images
UN
UN
အနုပညာလှုပ်ရှားမှုတိုင်းမှာ အစွမ်းကုန်ကြိုးစားသွားမယ် ကြိုးစားမှုကိုလည်း အသိအမှတ်ပြုအားပေးဖို့ တောင်းဆိုလာတဲ့ မော်ဒယ်သရုပ်ဆောင်နန္ဒ
အဖြူရောင် Saturday, 19 September 2020
အနုပညာလှုပ်ရှားမှုတိုင်းမှာ လည်း အစွမ်းကုန်ကြိုးစားသွားပြီး ကြိုးစားမှုတိုင်းကို အသိအမှတ်ပြု အားပေးဖို့ တောင်းဆိုချင်ပါတယ်လို့ ဆိုလာတဲ့ မော်ဒယ်သရုပ်ဆောင် နန္ဒဟာ မိဘအမည်များဖြစ်တဲ့ ဦး မောင်မောင်ဇော်+ဒေါ်ဆွေဆွေသိန်း တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။
ပညာအရည်အချင်း B.A (Myanmar) နဲ့ ကျောင်းပြီးထားသူ ဖြစ်ပြီး ဝါသနာပါတဲ့ အားကစား ကတော့ Online Game ၊ ကြက် တောင်ရိုက်ခြင်းတို့ကို ဝါသနာပါ သူဖြစ်ပါတယ်။
နန္ဒရဲ့ ယနေ့ခေတ်ဖက်ရှင်အပေါ် အမြင်ကတော့ ခေတ်မီတိုးတက် ပြီး ပွင့်လင်းမြင်သာမှုရှိလာတယ် လို့ မြင်ပါတယ်လို့ ပြောခဲ့သည်။
နန္ဒအနေနဲ့ လှုပ်ရှားဖူးတဲ့အနု ပညာလှုပ်ရှားမှုကတော့ ''စံကား ဝါ'' အနုပညာသရုပ်ဆောင်သင် တန်းဆင်းခဲ့ပါတယ်။ ရွှေသံလွင် (Sky Net) မှ Presenter သင်တန်း ဆင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ နယ် Show ပွဲများမှာ သီချင်းသီဆိုပါ တယ်။Model Show လျှောက်ပါ တယ်။ ရုပ်ရှင်အနေနဲ့ ကြိုးကြာ တောင်ပံခတ်သံရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ မြ ဝတီမှာ တစ်မျက်နှာတစ်ကွက်စာ ဘဝကြေးမုံဇာတ်လမ်းတိုများ ရိုက် ကူးခဲ့ပါတယ်။MRTV-4 မှာ ''နွေ လယ်ညရဲ့လမင်းဇာတ်လမ်းတွဲနဲ့ ပညာပေးဇာတ်လမ်းတိုများ ရိုက် ကူးထားသူဖြစ်ပြီး ရရှိဖူးတဲ့ဆုက တော့ MRTV ရဲ့ ဆိုကြမယ် ပျော် ကြမယ် အစီအစဉ်တွင် အကောင်း ဆုံးပထမဆုတစ်ကြိမ် ရရှိထားသူ ဖြစ်သည်။
နန္ဒအနေနဲ့ ဘဝမှာဖြစ်ချင်တဲ့ ဆန္ဒကတော့ နိုင်ငံကျော် Photo Model, သရုပ်ဆောင်နှင့်အဆို တော်ဖြစ်ချင်ပါတယ်လို့ဆိုပါတယ်။
နန္ဒဟာ ရန်ကုန်ဇာတိဖြစ်ပြီး လက်ရှိမှာ အမှတ်-၁၁၊ (၅) လမ်း၊ ယုဇနဥယျာဉ်မြို့တော် ရန်ကုန်မှာ နေထိုင်သူဖြစ်ပါတယ်။
အခုလတ်တလော ပရိသတ် ကို ပြောပြချင်နေတဲ့ စကားကတော့ အခုချိန်ထိအားပေးနေတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေး ဇူးတင်ပါတယ်။ ဆက်လက်ပြီး လုပ်ဆောင်မယ့် အနုပညာလှုပ်ရှား မှုတိုင်းမှာလည်း အစွမ်းကုန်ကြိုးစား သွားပါ့မယ်။ ကျွန်တော့်ရဲ့ကြိုးစား မှုတိုင်းကို အသိအမှတ်ပြုအားပေး ဖို့ တောင်းဆိုချင်ပါတယ်။ ဝေဖန် အကြံပြုမှုတွေလည်း စောင့်မျှော်နေ ပါတယ်လို့ ပြောချင်ပါတယ်ဟု ပြောခဲ့သည်။
နန္ဒရဲ့ ဘဝမှာလက်ကိုင်ထား တဲ့ ဆောင်ပုဒ်ကတော့ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ မှန်တာလုပ်၊ ဟုတ်တာ ပြောဆိုတဲ့ဆောင်ပုဒ်ကို လက်ခံ ကျင့်သုံးပါတယ်လို့ မော်ဒယ်သရုပ် ဆောင်နန္ဒက ဖြေကြားသွားခဲ့ သည်။