images
UN
UN
နယူးကာဆယ်နှင့်ပွဲတွင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အနားပေးဖွယ်ရှိ
Ref; Goal Saturday, 31 October 2020
အဲဗာတန်နည်းပြ အန်ဆယ်လော့တီသည် နယူးကာဆယ်နှင့်ကစား မည့်ပွဲစဉ်တွင် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား အနားပေး သွားရန် အစီအစဉ်ရှိနေကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ် ကစားသမားဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် အသေးစားဒဏ်ရာပြဿနာ ရှိနေပြီး နယူးကာဆယ်နှင့်ပွဲတွင် ထည့်သုံးနိုင်သည့်အခြေအနေရှိသော် လည်း ကစားသမား၏ဒဏ်ရာ အကင်းသေရန်ရည်ရွယ်ချက်ဖြင့် နည်းပြ အန်ဆယ်လော့တီက အနားပေးထားရန် စီစဉ်နေခြင်းဖြစ်သည်။ ဂျိမ်းစ် ရိုဒရီဂွက်ဇ်သည် ဆောက်သမ်တန်နှင့်စတင်ယှဉ်ပြိုင်ခဲ့သော ရာသီအဖွင့် ပွဲစဉ်တွင် မိနစ် ၉ဝ အထိပါဝင်ကစားခဲ့ပြီး အဆိုပါပွဲနောက်ပိုင်းကစားခဲ့ သည့် ပွဲစဉ်များတွင်လည်း ပွဲချိန်ပြည့်နီးပါး ပါဝင်ကစားခဲ့ရသူဖြစ်သည်။ နည်းပြအန်ဆယ်လော့တီက ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား လာမည့်ပွဲအတွက် ထည့်တွက်ခြင်းမရှိဟု ပြောထားသည်။