images
UN
UN
အနုပညာဟူသည်
ချစ်နိုင်(စိတ်ပညာ) Saturday, 31 October 2020
မင်းသား
၁၉၆ဝ-၁၉၇ဝ ကာလဆီက မြန်မာ့ ရုပ်ရှင်လောကတွင် ထူးထူးခြားခြား ထွန်းထွန်းပေါက်ပေါက် တစ်ဟုန်ထိုး ကျော်ကြားအောင်မြင်သော မင်းသား တစ်ယောက်ရှိခဲ့သည်။ အမည်ပြောပြ လျှင် ဟုတ်ပါ့ဗျာဟု အသက် (၇ဝ)ကျော် ရုပ်ရှင်ချစ်သူများက ထောက်ခံကြပါလိမ့် မည်။ မင်းသားဇော်ခင်လေ။ ချိန်းမိလေ သောည၊ ရေပွက်ပမာ စသော ရုပ်ရှင်ကား များကို ပရိသတ်အလွန်နှစ်သက်သဘော ကျခဲ့ကြသည်။ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ဒေစီကျော်ဝင်း စသော မင်းသမီးများနှင့် ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ခဲ့ သည်။ သူ၏စန်းတက်ပုံနှင့် အောင်မြင်မှု မှာ တစ်ဟုန်ထိုးတက်၏။ တက်ပြီးတော့ လည်း အရွယ်အရ အကျဘက်သို့ရောက် ရ၏။ အသောက်လည်း ဖက်မိသဖြင့် အသုံးလည်း ရမ်းခဲ့မိပေလိမ့်မည်။ ဘာပဲ ဖြစ်ဖြစ် တစ်ချိန်တစ်ခါက ဇော်ခင်သည် ပရိသတ်ချစ်ခင်နှစ်သက်ခဲ့ကြသော မင်း သားတစ်ယောက်ဖြစ်၏။ အမှန်ပင်။
၂ဝဝ၉ ခုနှစ် သြဂုတ်လမှာ ဇော်ခင် ကွယ်လွန်ခဲ့သည်။ အသက် ၇ဝ ကျော် လေပြီ။ မင်းသားဇော်ခင် ကွယ်လွန်ခြင်း အတွက် အမှတ်တရစာအုပ်မှာ သူနှင့်ရင်း နှီးခင်မင်ကြသူတွေက လက်မှတ်ထိုးကာ စာတစ်ကြောင်း နှစ်ကြောင်း၊ ဝမ်းနည်း ကြောင်း၊ ကောင်းရာဘုံဘဝရရှိ ရောက် ရှိပါစေကြောင်း စသဖြင့် ဆုတောင်းမေတ္တာ စကားမျိုးတွေ ရေးသားကြသည်။ မင်း သားအချင်းချင်း၊ သူငယ်ချင်း သုမောင် ကမူ မင်းသားသာမက စာရေးဆရာ လည်းဖြစ်သည့်အလျောက် ချက်ချင်းစိတ် ထဲပေါ်ရာကို တင်္ခနုပ္ပတ္တိÓဏ်ဖြင့် ကဗျာ တစ်ပုဒ် (လက်ရေးလက်သား သေသပ် မှန်ကန်စွာဖြင့် ဖျက်ရာခြစ်ရာပြင်ရာ တစ် လုံးမှမပါဘဲ အောက်ပါကဗျာလင်္ကာ)ကို ဖွဲ့ဆိုသီကုံးခဲ့လေသည်-
''သူငယ်ချင်း''တဲ့
သေတယ်ဆိုတာ မွေးနေ့ပါပဲ
အခါခါဖြစ် ပြန်ပြန်သစ်သတဲ့။
မအိုချင်ရင် အရင်သေကြ
တစ်ခဏပေါ့။



မနာချင်ရင် အရင်သေကြ
နေနဲ့လလို ဘဝဆိုတာဒါပြီးဒါပဲ။
မသေချင်ရင် အရင်လှူကြ
မြတ်ဒါနတဲ့။
အနုပညာ ရိုးသားပါမှ
ခမျာမသေ ကမ္ဘာရှည်မယ်
မတွေဝေနဲ့ဟဲ့ ဖိုးတာရဲ့။
နင့်သူငယ်ချင်း သုမောင်
(၁၃-၈-၂ဝဝ၉)
ရုပ်ရှင်အနုပညာနယ်ပယ်မှ ထင်ရှားခဲ့ သော မင်းသားတစ်ယောက် ကွယ်လွန် အနိစ္စရောက်သောအခါ ရင်းနှီးသော သူငယ်ချင်းမင်းသား စာရေးဆရာတစ် ယောက်က ရင်ဖွင့်ရာတွင် အနုပညာဆို သောဝေါဟာရအပေါ် သူ၏သဘောထား ကို ထုတ်ဖော်ရေးဖွဲ့ခဲ့ပါ၏။
အနုပညာ
''အနုပညာရိုးသားပါမှ
ခမျာမသေ ကမ္ဘာရှည်မယ်''တဲ့...
