images
UN
UN
လွန်ခဲ့သောငါးနှစ်ကတည်းက ဗန်ဒီဘိခ်ကို ဆိုးလ်ရှားသဘောကျခဲ့
Ref; Mirror Thursday, 10 September 2020
မန်ယူနည်းပြ ဆိုးလ်ရှားက ကစားသမားသစ်ဗန်ဒီဘိခ်အား လွန်ခဲ့သော ငါးနှစ်ကတည်းက သ တိထားမိခဲ့ခြင်းဖြစ်ပြီး အသင်းအ တွက် ကြိုးစားသည့်¤င်း၏စိတ် ဓာတ်ကြောင့် အဆိုပါကာလက တည်းက အသိအမှတ်ပြုပြီးဖြစ် သည်ဟု ထုတ်ဖော်ပြောကြား လိုက်သည်။ ၂ဝ၁၅ ခုနှစ်က ယူ ရိုပါလိဂ်ပြိုင်ပွဲတွင် ဆိုးလ်ရှားကိုင် တွယ်သော မိုလ်ဒီအသင်းနှင့်အေ ဂျက်ဇ်တို့တွေ့ဆုံခဲ့ရာတွင် ဗန်ဒီဘိခ် သည် အေဂျက်ဇ်အတွက် အဖွင့်ဂိုး ကို သွင်းယူပေးနိုင်ခဲ့သည်။ ယင်း ကဲ့သို့ ဂိုးသွင်းနိုင်ရန်အတွက် မိုလ် ဒီနောက်ခံလူနှင့်အပြိုင် ခေါင်းတိုက် ရာတွင် ထိခိုက်ခံကာ ကြိုးစားခဲ့ သည်။ ယင်းဂိုးသွင်းယူပြီးနောက် ဗန်ဒီဘိခ်သည်ဘယ်ဘက်မျက်လုံး ဘေး၌ ကွဲရှသည့်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
''အသင်းအတွက်ကြိုးစားတဲ့ သူ့ရဲ့သဘောထားကို ၂ဝ၁၅ ခုနှစ် ကတည်းက ကျွန်တော်မြင်ခဲ့ပြီးပါ ပြီ။ အဲဒီတုန်းက ကျွန်တော့်နောက် ခံလူကို ခေါင်းနဲ့ဝင်တိုးခဲ့တဲ့ ရဲရင့် မှုမျိုးက တကယ်ကြိုက်စရာ ကောင်းပါတယ်''ဟု ဆိုးလ်ရှား ကပြောသည်။ မန်ယူတွင် နေရာ စုံမှ ဂိုးသွင်းသူများလိုအပ်ဟုလည်း ¤င်းကပြောသည်။