images
UN
UN
ဆိုက်ဘာဥပဒေအား လိုက်နာခြင်း မရှိသောကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီများအား ဒဏ်ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်းစီ ပေးဆောင်ရန် အမိန့်ချ
NG(Ref; RT) Thursday, 05 November 2020
တူရကီအစိုးရသည်ဆိုရှယ်မီဒီယာကုမ္ပဏီ များအား နိုင်ငံအတွင်း၌ လိုက်နာရန် ပြဋ္ဌာန်း ထားသောဆိုက်ဘာဥပဒေအား လိုက်နာခြင်း မရှိသောကြောင့် ဒဏ်ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်းစီ ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ကြောင်း ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြသည်။
ဥပဒေအရ ကန့်သတ်ချက်များနှင့်တူညီ သော ရေးသားဖော်ပြချက်များနှင့် မျှဝေမှုများ ကို ၄၈ နာရီအတွင်း ဖြုတ်ချရမည်ဆိုသော အချက်ကို လိုက်နာခြင်း မရှိသောကြောင့် ဒဏ်ငွေ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ငွေ ချမှတ်ခံရသည့်ကုမ္ပဏီများထဲတွTwitter ၊ YouTube နှင့် TikTalk ကုမ္ပဏီ များပါဝင်ခဲ့သည်။ အဆိုပါဥပဒေသည်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားသူများအား ထိန်းချုပ် ရန် ပြဋ္ဌာန်းထားသည့်ဥပဒေအဖြစ် ဝေဖန်ခံနေ ရပြီး အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများအား ဆိုရှယ်မီဒီယာများမှတစ်ဆင့် ထိထိရောက် ရောက်အရေးယူနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ် သည်ဟုလည်း လူ့အခွင့်အရေး လှုပ်ရှားသူ များက သုံးသပ်ခဲ့ကြသည်။ ဒဏ်ကြေးငွေ ပေးအပ်ရန် အမိန့်ချမှတ်ခံရသည့်ကုမ္ပဏီများ က ဒဏ်ငွေ ပေးဆောင်မည်မဟုတ်ဟု တုံ့ပြန် ခဲ့ကြသော်လည်း လိုက်နာခြင်း မရှိပါက ပိုမို ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သော အလားအလာများ ရှိနေခြင်းကြောင့် လိုက်နာ ဖြေရှင်းရဖွယ် ရှိနေသည်။