ဆရာသုမောင်က အနုပညာဆိုသည် ရိုးသားရပါမည်ဟု ခံယူသည်။ စာပေ၊ ဂီတ၊ ပန်းချီ၊ ဇာတ်သဘင်၊ ရုပ်ရှင်၊ အနုပညာ အဝန်းအဝိုင်းတွင် ကမ္ဘာရှည် အောင် ခိုင်မာမြဲမြံသော ကျောက်စိုင် ကျောက်သားလို အနုပညာလက်ရာတွင် လည်း ရှိသည်။ ကမ်းခြေသဲသောင်ပြင် မှာ အရုပ်ရေးခဲ့သလို အချိန်တိုအတွင်းမှာ ရေလှိုင်းဖုံးသွားခဲ့ပြီး ပျောက်ပျက်သွား သော လက်ရာမျိုးလည်း များစွာ။
အနုပညာနှင့်ပတ်သက်၍ မိမိစိတ်ထဲ တွင် ဆက်၍စဉ်းစားကြည့်မိသည်။ စိတ် ထဲမှတ်မိသောစကားသုံးခွန်းပေါ်လာသည်။
ဆရာဇော်ဂျီ (၁၉ဝ၇-၁၉၉၁)က ''အနုပညာဟူသည် နှစ်သက်ခြင်း ဂယက်ဖြင့် ဘဝကိုအသိပေးခြင်းသာ'' ဟု မိန့်ဆိုခဲ့ပါ၏။
ဂျွန်ကိJohm Keatကမူ ''အလှ သည် သစ္စာတရားဖြစ်သည်။ ထိုသစ္စာ တရားကို ရှာဖွေခြင်းသည် အနုပညာဖြစ် သည်'' ပြောခဲ့၏။
ဟားဘတ်ရိဒ်(ံHerbert Read)က ''အနုပညာဟူသည် လူသားတို့၏ အလှ ကြိုက်သော အာရုံကို နှစ်သက်ကျေနပ်မှု ပေးနိုင်သော ပုံကောင်းပုံလှများ ပြုစုပျိုး ထောင်ပေးသည့် စိတ်လှုပ်ရှားမှုပင်ဖြစ် သည်''ဆို၏။
ကျေညက်အောင်ဆက်လက်စဉ်းစား ကြပါကုန်။
အင်္ဂါလက္ခဏာ
အနုပညာဖန်တီးရာမှာ စကားပြော ခြင်း၊ စာရေးခြင်းတို့မှာ ကျွမ်းကျင် ထိ ရောက်စွာ ပြောဆိုတတ်၊ ရေးသားတတ် လျှင်ပိုကောင်းလောက်ပါသည်။ စာရေး သူက ဆည်းပူးမှတ်သားဖူးခဲ့သည့် အချက်အချို့ကို ဖော်ပြမျှဝေလိုပါ၏။ သို့သော် စာရေးသူတို့ ချစ်ခင်လေးစား ရသော အဘိုးဆရာတက္ကသိုလ်ဘုန်းနိုင် ၏ လက်စွဲဆောင်ပုဒ်ကို နှစ်သက်စွာ လက်ခံလိုက်နာပါသည်။ ဆရာကြီး၏ သဘောထားမှာ အောက်ပါအတိုင်း-
သစ္စာ
ငါ့စာဖတ်၍မမြတ်တိုင်စေ
မရှုံးစေသား
ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ
တစ်ပိုဒ်တလေ ပါငြားပေမူ
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ
ငါမွန်အမြတ် ငါသာတတ်ဟု
စာဖတ်သူပေါ် ခေါင်းကိုကျော်၍
