images
UN
UN
အသက် ၅ဝ ပြည့် မွေးနေ့အလှူအဖြစ် ကိုဗစ်ကာကွယ်ကုသရေးအတွက် လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် လွင်မိုး
သွန်းလေး Thursday, 17 September 2020
မွေးနေ့အလှူအဖြစ် ကိုဗစ်ကာ ကွယ်ကုသရေးအတွက် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင်လွင်မိုးက ၄င်းရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ ရေးသား ထားပါတယ်။
ပရိသတ်အချစ်တော် သရုပ် ဆောင်တစ်ဦးဖြစ်တဲ့အပြင် တစ် ခေတ်တစ်ခါက နာမည်ကြီးမင်း သားတစ်လက်ဖြစ်တဲ့ မင်းသား လွင်မိုးကတော့ ပရဟိတအလှူ အတန်းလေးတွေကိုလည်း တတ် နိုင်သလောက် လှူဒါန်းပေးခဲ့ကြ တာဖြစ်ပါတယ်။
''ဒီနေ့ ၅ဝ ပြည့်ပါတယ်။ ရွှေရတုပေါ့ We Love Yangon နဲ့ နေရာတချို့ အလှူလုပ်ဖြစ်ခဲ့ပါ တယ်။ Covid ကာလအားလုံး ဘေးရန်ကင်းပြီး ပျော်ရွှင်စရာ ကောင်းတဲ့ ပုံမှန်ဘဝကို အမြန်ဆုံး ပြန်ရောက်ပါစေဆိုသောဆု တစ်ခု သာပေးပါ''လို့သရုပ်ဆောင်လွင်မိုး က ပြောပါတယ်။
သရုပ်ဆောင်လွင်မိုးရဲ့အသက် ၅ဝပြည့်မွေးနေ့အလှူအဖြစ်ရိုးမရိပ် သာတွင် အသုံးပြုရန်အတွက် လူမှု အကျိုးပြုပရဟိတလုပ်ငန်းများလုပ် ကိုင်နေသော We Love Yangon အဖွဲ့သို့ အဲကွန်းတစ်လုံး၊ သံခုတင် ၁ဝ လုံး လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။