images
UN
UN
တပ်မတော်အနေနဲ့ အကုန်လုံးအပြည့်အစုံရှိတယ် အဲဒါကိုမယူဘဲနဲ့လုပ်ခြင်းဟာ ကိုဗစ်ကိုပိုကြီးအောင်လုပ်နေတာလား ပိုကြီးအောင်လုပ်ရင် နိုင်မှာလား
ကိုနေ၊ သုခ Saturday, 19 September 2020
လက်ရှိဖြစ်ပွားနေသော ကိုဗစ်ရောဂါမှာ ပြင်းထန်လာသည့်အတွက် နိုင်ငံရေးပါတီ ၂၄ ပါတီက ရွေးကောက်ပွဲရက်သတ်မှတ်ချက် ပြန်လည်သုံးသပ်နိုင်ရန် လက်မှတ်ရေးထိုးအိတ်ဖွင့်ပေးစာ ပေးပို့ခဲ့မှု၊ တပ်မတော်မှကူညီမည့်အပေါ် ပယ်ချခဲ့သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုဥက္ကဋ္ဌ ဦးတင်ဆွေအား ပြည်ထောင်စုနေ့စဉ်က ဆက်သွယ်မေးမြန်းထားမှုများကိုရေးသားဖော်ပြလိုက် ပါသည်။

မေး။ ခုလက်ရှိ ကိုဗစ်ဖြစ်ပွားမှု က တအားမြင့်တက်လာ
တယ်ပေါ့နော်။ အဲဒီအတွက် လာ မယ့် ၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ကိုဗစ် ကို နှိုင်းယှဉ်ပြောမယ်ဆိုရင် ဘာ များပြောချင်ပါသလဲဗျ။
ဖြေ။ ဧရာဝတီတိုင်း ဆိုရင်လည်း လူဦးရေ ထူထပ်တယ်။
ရန်ကုန်တိုင်းဆိုရင်လည်း လူဦးရေ ထူထပ်တယ်။ မန္တလေးတိုင်းဆိုရင် လည်း ထူထပ်တယ်။ အဲဒီ တိုင်း သုံးတိုင်းက လူဦးရေထူထပ်ပြီး တကယ်တမ်းလက်ရှိဖြစ်နေတာက လည်း ဒီတိုင်းသုံးတိုင်းမှာ အဖြစ် များနေတယ်။ ဒီကိုဗစ်လှိုင်းနဲ့ ရွေး ကောက်ပွဲက ရွေးကောက်ပွဲကာလ လည်းဖြစ်နေတဲ့အတွက် တိုက်ရိုက် ကို ဆက်နွှယ်နေတာပဲ။ နောက်ပြီး တစ်ဖက်က ကိုဗစ်ကိုအကြောင်း ပြပြီးတော့များအကျိုးသက်ရောက် မှုစဉ်းစားတဲ့ နေရာမှာဒီလိုဖြစ်လာ ခြင်းအကြောင်းအရင်းကို လေ့လာ ကြည့်တဲ့အခါကျတော့ ဒီကိုဗစ်က ကူးစက်လာတာ မြန်မာပြည်ရဲ့ ဘင်္ဂလားဒေ့ရှ်အပေါက်ဝကနေ ဖြစ် လာတော့ အမြင်အရ ရိုးသားတာ လားမရိုးသားတာလား တော်တော် စဉ်းစားယူရတယ်။ ဒါကိုမပိတ် နိုင်လို့ ဒီအပေါက်ကနေ ဝင်တာ လေ။ အသုံးချတဲ့သူတွေအတွက် အားသာချက်ပေါ့။ ကိုဗစ်ကို အသုံးမချချင်တဲ့သူဖြစ်ခဲ့လို့ရှိရင် တော့ သူ ဒီအပေါက်ကို ပိတ်လိုက် လို့ရတယ်။ ဘယ်သူ့အပေါ်မူတည် လဲဆို လက်ရှိအစိုးရအပေါ် မူတည် တယ်။ အစိုးရမှာ တာဝန်ရှိတယ် လို့မြင်တယ်။ ဒီကိစ္စက လက်ရှိ အစိုးရများ ကိုဗစ်အကြောင်းပြ ပြီးတော့ အသုံးချတာ လားလို့ သံသယရှိတယ်။ သူပိတ်လို့လည်း ရတယ်။ ဖွင့်လို့လည်းရတယ်လေ။ ပြည်သူတွေ အရမ်းစိုးရိမ်တဲ့ ဒီ ရောဂါဆိုးကြီးက