images
UN
UN
လူရွှင်တော်ဟာသသရုပ်ဆောင်ကြီး ဦးပလာတာ(အသက်၉ဝနှစ်) ကွယ်လွန်
ကိုဝေလင်း Thursday, 17 September 2020
ဟာသပညာနဲ့ပရိသတ်ကိုတင် ဆက်ဖျော်ဖြေခဲ့သူ ဟာသလူရွှင် တော်ကြီး ဦးပလာတာသည် စက်တင်ဘာ ၁၇ ရက် နံနက်၂ နာရီတွင် ၉၆ ပါးရောဂါဖြင့် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။
အနုပညာလောကအတွင်း နှစ် ပေါင်း ၆ဝ နီးပါးရပ်တည်ခဲ့သူ ဟာသလူရွှင်တော်ကြီးဦးပလာတာ သည် ဦးရွှေရိုး၊ ဦးသော်တာ၊ ဦး စံမတူတို့နှင့်အတူ ဟာသပြက် လုံးများကို အတွဲညီညီတင်ဆက် ခဲ့ကြသူများဖြစ်သည်။
'' ဘဘက အသက်၉ဝ ဆို ပေမဲ့ကျန်းမာတယ်။ပုံမှန်ခြင်းခတ် တယ်။ ပျော်ပျော်နေတတ်တယ်။ ကွယ်လွန်တာက လူကြီးရောဂါနဲ့ ပါပဲ။ ရောဂါတခြားထွေထွေထူး ထူးတော့မရှိပါဘူး။ သူ့ရဲ့အနု ပညာသက်တမ်းကလည်း မနည်း ဘူး။ နှစ်ပေါင်း ၆ဝ လောက်ရှိပြီ ပေါ့။ တကယ့်ကိုတော်တဲ့ တတ်တဲ့ အနုပညာရှင်ကြီးကွယ်လွန်တာ အများကြီးစိတ်မကောင်းဖြစ်ရပါ တယ်။သူတို့ အဖွဲ့ထဲမှာ အခုဆိုရင် ဦးစံမတူကြီးပဲ ကျန်တော့တယ်။ အခုလက်ရှိကတော့ သားသမီးတွေ နဲ့တိုင်ပင်ပြီး ဒီနေ့ ၂နာရီမှာ ရေဝေး သုသာန်မှာ သဂြုင်္ိဟ်ပါမယ်''ဟု ရုပ်ရှင်အစည်းအရုံးမှ ဦးချစ်ဆွေ က ပြောသည်။
ကွယ်လွန်သူဇနီးဒေါ်ခင်ထွေး နှင့်သားသမီးခြောက်ဦးထွန်းကား ခဲ့သူ ဟာသသရုပ်ဆောင် ဦးပလာ တာသည် ကွယ်လွန်ချိန်တွင် အသက်(၉ဝနှစ်)ရှိပြီဖြစ်သည်။