images
UN
UN
ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆောင်၍ ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အစိမ်းရောင်ကမ်ပိန်းပြုလုပ်
သုခ(ရန်ကုန်) Thursday, 05 November 2020
ဒေါပုံမြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်ခင်ဝိုင်းကြည်ဦးဆောင် ၍ ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အစိမ်းရောင်ကမ်ပိန်းကို ယခုလ တွင် သတ်မှတ်ရက်များ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
''နိုင်ငံတော်မှာ ရွေးကောက် ပွဲကြီးလုပ်တော့မယ်။ လုပ်တဲ့အခါ ပါတီအသီးသီး ဝင်ရောက်အရွေးခံ တော့မယ်။ သို့သော်လည်း ကိုဗစ် က ဒီကြားထဲမှာ လာဖြစ်တယ်။ကိုဗစ်ကြောင့် အထူးသဖြင့်ရန်ကုန် တိုင်းဒေသကြီးမှာ ဆုံးရှုံးရတာ အများကြီးပဲ။ ဘာတွေလဲဆိုတော့ ပြည်သူတွေက ကိုယ်စားလှယ်တွေ ကို လေ့လာခွင့်လုံလောက်တဲ့အချိန် မရဘူး။ သူတို့က မဲပေးရမှာ။ ထို့ အတူ ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေကို လုံလောက်တဲ့အချိန် နဲ့စည်းရုံးဖို့၊ ဆွေးနွေးဖို့ အပြန် အလှန် လုံလောက်တဲ့အချိန်မရှိတဲ့ အခါကျတော့ ရွေးကောက်ပွဲသာ ဝင်ရတာ ခြေတုပ်၊ လက်တုပ်ဝင် ရတယ်လို့ အဲဒီလို ခံစားရတယ်။ အနီတွေ လှည့်ကြတယ်။ နယ်မှာ ပေါ့။ ရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်အခြေအနေဆိုးတော့ မလုပ် ရဘူး။
အခုတော့ အနီတွေလှည့်တာ မြင်နေရတာပဲလေ။ တချို့ပြည်သူ တွေက သူတို့ Personal Right ပေါ့။ အစိမ်းကြိုက်တာရှိတယ်။ အနီကြိုက်တာရှိတယ်။ဒီလို ကြိုက် တဲ့ အခါအခွင့်အရေးဆိုတာ နိုင်ငံ သားတိုင်း တူမျှတဲ့ အခွင့်အရေး ရသင့်တယ်။ ဘယ်ဥပဒေကပဲဖြစ် ဖြစ်၊ ရွေးကောက်ပွဲကော်မရှင်ကပဲ ဖြစ်ဖြစ်၊ကိုဗစ်ကပဲဖြစ်ဖြစ် မျက်နှာ ကြီးငယ်လိုက်လို့မရဘူး။အနီလှည့် လို့ရရင် အစိမ်းလည်း လှည့်လို့ရ မယ်။ ဝန်းရံချင်တယ်။ အဲဒီအခါ ကျတော့ အစိမ်းတွေကလည်း ဒီလို တော့ ရှိပါတယ်။ အခြေအနေ မပေးလို့သာမလုပ်ရတာ။ အခု အခြေအနေပေးတဲ့အခါမှာ ပြည်သူ တွေကို သိစေချင်တဲ့သဘောနဲ့ အစိမ်းရောင်ကမ်ပိန်းကို လုပ်တာ ပါ''ဟု ဒေါပုံမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဒေါ် ခင်ဝိုင်းကြည်က ပြောသည်။
အဆိုပါ အစိမ်းရောင်ကမ်ပိန်း အဖြစ် ဒေါပုံမြို့နယ်အတွင်းရှိ ရပ် ကွက် (၁၄) ရပ်ကွက်အတွင်းသို့ ဒေါ်ခင်ဝိုင်းကြည် ဦးဆောင်၍ ဒေါပုံမြို့နယ်အတွင်း၌ပါတီသီချင်း များ ဖွင့်လှစ်ကာ မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီအထိ လှည့်လည် ခဲ့ကြောင်း သိရသည်။