ဝင်လာတဲ့လမ်း ကြောင်းကို ကြည့်လိုက်တော့ ဒီ နယ်စပ်ကလာတာ၊ ဒီနယ်စပ်က လာရင် အစိုးရအပေါ် တာဝန်ရှိ တယ်လေ။ သူ ဆိုးကျိုးလိုချင် သလား။ ကောင်းကျိုးလိုချင် သလားတို့နဲ့မဆိုင်ဘူး။ ဒီအပေါက် ကို ပိတ်နိုင်ဖွင့်နိုင်တာ သူပဲလေ။ ဒီအကျိုးသက်ရောက်မှုတွေက လက်ရှိ အာဏာပိုင်အစိုးရအပေါ် မူတည်တယ်။
မေး။ ကော်မရှင်ကလည်း ရွေး ကောက်ပွဲလုပ်မယ် ပြော
တယ်။ နိုင်ငံရေးပါတီ ၂၄ ပါတီ ကလည်း ဒီရောဂါကြောင့် ရွေး ကောက်ပွဲ ရွှေ့ဆိုင်းပေးပါလို့ လည်း ပို့ထားကြတယ်။ ခု မဲပေး မယ့် ပြည်သူတွေအတွက်လည်း လုံခြုံမှုမရှိနိုင်ဘူးပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ ဗျာ။
ဖြေ အဲဒါကို တို့ရင်ဘတ်ချင်း တူတဲ့ ပါတီတွေကပြောပြီး
ပြီလေ။ တစ်နေ့မဲထည့်နိုင်တဲ့အရေ အတွက် နာရီကိုသတ်မှတ်ပြီး နာရီ ကို မိနစ်နဲ့သတ်မှတ်လိုက်တယ်။ သတ်မှတ်ပြီး ဒီမဲရုံတစ်ရုံက လူ ဘယ်လောက်မဲပေးမှာလည်းကိုဗစ် ကာလကလည်းအင်မတန်ပြင်းထန် တော့ ပိုစိုးရိမ်တယ်။ လူတွေက No Vote ဖြစ်ရင်လည်း ဖြစ်သွား မယ်။ တချို့က စိုးရိမ်လို့ လာ မထည့်ဘူးလေ။ No Vote ဖြစ်ရင် ဘယ်သူအားသာမလဲ။ နောက်တစ် ချက်က ပြည်သူက နိုင်ငံရေးကို စိတ်ဝင်စားလို့ လာထည့်မယ်ဆို ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ် တော်၊ တိုင်းရင်းသားရေးရာဝန်ကြီး မဲပုံးငါးပုံးကို ထည့်ရမယ့်သူ တစ် ယောက်ကတန်းစီတာရယ်၊ တန်းစီ တာလည်း ခြောက်ပေအကွာက ဆိုရင် ဘယ်အထိရောက်သွားမလဲ။
ကိုက်ဘယ်လောက်အတွင်းမှာ မလုပ်ရဘူး။ မအော်ရဘူးဆိုတဲ့ အဲဒီဟာက ကိုက်တစ်ရာမကဘူး။ ကိုက်ခြောက်ထောင်လောက်တောင် ရောက်သွားနိုင်တယ်။ ဒါတွေကို စဉ်းစားတဲ့အခါကျတော့ ဒါတွေက အကန့်အသတ်နဲ့ပြဿနာတက်မယ့် အလုပ်တွေ။ အဲဒီတော့ ဒီကိုဗစ် ကာလမှာလုပ်တဲ့အတွက် ဒီလူ တွေ မဲထည့်နိုင်ပါ့မလား။ ဒီအထိ စဉ်းစားရတော့မယ်။ နိုင်ငံရေး ပါတီတော်တော်များများက ကိုဗစ် ကာလအတွက်ကိုမဲရုံအရေအတွက် ပိုတိုးဖို့တောင် အကြံပြုတယ်လေ။ သူတို့ကအကြောင်းမပြန်တဲ့အတွက် ဒါတွေက တိုက်ဆိုင်မှုမဟုတ်တော့ ဘူး။ ဒါတွေက တိုင်းပြည်အတွက် စဉ်းစားရမယ့်အချက်တွေလို့ မြင် တယ်။
မေး။ အခုဆိုရင် ကျန်းမာရေးဝန် ထမ်းတွေလည်းကူးစက်မှု
