images
UN
UN
ပရိသတ်တွေစိတ်ပူနေကြလို့ ပြန်လည်ရှင်းလင်းလိုက်တဲ့ နိုင်းနိုင်း
ဒဂုံဝေလင်း Saturday, 12 September 2020
လိပ်ပြာစံအိမ်၊ဒုဠဝတီကိုကျော် လွန်၍စသည့် ရုပ်ရှင်ဇာတ်ကား များဖြင့် ပြန်လည်ပြီးပရိသတ်အား ပေးမှုရရှိလာခဲ့သည့် မင်းသား နိုင်းနိုင်းအနေဖြင့် မွေးရပ်မြေမြန်မာ ပြည်ကို ကိုဗစ်ကာလအတွင်း ပြန် လည်ရောက်ရှိလာခဲ့ပြီးယခုဆိုလျှင် သက်ဆိုင်ရာကျန်းမာရေး ဝန်ကြီး ဌာနမှာသတ်မှတ်ထားသော လုပ် ဆောင်မှုများကို လုပ်ဆောင်ခဲ့ရာ ကိုဗစ်ပိုးစစ်ဆေးမှုတွင် Negative အဖြစ်ပြသသောကြောင့် မကြာမီ မိဘများနှင့်အတူ ပရိသတ်များနှင့် ပါပြန်လည်တွေ့ ဆုံရတော့မည်ဖြစ် ကြောင်းသိရပြီး၊ ယင်းအနေဖြင့် ဟိုတယ် Quarantine ဝင်ရောက် နေ့စဉ်အတွင်း သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး ပရိသတ်ကို မှားယွင်းအသိပေးမိ သည့်အတွက် Live လွှင့်ပြီး ပြန် လည်ဖြေရှင်းခဲ့ရကြောင်းသိရသည်။
''ကျွန်တော်အနေနဲ့ မြန်မာ နိုင်ငံမှာ ရိုက်ကူးရေးတွေလုပ်ကိုင် ရင်းမိသားစုရှိတဲ့ အမေရိကန်ကို မကြာမကြာပြန်သွားတာပါ၊ ဒီ တစ်ခါသွားတဲ့အခါ ကိုဗစ်ကာလ ဖြစ်နေတော့ ကိုဗစ်ကာလမှာ မိသားစုဆီကနေ မြန်မာနိုင်ငံပြန် လာရင်း သုံးပတ်တာ ဟိုတယ် Quarantine ဝင်ခဲ့တာပါ။COVID ဆေးစစ်ချက်ဒီနေ့အဖြေထွက်ပါ တယ်။Negativeဖြစ်ပါတယ်။ ကိုယ်ကျိုးကို မငဲ့ဘဲအများအကျိုး သယ်ပိုးနေသော ကျန်းမာရေးဝန် ထမ်းများကို အထူးကျေးဇူးတင်ပါ ကြောင်း၊ကျွန်တော့်ကိုလိုလေသေး မရှိ အစစအရာရာကူညီပေးကြ သော INYA LAKE HOTEL မှFront office Team ကိုအထူး ကျေးဇူးတင်ပါတယ်။ ချစ်သော ပရိသတ်များလည်း COVID ရောဂါကင်းဝေးကြပါစေ။ဘယ်သွား သွားဘာလုပ်လုပ် MASK ကိုတပ် ပြီးလက်အိတ်လေးတော့စွပ်သွား ကြပါ။လက်ကိုစင်အောင်ဆေးပါ ခင်ဗျာ''ဟုပြောကြားသွားခဲ့သည်။