images
UN
UN
တူရကီအခြေစိုက်အဖွဲ့တစ်ခုအား အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ကာ ဖျက်သိမ်းရန် ပြင်သစ်အစိုးရ အမိန့်ထုတ်
NG(Ref; Reuters) Thursday, 05 November 2020
ပြင်သစ်အစိုးရသည် နိုင်ငံအတွင်း၌ ရုံးခွဲများ ဖွင့်လှစ်ထားသောတူရကီအခြေစိုက် အဖွဲ့တစ်ခုဖြစ်သောမီးခိုးရောင်ဝံပုလွေများအဖွဲ့အား အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ် ကာ နိုင်ငံအတွင်း၌ လှုပ်ရှားမှုများ မပြုလုပ်နိုင်ရန်အတွက် ဖျက်သိမ်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ မီးခိုးရောင်ဝံပုလွေများအဖွဲ့သည် လီယွန်မြို့တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်နေသည်ဟု တွေ့ရှိခဲ့သည့် အပြင် ပြင်သစ်နိုင်ငံအတွင်း၌ အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည်ဟု သတ်မှတ်ရမည့်လုပ်ဆောင်ချက်များကိုပါ တွေ့ရှိခဲ့ခြင်းကြောင့် တရားဝင်အဖွဲ့အစည်း အဖြစ်မှ ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ခဲ့သည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဒါမာနင်က နိုင်ငံအတွင်းရှိ အစွန်းရောက်အကြမ်း ဖက်အဖွဲ့များက ဆက်လက်ဖော်ထုတ်ကာ အရေးယူသင့်သည့်အတိုင်း အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပေါ်စေရန် ကြိုးပမ်းနေကြောင်း ပြောသည်။