images
UN
UN
ဆိုင်ကယ်စီးလာသူထံမှWY စိတ်ကြွဆေးပြား ၃၇ဝဝဝ နှင့် ဘိန်းဖြူ ၁ဝ၆ ခွက်ဖမ်းမိ
ရဲရင့်(ကသာ) Thursday, 10 September 2020
ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၂ နာရီခွဲက ကသာမူးယစ်တပ်ဖွဲ့စု (၆)မှ ရဲအုပ်ကျော်နိုင်အဖွဲ့၊ ပင်လည် ဘူးမြို့မရဲစခန်းမှနယ် ထိန်းခေါင်း ဆောင် ဒုရဲအုပ်လွမ်းမိုးအောင်အဖွဲ့၊ ပင်လည်ဘူးမူးတား အဖွဲ့တို့ပါဝင် သော ပူးပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရ သက်သေ များနှင့်အတူ ပင်လည်ဘူးမြို့နယ် သစ်ဖြူကျင်း ကျေးရွာနှင့်ညောင် ကုန်းရွာကြား မြေသားလမ်း ချင်းကုန်းလမ်းဆုံ နေရာတွင်စောင့် ဆိုင်းနေစဉ် သစ်ဖြူကုန်းရွာဘက် မှ ညောင်ကုန်းရွာဘက်သို့ နေလွင် မောင်းနှင်ပြီး အောင်မြင့်စိုး(ခ) မောင်တုတ် နောက်ထိုင်လျက် လိုက်ပါသော Shanyan အမျိုးစား 125 ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော DY တံဆိပ် ပါ အနက်ရောင်လက်ဆွဲအိတ် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁ဝ၆ ခွက် အလေးချိန် ၁ ဒသမ ဝ၆ ကီလိုဂရမ်ကာ လတန်ဖိုးငွေ ကျပ် ၁ဝ၆ဝဝဝဝဝဝခန့် နှင့် WY စာတန်းပါစိတ်ြ<ွကဆေးပြား၁၈ဝဝ၊ MY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား၁၇ဝဝ စုစုပေါင်း ၃၇ဝဝ၊ သုည ဒသမ ၃၇ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးငွေကျပ်၁၈၅ဝဝဝဝဝ ခန့်တို့ကို သက်သေများရှေ့ ရှာဖွေ တွေ့ရှိရမိသဖြင့် ရဲအုပ်ကျော်နိုင် က အရေးယူပေးပါရန် တရားလို ပြုလုပ်တိုင်တန်းသဖြင့် ပင်လည် ဘူး မြို့မရဲစခန်းမှ တရားခံ နေလွင် (၄၄နှစ်) ပင်လောင်းကျေးရွာ ပင်းကြိုင်းအုပ်စု ပင်လည်ဘူး မြို့နယ်နေသူနှင့် အောင်မြင့်စိုး(ခ) မောင်တုတ် (၄၆နှစ်) ပဒဲကော ကျေးရွာ ပင်လည်ဘူးမြို့နယ် နေသူတို့အား မယ(ပ)၁၆၉/၂ဝ မူးစိတ်ပုဒ်မ ၁၉ (က)/၂၁ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။