များလာတယ်။ အဲဒီအပေါ် တပ်မ တော်ကကူညီမယ်ဆိုတာကို ပယ်ချ ခဲ့တယ်။ အဲဒီလိုပယ်ချခဲ့မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အဲဒါက ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတယ်လေ။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း တစ်မှာ မူဝါဒဆိုတဲ့ အခန်းတစ်ထဲ မှာပါပြီးတော့ ပုဒ်မ (၆) အောက်မှာ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)ဆိုပြီး ပါပြီးသားလေ။ တပ်မတော်က အမျိုးသားရေးအနေနဲ့ ပါရမယ်ဆို ပြီး ပါထားတယ်လေ။ ဘယ်နေရာ မဆိုကြည့်၊ အမေရိကန်နိုင်ငံကို လည်းကြည့်။ရေကြီးတယ်၊ ငလျင် လှုပ်တယ်၊ မီးလောင်တယ်ဆိုရင် ဒီအင်စတီကျူးရှင်းက အထမြန် တယ်မဟုတ်ဘူးလား။ တရုတ် ပြည်မှာပဲကြည့်ကြည့် ရေကြီး တော့ တပ်ပဲလုပ်တာပဲလေ။ သူတို့ ရဲ့ဖွဲ့စည်းပုံအင်စတီကျူးရှင်းက အမိန့်ပေးတာနဲ့ အကုန်လုံးရောက် ပြီးသား။ ရေဘူးပေါက်တာမလို ချင်ဘူး။ ရေပါတာလိုချင်တယ်ဆို တဲ့သဘောမျိုးကို သူတို့ရပြီးသား။ သူတို့လုပ်နိုင်တာကို အခြေခံဥပဒေ မှာ ထည့်ပြီးသား။ တပ်မတော် အနေနဲ့ အကုန်လုံး အပြည့်အစုံရှိ တယ်။ အဲဒါကို သူမယူဘဲနဲ့လုပ် ခြင်းဟာ ကိုဗစ်ကိုပိုကြီးအောင်လုပ် နေတာလား။ ပိုကြီးအောင်လုပ်ရင် သူနိုင်မှာလား။ ပိုကြီးအောင်လုပ် ရင် သူ့အတွက် အကျိုးရှိလားဆို တာ မဲဆန္ဒပြည်သူတွေစဉ်းစားရုံပဲ။ နဂိုကတည်းကိုက ဒီဘက်ကဘာ တွေလုပ်ပေးပါမယ်ပြောတာကိုအကူ အညီမခံဘူးဆိုကတည်းက သူဘာ လိုချင်လဲဆိုတာ ဦးနှောက်ရှိတဲ့သူ တိုင်းက နားလည်ပါတယ်။
မေး။ အခုဆိုရင် မဲဆွယ်ယာဉ် တန်းတွေကို လေးခွနဲ့ပစ်
တယ်။ ပစ်တဲ့သူတွေကလည်း အသက်မပြည့်သေးတဲ့ ကလေး တွေ။ အဲဒီကလေးတွေကို ဒီလိုမျိုး အတွေးတွေ သွင်းပေးထားတာ လား။ ဒီမိုကရေစီကို အကြမ်းဖက် မှုအသွင်လုပ်နေတဲ့အပေါ် ဘယ်လို မျိုးမြင်ပါသလဲ။
ဖြေ။ ပါတီစုံစနစ်မှာ ဒီမိုကရေစီ စံနှုန်းကလည်း ရှိရမယ်။
ပါတီစုံစနစ်ခိုင်မြဲဖို့ဆိုတာက အခု တော်တော်ဆိုးဆိုးရွားရွားကို တွေ့ တယ်။ တို့ပါတီရဲ့ မူဝါဒကိုက ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကျ တော့ အင်အားကြီးပါတီကြီးက လည်း ပါလာတယ်လေ။
