images
UN
UN
အနုပညာရှင်များ ဒါရိုက်တာများဖြင့် သင်ကြားပေးမည့် ရုပ်ရှင်အနုပညာဖန်တီးမှုများကို စိတ်ဝင်စားသူများအတွက် သင်တန်းဖွင့်မည်
သွန်းလေး Saturday, 19 September 2020
ရုပ်ရှင်အနုပညာ ဖန်တီးမှုများ ကိုစိတ်ဝင်စားတဲ့သူတိုင်း တက် ရောက်သင့်တဲ့ Filmpark Pictures The Art of Storytelling (online) Basic Class PART-1 ကို အနုပညာရှင်များ၊ ဒါရိုက်တာ များနှင့် သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယခုသင်တန်းကို အောက်တို ဘာ ၁ဝ ရက် နံနက် ၉ နာရီမှ စတင်သင်ကြားမည်ဖြစ်ပြီးတစ်ရက် လျှင် နှစ်နာရီကြာဖြင့်ခြောက်ရက်ခွဲ ကြာအောင် သင်ကြားမညဖြစ်ပြီး သင်ကြားချိန် စုစုပေါင်း ၁၃ နာရီ ကျော်သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းတွင် Filmmaking နှင့်ပတ်သက်သည့်ပညာရပ်များ ဖြစ်သည့် Directingç Produc- ingç Screenwritingç Actingç Cinematographyç Storyboard တို့အပြင် ဆင်ဆာမူဝါဒတို့အပေါ် အခြေခံသည့် သင်ခန်းစာ ၁၃ ခုကို သင်ကြားပေးမည်ဖြစ်သည်။
အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီဆွေဇင်ထိုက်၊ ထပ်ဆင့် အကယ်ဒမီလွင်မိုး၊ Mr.Park Bo Young (Film Critic, Korea)၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ ရောဘတ်ဝင်းထိန် အပါအဝင် Instructors ၁၁ ယောက်နှင့် ပြည် တွင်းပြည်ပပညာရှင် guestspea- kers များကပါ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကြေးကျပ် ၃၅ဝဝဝ သတ်မှတ်ထားပြီး အွန်လိုင်းမှ Post ကို like & share ပြီး screenshoot ကို comment မန့်ရုံဖြင့် Discount ၁၅ ရာခိုင်နှုန်း ရရှိနိုင်၍ ကျပ် ၂၉ဝဝဝ သာ ကျသင့်မည်ဖြစ်သည်။
Facebook မှာ Private Group နှင့် Live Streaming သင်ကြား ပေးမည်ဖြစ်သည့်အပြင် ပြည်ပ ပညာရှင်များ၏ သင်ကြားမှုများကို Pre-Recorded Video နှင့်ဘာသာ ပြန်စာတန်းထိုးသင်ကြားပေးမည် ဖြစ်ပါတယ်။
အသက်အရွယ်၊ ပညာအရည် အချင်းကန့်သတ်မှုမရှိ၊ မည်သူမဆို တက်ရောက်နိုင်ပြီး Filmpark Pictures Facebook Page Messenger မှ သင်တန်းအပ်ကာဖုန်း ဝ၉-၇၆၅၄၂၉၂၇ဝ၊ ဝ၉-၇၆၅၄၂၉၂၇၁ တို့သို့ ဆက်သွယ်မေးမြန်းအပ်နှံ နိုင်ကြောင်း သိရသည်။