images
UN
UN
ရွှေကူမြို့နယ် ငှက်တံတားကျေးရွာကြား ကားလမ်းမပေါ်တွင် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
လူမော်(မနောမြေ) Wednesday, 09 September 2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဌက်တံတားကျေးရွာ ကြား ကားလမ်းမပေါ်တွင် မောင်း နှင်လာသောဆိုင်ကယ်ကို ရပ် တန့်စစ်ဆေးရာဘိန်းဖြူမှုန့်နှင့် စိတ် ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း ရွှေကူမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီက ဗန်းမော်မြို့မူးယစ်တပ်ဖွဲ့ စု(၁)၊ ရွှေကူမြို့လှုပ်ရှားတပ်ဆွယ် မှ ရဲအုပ်ရာဇာလင်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူရွှေကူမြို့နှင့် ဌက် တံတားကျေးရွာကြား ကားလမ်း မပေါ်တွင် မူးယစ်ဆေးဝါးတား ဆီးရေးလုပ်ငန်းများဆောင်ရွက်နေ စဉ် ရွှေကူမြို့ဘက်မှ ဌက်တံတား ကျေးရွာဘက်သို့ စန်းလှိုင် မောင်း နှင်လာသည့် YINXIAN G-125/--- အမျိုးအစားဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စန်းလှိုင် လွယ်ထားသောလွယ် အိတ်ငယ်အတွင်းအမှ အဖုံးပါအဖြူ ရောင်ကော်ဘူးငယ်အတွင်း ထည့် လျက် ဘိန်းဖြူမှုန့် အလေးချိန် (၁ဒသမ၅)ဂရမ်ပါတစ်ဘူး၊ ကာလ တန်ဖိုးငွေကျပ် ၁ဝ၅ဝဝဝ အား လည်းကောင်း၊ အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ်ငယ်အတွင်းထည့် လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ဝ ၊ အလေးချိန် ၁၁ ဒသမ ၇ ဂရမ်၊ ကာလတန်ဖိုးငွေကျပ် ၂၆ဝဝဝဝ တို့အားရှာဖွေတွေ့ရှိသိမ်းဆည်းရ မိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးလက်ဝယ်တွေ့ရှိသူ စန်းလှိုင် (၄၆နှစ်)အား ရွှေကူမြို့မရဲစခန်းတွင် မယ(ပ)၆၅/၂ဝ၂ဝ၊ မူး/စိတ် ပုဒ်မ -၁၉(က)အရအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။