ပါတဲ့ အခါကျ တို့ပါတီက ကမ်ပိန်းလုပ် တိုင်း ဘာပြောလဲဆိုတော့ ပါတီဝင် ရဲဘော်တွေကို ဒီမိုကရေစီနဲ့ ထိုက် တန်ဖို့ စည်းကမ်းရှိဖို့က အရေးကြီး တဲ့အတွက် ရဲဘော်တွေကို မော် တော်ကားခေါင်မိုးပေါ် တက်ခွင့် မပေးဘူး။နိုင်ငံရေးလုပ်တာအပျော် မဟုတ်ဘူး။ ကလေးတွေကို စည်း ကမ်းရှိရှိနဲ့တန်းစီပြီး လမ်းမကြီးကို မပိတ်ဖို့၊ လမ်းမကြီး ညာဘက် အခြမ်းကပဲ တန်းစီးဖို့ ကိုယ်တိုင် ဦးစီးပြီးပြောတယ်။ လူတကာ သွားတဲ့လမ်းမကြီးက တို့ပိုင်တဲ့ လမ်းမကြီးမဟုတ်ဘူး။ ဦးဆောင် တဲ့သူတွေအပေါ်မှာ မူတည်တယ်။ ဦးဆောင်တဲ့သူတွေရဲ့ တိုင်းပြည် အပေါ်မှာထားတဲ့ ဒီမိုကရေစီစံနှုန်း ကို ဖော်ဆောင်လို့ရှိရင် သူ့အပေါ် မူတည်တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅တုန်း ကဆိုလှိုင်သာယာဘက်သွားခဲ့တဲ့ အခါကျတော့ ကြိုးတံတားဖြတ် ကျော်တဲ့အခါတို့ပါတီရဲ့အတွင်းရေး မှူးချုပ် ဒေါ်သန်းသန်းနုက အစ ကိုယ့်ပါတီက ပြည်သူထက်ပိုပြီး အခွင့်အရေးမယူဘူး။ ပြောချင်တာ ပါတီခေါင်းဆောင်တွေရဲ့ စိတ်နေ စိတ်ထားပေါ်မူတည်တယ်။ပါတီစုံ ဒီမိုကရေစီစနစ်ကို တစ်ခါတလေ ကျတော့ စိုးရိမ်တယ်။ ဘက်များ ပြန်ပြီး ပြောင်းသွားနိုင်မလားလို့။ ဘာလို့လဲဆိုတော့ပါတီစုံဒီမိုကရေစီ စနစ်ကို ပြည်သူတွေက ရွံမုန်းသွား မယ်ဆိုရင် ကိုယ်ဖော်တဲ့ဆေး ကိုယ် စား ဖြစ်သွားလိမ့်မယ်။ ပါတီစုံဒီမို ကရေစီစနစ်မှ ငါတို့မိသားစုထဲမှာ လည်းကွဲတယ်။ တို့ရွာတွေမှာ လည်း တစ်ရွာနဲ့တစ်ရွာ ရိုက်ပွဲ တွေဖြစ်တယ်ဆိုရင် ပြည်သူက ဘာဖြစ်သွားမလဲ ပါတီစုံစနစ်ကို ပြည်သူမပါဘူးဆိုရင် ပါတီစုံဒီမို ကရေစီစနစ်က ဖော်ဆောင်လို့ မရ ဘူးလေ။ အဓိကအရေးကြီးတာပဲ။
မေး။ အခုလာမယ့် ၂ဝ၂ဝ ရွေး ကောက်ပွဲကြီးကလွတ်လပ်
ပြီး တရားမျှတမှုရှိနိုင်ပါ့မလား။ ဒီအတွက် ပြည်သူကို ဘာများပြော ချင်ပါသလဲ။
ဖြေ။ လွတ်လပ် တရားမျှတဖို့ ဆိုတာကမှန်းရခက်တယ်။
ကော်မရှင်၊ သက်ဆိုင်ရာအာဏာ ပိုင်နဲ့ ဒါတွေက ရွေးကောက်ပွဲ အတွက်ကို သူတို့လုပ်ပေးမှ လွတ် လပ်တရားမျှတမှုရှိမှာလေ။နောက် ပြည်သူကိုပြောချင်တာက ဥပဒေ ပညာရှင်ဖြစ်တဲ့ ဒေါက်တာ မောင် မောင်က တစ်ချိန်က ပြောသွား တယ်လေ။ အနာဂတ်လူငယ်တွေ ကို စည်းနဲ့ကမ်းနဲ့ဖြစ်ဖို့လိုပါတယ်။ အနာဂတ်လူငယ်တွေအတွက်ကို စည်းကမ်းမရှိတာ အမွေမပေးချင် ဘူး။ ဒီမိုကရေစီနဲ့ ပါတီစုံစနစ်က စည်းနဲ့ကမ်းနဲ့ဆိုတာမျိုးလိုပဲ အနာ ဂတ်လူငယ်တွေကိုပေးချင်ပါတယ်။ ဒါကလည်း ပါတီခေါင်းဆောင် တိုင်းမှာတာဝန်ရှိတယ်လို့ ပြောချင် ပါတယ်။