images
UN
UN
ချစ်သူဟောင်းနှင့်အတူ MTV ကြော်ငြာရိုက်ကူးရင်း ပြန်လည်တွေ့ဆုံရသည့် အောင်ရဲလင်း
ဒဂုံဝေလင်း Saturday, 19 September 2020
သရုပ်ဆောင် အောင်ရဲလင်းအနေဖြင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီး အောင်ရဲလင်းအနေဖြင့် Beauty Blogger နေခြည်ဦးနှင့် ရည်းစားဟောင်းများဖြစ်ကြပြီး သူတို့အတွဲ သည် ပရိသတ်ကြားရေပန်းစားခဲ့ပြီး သဘောထားမတိုက်ဆိုင်၍ လက်တွဲဖြုတ်ခဲ့ရမှ အဆိုတော်ထက်ယံ၏ တေးသီချင်း MTV အဖြစ် ရိုက်ကူးမှုတွင် ချစ်သူဟောင်းနှင့်ပြန်လည်ပြီး သရုပ်ဆောင် ခဲ့ရကြောင်း သိရသည်။
''သူနဲ့ကျွန်တော်ပြန်တွေ့တဲ့အခိုက်မှာ Blogger အဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက်အဖြစ်ရော၊ အောင်အောင်မြင်မြင်ဖြစ် နေတာတွေ့ရတော့ အရမ်းကိုဝမ်းသာပါတယ်။ သူလုပ်တဲ့ အလုပ် တိုင်း အရာထင်စေချင်တယ်။ တစ်ခုလုပ်ရင် တစ်ခုအကောင်းဆုံး ဖြစ်စေချင်တယ်။ ကျွန်တော်အမြဲတမ်းလည်းပြောပါတယ်။ သူအခု လိုမျိုးအောင်မြင်နေတာမျိုးကိုပဲ ကျွန်တော်အမြဲမြင်ချင်တာပါ။ သူ လုပ်သမျှ အရာထင်တာမျိုးပေါ့နော်။ သူနဲ့အခု ပြန်ဆုံပြီးရိုက် ကူးရေးလုပ်တဲ့အချိန်မှာ သူအများကြီးပြောင်းလဲတိုးတက်လာတာ တွေ့ရပါတယ်။ ရိုက်ကူးရေးမှာလည်း တစ်ခုခုဆို သင်ပေးဖြစ် ပါတယ်။ နေခြည်ဦးနဲ့ပြန်လည်ပြီး အနုပညာအလုပ်တွေ လုပ်ကိုင် ရတာမို့ ကျွန်တော်လည်း အရမ်းဝမ်းသာရပါတယ်။ သူကထင်ထား တာထက်တောင် သရုပ်ဆောင်အရမ်းကောင်းနေလို့ ကျွန်တော် အံ့သြမိတာတော့အမှန်ပဲ။ နောက်လည်း သူနဲ့ဇာတ်ကားတွေရိုက်ကူး ချင်ပါသေးတယ်''ဟု ပြောခဲ့သည်။