images
UN
UN
ကျောက်မဲမြို့ OHC တိုးဂိတ်အနီးရှိ နီလွင်တည်းခိုခန်းမန်နေဂျာနှင့်ဇနီး အသတ်ခံရ
မိုင်းထွန်း Wednesday, 09 September 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နမ့်ဟူးတောင်းကျေးရွာ အုပ်စုပန်းပေါင်းကျေးရွာ လားရှိုး-မန္တလေးသွားပြည်ထောင်စုလမ်းမဘေး OHC တိုးဂိတ်အနီးရှိ ''နီလွင်''တည်းခိုခန်းမန်နေဂျာနှင့် ဇနီးတို့သည် ယမန်နေ့ ည ၁ဝ နာရီခန့်က အသတ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါအသတ်ခံရသူသည် တည်ခိုခန်းမန်နေဂျာ ဦးမောင်အေး (၅၅နှစ်)နှင့် ဇနီးဒေါ်ခင်ဝင်း(၅၄နှစ်)တို့ဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ အဆိုပါလူသတ်မှု အမှုမှန်ပေါ်ပေါက် ရေးအတွက် ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။