images
UN
UN
စီရော်နယ်ဒို၏နောက်ဆုံးစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့ပြီ
Ref; Gazzetta Saturday, 31 October 2020
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။ ၄င်းသည် ပေါ်တူဂီ လက်ရွေး စင်အသင်းအတွက် ကစားရန်သွားရောက်ခဲ့စဉ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးချက်သည် အီတလီသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း နှစ်ကြိမ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံနေရကြောင်း အဖြေထွက်ခဲ့သဖြင့် ပြီးခဲ့သောကြားရက်က ကစား ခဲ့သည့် ဘာစီလိုနာနှင့်ချန်ပီယံလိဂ်ပွဲစဉ်ကိုပင် လွဲချော်ခဲ့သူဖြစ်သည်။
သို့သော် နေအိမ်၌ ၁၉ ရက်ကြာ ကွာရန်တင်းဝင်ပြီးနောက် ထပ်မံ စစ်ဆေးခဲ့သည့်အဖြေတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီဟူသော အဖြေထွက်လာခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်အသင်း၏ နောက်ဆုံး အဖြေအရ စီရော်နယ်ဒိုသည် ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင် ရောက်နိုင်ရန်နီးစပ်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့သည်။