images
UN
UN
နမ္မတီး-မြစ်ကြီးနားသွားကားလမ်းရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
လူမော်(မနောမြေ) Thursday, 10 September 2020
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် မြစ်ကြီးနားမြို့နယ် နမ္မတီး-မြစ်ကြီးနားသွားကားလမ်းရှိ (၂၁) မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေနေစဉ် မောင်းနှင်လာ သည့် ဆိုင်ကယ်အားရပ်တန့်စစ် ဆေးရာ မူးယစ်ဆေးဝါးများဖမ်း ဆီးရမိခဲ့ကြောင်း မြစ်ကြီးနားနယ် မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်ဆေးဝါး သတင်းအရ မြစ်ကြီးနားမြို့မူးယစ် တပ်ဖွဲ့စု(၂)မှ ဒုရဲအုပ်ဇော်နောင်၊ မြစ်ကြီးနားမြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်သူတို့ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မြစ်ကြီးနားမြို့ (၂၁)မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာ ဖွေနေစဉ် နမ္မတီးဘက်မှမြစ်ကြီး နားဘက်သို့ ကိုင်ရာ(၄ဝနှစ်)ပင်းခါး ကျေးရွာ မိုးကောင်းမြို့နယ်နေသူ မောင်းနှင်ပြီး လုတောင် (၄၁နှစ်) ပင်းခါးကျေးရွာ မိုးကောင်းမြို့ နယ် နောက်ထိုင်လိုက်ပါလာသည့်CANDA-125 အမျိုးအစားဆိုင် ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကိုင်ရာလွယ်ထားသော အနက် ရောင်ပိုက်ဆံအိတ်အတွင်းမှပလတ် စတစ်အိတ်အကြည်ဖြင့်ထည့်ထား သည့်အမည်းရောင်အစေးခဲအကြေ (ဘိန်းဆီခဲ)အလေးချိန်သုံးဂရမ်၊ ကာလတန်ဖိုး ငွေကျပ် ၆ဝဝဝနှင့် လုတောင်လွယ်ထားသည့် အနီ ရောင်ပိုက်ဆံအိတ်အတွင်း အနက် ရောင်ြ<ွကပ်ြ<ွကပ်အိတ်ဖြင့်ထုပ်လျက် အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်အတွင်းထည့်ထားသည့် တံဆိပ်မပါပန်းရောင်စိတ်ြ<ွကရူးသွပ် ဆေးပြား ၁၉ဝ ပါတစ်ထုပ်နှင့် ၈၈။၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝ ပါ တစ်ထုပ်၊စုစုပေါင်းစိတ်ြ<ွကရူးသွပ် ဆေးပြား ၃၈ဝ ၊ကာလတန်ဖိုးငွေ ကျပ် ၇၆ဝဝဝဝ တို့အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍မူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိသူကိုင်ရာ နှင့်လုတောင်တို့နှစ်ဦးအား မြစ်ကြီး နားမြို့နယ်မြေရဲစခန်းမှ မယ (ပ)၁၂၄/၂ဝ၂ဝ၊မူး/စိတ်ပုဒ်မ၁၉ (က)/၂၁ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။