images
UN
UN
ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုအပေါ် သုံးသပ်ပြောဆိုလိုက်သည့် အနုပညာရှင် နှစ်ဦး
ဒဂုံဝေလင်း Friday, 18 September 2020
၂ဝ၁၉ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် COVID-19 ကပ်ရောဂါဆိုးကြီး ပြည်တွင်း၌ ကူးစက်မှုနှုန်း တစ်နေ့တခြားမြင့်တက်လာသည့် ရန်ကုန်မြို့ကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်ရှိ ပြည်သူများအနေဖြင့် သတိပိုမိုထားရှိသင့်သလို လုပ်ငန်းများပြန်လည်လည်ပတ်နိုင် မည့်အချိန်ကျမှ ဒုတိယလှိုင်း ထပ်မံဖြစ်ပွားမှုပေါ်လာသောကြောင့် အချို့လုပ်ငန်းများ ပြန်လည်ရပ်ဆိုင်းနေရကြောင်း သိရသည်။ ထိုသို့ဖြစ်ပွား နေမှုနှင့်ပတ်သက်၍ အများပြည်သူများကိုအနုပညာရှင်နှစ်ဦးဖြစ်သည့် နေထက်လင်းနှင့် အေးမြတ်သူတို့က ယခုလိုသတိပေးသုံးသပ်ပြော ကြားခဲ့သည်။

နေထက်လင်း
***********
''ရခိုင်ကို COVID-19 ဒုတိယ လှိုင်းလာမယ်ဆိုတာ ကျွန်တော်တို့ ကသိတယ်၊ ဒါပေမဲ့ ပြောမရဘူး၊ လူကြီးပိုင်းကလည်း ပြောလို့မရ ဘူးဆိုတော့ ဖြစ်တော့မှဖြစ်ဆိုပြီး လွှတ်ပေးလိုက်တော့ ပိုဆိုးသွား တာပေါ့၊ ဒါပေမဲ့လည်း တစ်ယောက် နဲ့ တစ်ယောက်ကို အပြစ်တင်နေ မယ့်အစား လူတစ်ကိုယ်စိတ်တစ် မျိုးပေါ့လေ ဆိုးတာရှိသလို ကောင်း တာလည်းရှိတာကို။ တိုင်းရင်းသား အချင်းချင်းစိတ်ဝမ်းကွဲနေလည်း ပြီးမှာမဟုတ်တော့ပါဘူး၊ အားလုံး တန်းတူဆိုတာကို ကိုဗစ်က ပြနေ တာပါ၊ စည်းလုံးသင့်တယ်ဆိုတာ ကိုပြနေတာပါ၊ အကုန်လုံးက သွေး သားရင်းတွေပါပဲ။ တစ်ယောက်ဖြစ် ရင်တစ်ယောက်က ဝိုင်းပြီးကူညီ ကြရမှာလေ၊ ကူညီလို့လည်းတိုင်း ရင်းသားထဲကနေ နာမည်ကြီးအနု ပညာရှင်တွေဖြစ်လာကြတာမဟုတ် လား။ အဲဒီတော့ပြည်သူတွေအနေနဲ့ လည်း စိတ်ဝမ်းကွဲစေမယ့်စကား တွေမဆိုကြပါနဲ့။ အခုအချိန်မှာ ဒီ ရောဂါဆိုးကြီးရန်ကနေ ဘယ်လို ရုန်းထွက်ကြမလဲဆိုတာကိုပဲ စဉ်း စားကြပါလို့ ပြောပါရစေ''

အေးမြတ်သူ
*********
''အမှန်အတိုင်းပြောရရင် ဒီ ဒုတိယလှိုင်းက အမှန်အတိုင်းပြော ရရင် လွန်ခဲ့တဲ့လပိုင်းက ခရီးသွား ကြတာတွေ များတယ်။ ဒါမျိုး မသွားသင့်ဘူး၊ မွန်းကျပ်နေကြတာ ဆိုတာကိုနားလည်ပေမယ့် စိတ်ကို အလိုလိုက်မိတော့ အခုဆိုမဖြစ်သင့် တာတွေဖြစ်ကုန်ရော၊ အဲဒီတုန်းက ရုံးပိတ်ရက်တွေကလည်းများတော့ အိမ်ထဲမှာနှစ်လသုံးလလောက် ပိတ်နေတဲ့အခါမှာ တော်တော်များ များခရီးထွက်ကြတယ်။ အဲဒီမှာ ရောဂါပိုးက ဘယ်ကနေဘယ်လို ကူးလာမှန်းမသိဖြစ်ကုန်ရော၊ အခု ဆို လုပ်ငန်းခွင်မဝင်လို့မရတော့ ဘူး၊ သုံးလလေးလလောက်အလုပ် မရှိဘဲ နေခဲ့ရတာ၊ ဗမာတွေက အလှူအတန်းရက်ရောတယ်၊ ကိုယ့် မှာရှိ ရှိတဲ့ဟာ အကုန်လှူတာ၊ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပိုက်ဆံ ဆိုတာအနည်းငယ်နည်းနေပြီပေါ့ နော်၊ ကြားရတဲ့ သတင်းတွေအရ ဒုတိယလှိုင်းစပြီ၊ စိတ်ဓာတ်တော့ တအားကြီးမကျပါနဲ့၊ လူက စိတ် ကျသွားရင် ဘာမှလုပ်လို့မရတော့ ဘူး။''