images
UN
UN
ပေါ်တိုမှကစားသမားတစ်ဦးကို ဝုဗ် ထပ်မံခေါ်ယူ
Ref; Dailymail Thursday, 10 September 2020
ဝုဗ်အသင်းသည် ပေါ်တိုအသင်းမှကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူလိုက်ပြီဖြစ်သည်။ ဝုဗ်သည် ပြီးခဲ့သောတစ်ပတ်က ဖေဘီယို ဆေးလ်ဗားအား အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပေါ်တိုထံမှခေါ် ယူခဲ့သည်။ ယခုအခါတွင် အသက် ၂ဝ သာရှိသေးသော ကွင်းလယ်က စားသမား ဗီတင်ဟာကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း လည်းဖြစ်သည်။ ပေါ်တူဂီယူ-၂၁ လက်ရွေးစင်ကစားသမား ဗီတင်ဟာ သည် ပြီးခဲ့သောဘောလုံးရာသီတွင် ပေါ်တိုအသင်းကြီးသို့ ထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့သူဖြစ်သည်။ ပေါ်တိုနှင့်ခြေစွမ်းပြနိုင်ခဲ့သော်လည်း ¤င်း၏စွမ်းဆောင်ရည်မှာ ပုံမှန်သတ်မှတ်၍မရသဖြင့် ဝေဖန်မှုတချို့နှင့် လည်း ရင်ဆိုင်ခဲ့ရဖူးသူဖြစ်သည်။ ဝုဗ်အသင်း၏ အမှုဆောင်ချုပ် ဂျက်ရှီ က အသင်းတွင် ဗီတင်ဟာခြေစွမ်းပြနိုင်ပါက အပြီးသတ်စာချုပ်ချုပ်ဆို ရန်အထိ ရည်ရွယ်ထားကြောင်းနှင့် အထူးအရည်အသွေးရှိသောလူငယ်ဟု ပြောကြားထားသည်။