images
UN
UN
ထိုင်းဘက်ကလာသည့် ကုန်ကားခြောက်စီးသာလက်ခံမည် ယာဉ်မောင်းများကိုဝင်ခွင့်မပေးရန် တာချီလိတ်မြို့နယ် တာဝန်ရှိသူများဆုံးဖြတ်
Thursday, 17 September 2020
COVID-19 ကာလမှာ ထိုင်း နိုင်ငံ မယ်ဆိုင်ဘက်က ကုန်ကား ခြောက်စီးကိုပဲ လက်ခံပြီး ထိုင်း ယာဉ်မောင်းတွေကိုလည်း မြန်မာ နိုင်ငံထဲ ဝင်ခွင့်မပေးဖို့ ဆုံးဖြတ် လိုက်တယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ရွှေတြိဂံဒေသ သတင်းဌာနကို အတည်ပြုပြောကြားပါတယ်။
ယမန်နေ့က အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။
''ထိုင်းနိုင်ငံဘက်ကနေ ကား ခြောက်စီးပဲ လက်ခံမယ်၊ ထိုင်း ဘက်က ဘယ်လိုကားပဲလာလာ ခြောက်စီးပဲ လက်ခံမယ်၊ အဲဒီ ခြောက်စီးနဲ့ပဲ ခေါက်တုံ့ခေါက်ပြန် လုပ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာလည်း မြန်မာဘက်က ကား ခြောက်စီးပဲ ထိုင်းက လက်ခံ တယ်၊ ၁၆၈ စီးလို့ ပြောပေမယ့် တကယ်တန်းကျတော့ သူတို့ဘက် က မြန်မာကားနံပါတ်နဲ့ မှတ်ပုံတင် ထားတာကခြောက်စီးပဲ ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဘက်က ထိုင်းနံပါတ်နဲ့ကား ခြောက်စီးပဲ လက်ခံမယ်၊ ခေါက် တုံ့ခေါက်ပြန်ဆွဲပေါ့၊ ဝင်လာတဲ့ ကားတွေကိုလည်း မြို့ထဲထိ ပေးမ ဝင်ဘူး၊ အမှတ်(၂) တံတား အကောက်ခွန်ဝင်းမှာ မြန်မာကား သမားနဲ့ ပြောင်းပြီးတော့ သူတို့ ပို့ချင်တဲ့နေရာ မြန်မာကားသမား ကလိုက်ပို့မယ်''လို့ ဦးချမ်းမြေ့စော က ပြောကြားပါတယ်။
ဝင်လာတဲ့ကားသမားတွေကို ကျန်းမာရေးစစ်မယ်၊ လဝကက လည်း လဝက အလျောက်လုပ် မယ် ကားတွေကိုလည်း ဆေးဖျန်း မယ်၊ ထိုင်းဘက်က ဝင်လာချင်တဲ့ ကားတွေလည်း ဒီမှာမှတ်ပုံတင်ရ မယ်၊ လက်ရှိမှာတော့ ထိုင်းဘက် ကနေ မြန်မာဆီကို ဝင်လာတဲ့ ကားတွေက မှတ်ပုံတင်ထားတာ မရှိတဲ့အတွက် မှတ်ပုံတင်ပြီး ဖြတ် သန်းခွင့်ရတော့မှ ဝင်ရမယ်လို့ လည်း ဦးချမ်းမြေ့စောက ဆက် လက် ပြောကြားပါတယ်။
တာချီလိတ်မြို့နယ် ကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းဆိုင်း ကလည်း ''ခါတိုင်းက သဘော တူထားပြီးသား၊ ဘာလုပ်လုပ် ဘာပဲကြေညာကြေညာ နှစ်ဖက် လုံး ညှိညှိနှိုင်းနှိုင်းနဲ့ ထုတ်ပြန်ရ မယ်ဆိုပြီး သဘောတူထားတာကို ထိုင်းဘက်က မနေ့က တစ်ဖက် သတ် ကြေညာတဲ့အတွက် သူတို့ က ကားခြောက်စီးကိုပဲ ခွင့်ပြုတဲ့ အတွက် ကျွန်တော်တို့ဘက်က လည်း ခြောက်စီးပဲ ခွင့်ပြုမယ် ဆိုပြီး ပြောလိုက်ပါတယ်''လို့ ရွှေ တြိဂံဒေသ သတင်းဌာနကို ပြော ပါတယ်။
မယ်ဆိုင်မြို့က မြန်မာအလုပ် သမားသံအရာရှိ ဦးထွန်း(မယ်ဆိုင်) ကလည်း ထိုင်းဘက်က ညှိနှိုင်း ခြင်းမရှိဘဲ ပြုလုပ်တဲ့အတွက် မြန်မာဘက်ကလည်းတုံ့ပြန်ဆောင် ရွက်ခြင်း ဖြစ်တယ်လို့ ပြောဆိုပါ တယ်။
''သူတို့ ထိုင်းဘက်ကတောင် မှ ဘာမှမညှိနှိုင်းဘဲနဲ့ လုပ်တာ ဆိုတော့ ကျွန်တော်တို့ဘက်က လည်း ဘာပဲဖြစ်ဖြစ် တန်ပြန်မှု လုပ်တဲ့သဘောလေးပါ။ လူကြီး ပိုင်းကလုပ်တာဖြစ်တဲ့အတွက် ကျွန် တော့်အနေနဲ့ ဘာမှတော့ထင်မြင် ချက် မပေးလိုပါဘူး''ဟု ကိုထွန်း (မယ်ဆိုင်)က ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က COVID-19 ကာလမှာ စက်တင် ဘာ ၁၇ ရက်ကစပြီး မြန်မာနိုင်ငံ ဘက်က ကုန်တင်ယာဉ်အစီးရေ ကို လျှော့ချကန့်သတ်လိုက်ကာ မြန်မာယာဉ်မောင်းတွေကိုလည်း ထိုင်းဘက် ပေးမဝင်တော့ဘူးလို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါ တယ်။
စက်တင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာ နိုင်ငံဘက်က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့နဲ့ မယ်ဆိုင်မြို့ က အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် အခုလို တရားဝင် အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာဘက်ကို ပေးပို့တဲ့ အကြောင်းကြားစာထဲမှာ ကုန်တင် ယာဉ်တွေကို လွယ်ကူစွာထိန်းချုပ် နိုင်ဖို့အတွက် မယ်ဆိုင်-တာချီ လိတ်ချစ်ကြည်ရေးတံတားအမှတ် (၂)မှာ တစ်နေ့ကို ကုန်တင်ယာဉ် အစီးရေ ၁၆၈ စီးသာ ဖြတ်သန်း ခွင့်ပေးပြီး မြန်မာယာဉ်မောင်းတွေ ကို ထိုင်းဘက် ပေးမဝင်တော့ သလိုယာဉ်တစ်စီးမှာလူတစ်ဦးနှုန်း သာ မောင်းနှင်ခွင့် ပြုထားတာ တွေ့ရပါတယ်။
တာချီလိတ်မြို့နယ် ကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းဆိုင်း ကလည်း အရင်ကား ၂ဝ၉ စီး သွားတာကို အခု ၄၁ စီး ဖြုတ်ချ လိုက်တာဖြစ်ကြောင်း သိရတယ် လို့ ပြောကြားထားပါတယ်။