ဟိမဝန္တာငလျင်ကြောပေါ် ကျရောက်နေသော နိုင်ငံလည်းဖြစ်သည်။
၁၈၃၉ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံ သည် ငလျင်ပြင်းအား ရစ်ခ်ျတာစကေး (၇)နှင့်အထက်ရှိသည့် ငလျင်ကြီး ၁၆ခု လှုပ်ခတ်ခဲ့သည်။ ယခုမြန်မာပြည်၏ မြို့တော်ဖြစ်သော နေပြည်တော်သည် ငလျင်ကြောပေါ်တွင် တည်ထားသော မြို့တော်ဖြစ်သည်။ စာရေးသူ ဒုတိယ ဝန်ကြီးဘဝက နေပြည်တော်တွင်နေရရာ စာရေးသူအိပ်သည့် ခုတင်သည် နှစ် ယောက်အိပ်သံခုတင် ဖြစ်သည်။ မကြာ ခဏပင် သံခုတင်ကအသံမြည်၍ လှုပ် နေသည်ကို စာရေးသူမြင်ခဲ့ကြားခဲ့ရပါ သည်။ ဆိုးသည်ထက်ဆိုး လာမည်ကို တွေးကြည့်ပြီး ကြောက်ရွံ့ခဲ့ရသည်။ သို့ သော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ပါ။
World Bank သည် ၂ဝ၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် ငလျင် ဘေးတို့မှ ကာကွယ်ရန်အတွက် အမေရိ ကန်ဒေါ်လာ ၁၁၆သန်းပေးအပ်ခဲ့သည်။ ရေကြီးရေလျှံမှုများ လျှော့ချရေးနှင့်အရေး ပါသော အဆောက်အအုံများ ငလျင်ဒဏ် ခံနိုင်စေရန် ကူညီခဲ့သည်ဟု ဆိုပါသည်။
သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေး ဦးစီးဌာန၏ ၂ဝ၁၈ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သော စာရင်းအရ သဘာဝ ဘေးအန္တရာယ်များကြောင့် လူပေါင်း ၄ဝ၂၃၄ဦး ထိခိုက်ခဲ့ရပြီး ၂၃၅ဝဝ မှာ မိမိတို့ အိမ်ရာများကို စွန့်ခွာခဲ့ရသည်ဟု ဆိုပါသည်။ ၁၈ ဦး သေဆုံး၍ လယ် မြေဧကပေါင်း ၁၂ဝဝဝ ထိခိုက်ပျက်စီးခဲ့ သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်မှ ကင်းဝေးရန် သို့မဟုတ် သက်သာရန် ဆိုင်ရာမှကာ ကွယ်မှုများ ပြုလုပ်ပေးရန် လိုသည့် အပြင် လူထုကလည်း သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် သတင်း များကို ဂရုပြုအလေးထားလိုက်နာ ကာ ကွယ်ရန် လိုအပ်ပါသည်။