images
UN
UN
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့်ကန့်သတ်ချက်များထပ်မံမြှင့်တင်
NG(Ref; AFP) Thursday, 05 November 2020
အီတလီနိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့် တက်လာခြင်းကြောင့် ကန့်သတ်ချက်များ ချမှတ်မှုကို ထပ်မံမြှင့်တင် ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှစတင်ကာ အီတလီနိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် အသွား အလာကန့်သတ်ခြင်းအပါအဝင် ကန့်သတ်တားမြစ်ချက်များ ပြန်လည် ချမှတ်ခဲ့ခြင်းဖြစ်သည်။ အီတလီနိုင်ငံသည် ဥရောပနိုင်ငံများထဲတွင် ကိုရို နာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်အဖြစ်သို့ ပထမဆုံးရောက်ရှိခဲ့သည့်နိုင်ငံ ဖြစ်ခဲ့ကာ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခြင်းကြောင့် အကန့်အ သတ်များ ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဘဏ္ဍာရေးမြို့တော်မီလန် တွင် အနီရောင်အဆင့်သတ်မှတ်ထားသောအကန့်အသတ်များကို ချမှတ် ခဲ့ကာ ခွင့်ပြုထားသည့်အကြောင်းအရာများမှလုပ်ဆောင်ရန် သက်သေပြ နိုင်မှသာလျှင် နေအိမ်မှ ပြင်ပသို့ ထွက်ခွာခွင့် ပြုထားသည်။ အခြားနေ ရာများတွင်လည်း အနီရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့်အဝါရောင် အဆင့်သတ်မှတ်ထားသောကန့်သတ်တားမြစ်ချက်များကို ချမှတ်ထား သည်။