images
UN
UN
ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ စားသောက်ကုန်အချို့ကို အမေများအဖွဲ့ မမများအဖွဲ့နှင့် ကိုလူချောအဖွဲ့တို့အား လှူဒါန်းခဲ့သည့် ဆရာတော် အရှင်ကုမာရ
ဒဂုံဝေလင်း Thursday, 17 September 2020
ဆရာတော် အရှင်ကုမာရ ဦးဆောင်ပြီး စက်တင်ဘာ ၁၅ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ အလိုတော်ပြည့်ကျောင်း တိုက်၌ အနုပညာရှင်များဖြစ်ကြ သော အမေများအဖွဲ့၊ မမများအဖွဲ့ နှင့် ကိုလူချောအဖွဲ့တို့အတွက် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ အခြေခံ စားသောက်ကုန်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။
''Philanthropic Work မှာ နာမည်ကျော်လူတွေအားလုံး မပါ ဝင်ကြဘူး။ ချမ်းသာတဲ့သူတွေ လည်း ဒီအချိန်မှာ အားလုံး အလှူမလုပ်ကြပါဘူး။ သန်မာတဲ့ ယောက်ျားတွေအားလုံးက လိုအပ် ချက်တွေကို အကူအညီ မပေးနိုင် ပါဘူး။ အချိန်ရသော်လည်း ပရဟိတအလုပ်တွေလုပ်ဖို့ လူတွေ အားလုံးက စိတ်မဝင်စားကြဘူး။အတွေးအခေါ်ပညာသည် လူ အများ ပျော်ရွှင်ချမ်းမြေ့စေရန်၊ ကိုယ်ချင်းစာတရားရှိသူတွေ၊ ကြင် နာတတ်သူတွေ၊ နှလုံးသားလှလှ ပိုင်ဆိုင်သူတွေနှင့် အခြားသူတွေကို ကူညီရန် ကြင်နာတတ်သူတွေ အတွက် လုပ်ဆောင်ချက်ဖြစ်ပါ တယ်''ဟုဆရာတော်အရှင်ကုမာရ က မိန့်ကြားသည်။
အဆိုပါလှူဒါန်းမှုတွင် အနု ပညာရှင်များဖြစ်ကြသော အမေ များအဖွဲ့၊ မမများအဖွဲ့နှင့် ကိုလူ ချောအဖွဲ့တို့၏ အိမ်ထောင်စု ၁ဝဝ အတွက် ငွေကျပ် ၂၅ သိန်းရှိ ၃၈ မျိုးပါသည့် အခြေခံစားသောက် ကုန်များ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ကိုဗစ်ဖြစ်ပွားနေသည့်ကာလအတွင်း နာမည်ကြီး အနုပညာရှင်များဖြစ် သည့် လွင်မိုး၊ နေတိုး၊ နေထက် လင်း၊ ဘုန်းလျှံ၊ ညီမင်းခိုင်၊ ခိုင်နှင်းဝေ၊ နန်းခင်ဇေယျာ၊ သံသာ မိုးသိမ့် စသည်တို့အပြင် စေတနာ ရှင်အလှူရှင်များ၏ လှူဒါန်းမှုကို စစ်တွေသို့ တတိယအကြိမ် ပိုးသတ် ဆေးဘူး အကြီး အသေး၊ ကျော ပိုးအိတ်များအပြင် ဆေးဝါး၊ စား သောက်ကုန်များကို ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။