ငါသော်ဆရာ မလုပ်ပါတည့်။
တက္ကသိုလ်ဘုန်းနိုင်
အနုပညာသဘောမှာ ပြောဆိုခြင်း ဖြစ်စေ၊ ရေးသားခြင်းဖြစ်စေ ကျင့်သုံး လျှင် ကောင်းမွန်စေသော လက္ခဏာအင်္ဂါ ရပ်တွေ ရှိပေသည်။ ရရှိပိုင်ဆိုင်အောင် သေချာစွာလေ့ကျင့်အသုံးချသင့်ပါသည်။
ထိရောက်စေ
ရေးရေးပြောပြော ထိရောက်စေသော ခုနစ်ချက်-
(၁) Clean သပ်ရပ်သေသပ်ခြင်း၊
(၂) Clearရှင်းရှင်းလင်းလင်းရှိခြင်း၊
(၃) Conclusive ပြည့်စုံခိုင်လုံ၊
(၄) Compulsive တသသစွဲမက်ဖွယ်၊
(၅) Compassion စေတနာမေတ္တာ အခြေခံ၊
(၆) Concise လိုရင်းတိုရှင်းကျစ်လျစ်၊
(၇) Concrete ခိုင်ခိုင်မာမာ ထင်ရှား ပြနိုင်ရ၊
ပြောရာရေးရာစဉ်းစားပါ ခုနစ်ချက်
(၁) Shortတိုတိုကျဉ်းကျဉ်း၊
(၂) Sharpထိထိမိမိ တိတိကျကျ ပြတ် သားရ၊
(၃) Simple ရိုးရိုးရှင်းရှင်း မြင်လွယ်သိ လွယ်ရ၊
(၄) Sincere ရိုးသားပွင့်လင်း ခင်မင် ရင်းနှီး၊
(၅)Smile ပြုံးပြုံးရွှင်ရွှင်၊
(၆) Smooth ပြေပြစ်ချောမွေ့၊
(၇) Sweet ချိုသာချေငံ။
ရသစာပေ
အနုပညာဘာသာရပ်တွေ များစွာရှိ လေရာ အခြေခံသဘောတူညီသည်များ လည်းရှိသည်။ ကွဲပြားကြခြင်းလည်း ရှိကြသည်။ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံတို့၏ ပညာရပ်တူခြင်း၊ ကွဲခြင်းများကို စဉ်းစား သုံးသပ်ကြည့်နိုင်ပါ၏။ မိမိက စာပေ လေ့လာဆည်းပူးနေသူဖြစ်သဖြင့် ဝတ္ထု ရှည်နှင့် ဆောင်းပါးအကြောင်းကိုသာ တင်ပြလိုပါ၏။
ရသစာပေ အနုပညာမှာ ကဗျာက အခက်ဆုံးနှင့် အဆင့်မြင့်ဆုံးဟု နိုင်ငံ တကာမှာ သတ်မှတ်တန်ဖိုးထားကြပါ သည်။ ကဗျာအကြောင်းကို မပြောလို ပေ။ မိမိက ဘာမျှမသိလှ။ ဝတ္ထုတိုလည်း ခက်ခဲသည်ပဲ။ ဝတ္ထုရှည်ကား မရေး တတ်မရေးဖူးသော်ငြားလည်း ဖတ်ခဲ့ သော ဝတ္ထုရှည်များကား မနည်းလှပေ။ ဝတ္ထုရှည်ကောင်းဖြစ်လာဖို့ရာ စာရေးသူ မှာ မူလပထမ ဒါတွေရှိရမည်ဟု မှတ် သားဖူး၏-