images
UN
UN
နယ်မြေခံတပ်မတော်က မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ရိက္ခာလေးမျိုးထောက်ပံ့ပေးအပ်
ဝေလင်း Thursday, 05 November 2020
အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ မွန်ပြည်နယ်အတွင်းရှိ မီးသတ် တပ်ဖွဲ့များအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် ရိက္ခာလေးမျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုမောင်က မွန်ပြည် နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် များအား အခြေခံစားသောက်ကုန် ရိက္ခာလေးမျိုး ထောက်ပံ့ပေးအပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲ ရိက္ခာလေးမျိုးကို အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုမောင်က မွန်ပြည် နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် ၃၅၉ ဦးတို့အား တစ်ဦးလျှင် ဆန် ၁၇ ဒသမ ၈ ပေါင်၊ ဆီ ၂၈ ကျပ်သား၊ ဆား ၂၄ ကျပ်သား၊ နှင့် ကုလားပဲခြမ်း ၄၂ ကျပ်သား တို့ကို ၁၄ ရက်စာ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။