images
UN
UN
လူငယ်ဒါရိုက်တာ ဝီရအောင် ရိုက်ကူးသည့် The Glass Man ဇာတ်လမ်း ကမ္ဘာကျာ် Amazon Platform မှ ရွေးချယ်
ဒဂုံဝေလင်း Friday, 18 September 2020
အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့တွင်ပြုလုပ်သော ကမ္ဘာကျော် Amazon Platform များတွင် ပြသခဲ့သည့် ဇာတ်ကားများထဲတွင် မြန်မာ လူငယ်ဒါရိုက်တာဝီရအောင် ဖန်တီးတင်ဆက်ထားသော The Glass Man ရုပ်ရှင်ကား ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါဇာတ်လမ်းသည် မြန်မာ့မသန်စွမ်းတွေ ကြုံတွေ့နေရသည့် ဘဝအခက်အခဲကိုရိုက်ကူးထားသောဇာတ်လမ်းဟု သိရသည်။
''Amazon မှာ အခုလိုပြသခွင့်ရဖို့အတွက် လော့စ်အိန်ဂျလိစ်မှာ ကျွန်တော်ပြတုန်းက သူတို့လာကြည့်တယ်။ ဒီကားကို အဲဒီကတည်းက သဘောကျတယ်ဆိုပြီး သူတို့က Marked လုပ်ထားတယ်။ အခုတစ်ကမ္ဘာ လုံးကနေ ဇာတ်ကားလေးကားရွေးတော့ ကျွန်တော့်ဇာတ်ကားလည်းပါ တယ်ပေါ့။We are all Human ခေါင်းစဉ်အောက်မှာ သူတို့ကပြနေ တယ်။ အခု UK နဲ့ USA မှာ ပြနေတယ်။ နောက်သုံးလကြာရင် တစ် ကမ္ဘာလုံးကိုပြမယ်။ ဒီဇာတ်ကားမှာ ကောင်းထက်နိုင်ဆိုတဲ့ ညီလေး ပါတယ်။ အရိုြး<ွကပ်ဆတ်ရောဂါကို ခံစားနေရတဲ့ကောင်လေးအကြောင်း ပေါ့။ ကျွန်တော်ရိုက်တဲ့အချိန်မှာတောင် သူက အရိုးအကြိမ် ၃ဝ ကျော် ကျိုးပြီးပြီ။ သူ့အကြောင်းကိုကြည့်ပြီး မြန်မာနိုင်ငံက မသန်စွမ်းတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကမ္ဘာကသိစေချင်တာ''ဟု ပြောသည်။
ယင်းအနေဖြင့် ထပ်မံပြီး လူ့အခွင့်အရေးံHuman Rights ဆိုင်ရာ ရုပ်ရှင်တစ်ခုထပ်ရိုက်သွားမည်ဖြစ်ပြီး ဝင်ငွေတစ်စိတ်တစ်ပိုင်းကို မသန်စွမ်း သူများအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး နောက်ထပ်ရုပ်ရှင်အချို့ကို လည်း Amazon နှင့် Apple TV တို့တွင် ပြသနိုင်ရန် ဆွေးနွေးနေ ကြောင်း သိရသည်။