images
UN
UN
အဆိုတော် ၁၄ ယောက်ပါဝင်သီဆိုထားတဲ့ မဲပေးကြစို့သီချင်းထွက်ရှိလာ
အဖြူရောင် Friday, 18 September 2020
မကြာမီမှာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည် သူများအနေနဲ့ မဲပေးကြဖို့အတွက် တိုက်တွန်းလှုံ့ဆော်ထားတဲ့ တေး သီချင်းတစ်ပုဒ်ကို ဖန်တီးသီဆို ထားတာဖြစ်ပြီး Vote 2020 ၂ဝ၂ဝ မဲပေးကြစို့ page မှာ ကြည့်ရှု နားဆင်နိုင်မှာဖြစ်တယ်။
ယခုသီချင်းကိုတေးရေး-ကီး ရှိန်း၊ျွစေ စာသား မိစန္ဒီ၊ တေးဆို- ကျော်သီဟ၊ ဖြိုးပြည့်စုံ၊ ဒေးဗစ် လိုင်၊ မူးလာ၊ ရောကီး၊ ကီးရှိန်း၊ အောင်ကောင်းမြတ်၊ မြတ်မင်းခန့်၊ ရွှေရည်ဖြိုးမောင်၊ မိစန္ဒီ၊ ဂျူဝယ်၊ မာစီ၊ ညိုမီမီထွန်း၊ သဲသဲတို့ သီဆို ထားတာဖြစ်ပါတယ်။
သီချင်းလေးမှာ မိစန္ဒီတို့ဂီတ မောင်နှမ ၁၄ဦးက နိုင်ငံအကျိုး အတွက် ပါဝင်သီဆိုထားတာဖြစ် ပါတယ်။ ဒီသီချင်းလေးရဲ့ရည်ရွယ် ချက်ကတော့ လာမယ့် ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ အသက်ပြည့်ပြီးသူ တိုင်း မဲပေးကြဖို့နှိုးဆော်ထားခြင်း ဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ ထုံးစံအတိုင်း မိစန္ဒီကတော့ Rap တစ်ပိုဒ် ပါဝင်သီဆိုထားပါတယ်။ ဒီသီချင်းက လာမယ့်စက်တင်ဘာ ၁၈ ရက်နေ့မှာ Music Video နဲ့ ထွက်ရှိမှာဖြစ်ပါတယ်။ဒါ့ကြောင့် Vote 2020 page ကနေ စောင့်မျှော် နိုင်ပါတယ်နော်။ ''အသက်ပြည့် ပြီးသူ နိုင်ငံသားတိုင်း မဲပေးဖြစ် အောင်ပေးပါ''လို့ အဆိုတော်မိစန္ဒီ က ပြောပါတယ်။
''မဲပေးကြစို့'' သီချင်းကို အသံသွင်းပြီး ရိုက်ကူးရေးလုပ်တဲ့ နေ့က အမှတ်တရ ရိုက်ကူးထားတဲ့ BTS Video YouTube လေးကို လည်း ရိုက်ကူးခဲ့ကြပြီး ဒီသီချင်း ကတော့ အသက်ပြည့်ပြီးတဲ့ လူငယ်တိုင်းနှင့် နိုင်ငံသားတိုင်းကို မဲပေးဖြစ်အောင်ပေးဖို့ နှိုးဆော်ထား တဲ့ သီချင်းလေးဖြစ်ရာ ဒီသီချင်းကို ခုလာမယ့် စက်တင်ဘာ ၁၈ ရက် မှစ၍ Music Video နဲ့အတူ နား ဆင်ကြည့်ရှုရမှာဖြစ်ပါတယ်။