images
UN
UN
အသင်းမှထုတ်ပယ်ခံရမည်ကို စတိဗ်ဘရုစ်စိုးရိမ်ခဲ့
Ref; Telegraph Thursday, 10 September 2020
နယူးကာဆယ်နည်းပြ စတိဗ် ဘရုစ်က အသင်းအားဝယ်ယူရန် ကြိုးစားသူများ အောင်မြင်သွားခဲ့ ပါက ထုတ်ပယ်ခံရမည်ကိုစိုးရိမ် မိခဲ့သည်ဟု ထုတ်ဖော်ပြောကြား လိုက်သည်။ နယူးကာဆယ်အား ဆော်ဒီစီးပွားရေးလုပ်ငန်းစုကပေါင် သန်း ၃ဝဝ ဖြင့် လွှဲပြောင်းရယူ ရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် ပရီးမီးယားလိဂ်ဘက်မှ ထုတ်ပြန် ထားသည့်စည်းမျဉ်းတချို့နှင့် ငြိ စွန်းခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ ခြင်းလည်းဖြစ်သည်။
စတိဗ်ဘရုစ်က အသင်းအ တွက် ကောင်းမွန်သည့်ရင်းနှီးမြှုပ် နှံမှုဖြစ်သောကြောင့် ဝယ်ယူမှု အောင်မြင်စေရန် ဆန္ဒရှိခဲ့သော် လည်း အပြောင်းအလဲများစွာပြု လုပ်၍ အောင်မြင်မှုရယူနိုင်ရန်ကြိုး စားကြမည်ဖြစ်သောကြောင့် နည်း ပြရာထူးမှ မိမိထုတ်ပယ်ခံရမည်ကို လည်း စိုးရိမ်ခဲ့ဟု ဖွင့်ဟခဲ့သည်။