images
UN
UN
မာတီနက်ဇ်ကိုမရောင်းဟု အင်တာဒု-ဥက္ကဋ္ဌဇနက်တီပြော
Ref; Marca Thursday, 10 September 2020
အင်တာမီလန် ဒုတိယဥက္ကဋ္ဌ ဇနက်တီကတိုက်စစ်မှူးမာတီနက်ဇ် သည် အသင်း၏အနာဂတ်အစီအ စဉ်များအတွင်း၌ ပါဝင်နေသူဖြစ်၍ ရောင်းချရန်အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မာတီနက်ဇ်အား ဘာစီလိုနာကခေါ် ယူရန်ပြီးခဲ့သောဘောလုံးရာသီတွင် ချဉ်းကပ်မှုများစွာ ပြုလုပ်ခဲ့သည်။ သို့သော် ကစားသမား၏စာချုပ် လျော်ကြေးကိုပေးမှသာ ထွက်ခွာ ခွင့်ပေးရန် အင်တာမီလန်ကဆုံး ဖြတ်ထားခြင်းကြောင့် အပြောင်းအ ရွှေ့ဖြစ်လာရန် ခက်ခဲခဲ့ခြင်းလည်း ဖြစ်သည်။
ဇနက်တီက ''အင်တာမီလန် ကနေ မာတီနက်ဇ် ထွက်ခွာမှာမ ဟုတ်ပါဘူး။ သူ့ကိုကြည့်ရတာ လည်း အီတလီမှာပျော်ပျော်ရွှင်ရွှင် ရှိနေပါတယ်။ တကယ်လို့သာ အ သင်းကထွက်သွားမယ်ဆိုရင် သူ့အ နေနဲ့ မလွယ်ကူနိုင်တာတွေရှိလာ နိုင်ပါတယ်။ သူက အင်တာမီလန် ရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ ပါ ဝင်နေတဲ့သူပါ။ အသင်းဘက်က တော့ သူ့ကို မရောင်းပါဘူး''ဟု ပြောသည်။