အိမ်ထောင်စု ၃ဝအတွက် အစားအသောက်အသုံးအဆောင်
လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်
အဖြူရောင်
Thursday, 05 November 2020
သရုပ်ဆောင်မျိုးစန္ဒီကျော်က သူမကို အလှူခံအကူအညီတောင်း လာကြတဲ့ ပရိသတ်များရှိလာ သည့်အတွက် တတ်နိုင်သလောက် လေးလှူဒါန်းဖြစ်ခဲ့ကြောင်း သူမ ရဲ့လူမှုကွန်ရက်စာမျက်နှာ၌ ရေး သားဖော်ပြထားခဲ့သည်။
အိမ်ထောင်စု၃ဝအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ မျက်နှာသစ် ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခြင်ဆေးခွေ၊ ခေါင်းလျှော်ရည်၊MB ဘီစကစ် မျိုးစုံတို့ကို လှူဒါန်းပေးခဲ့ခြင်းဖြစ် သည်။
ကိုဗစ်ဒုတိယလှိုင်းမှာ အခက် အခဲရှိနေကြတဲ့ဂျိုးရဲ့ မိတ်ဆွေပရိ သတ်များက အလှူခံအကူအညီ တောင်း လာကြတဲ့အတွက် ဂျိုး ကိုယ်တိုင်ကမကထလုပ်ပြီး ဂျိုးရဲ့ အရင်းနှီးဆုံးမိတ်ဆွေ အနည်း အကျဉ်းသာပါဝင်တဲ့ အလှူလေး တစ်ခုကို အိမ်ထောင်စု၃ဝ အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ မျက်နှာသစ် ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခြင် ဆေးခွေ၊ ခေါင်းလျှော်ရည်၊MB ဘီစကစ်မျိုးစုံတို့ကို စိတ်ကူးရှိသမျှ တတ်အားသရွေ့လှူဒါန်းဖြစ်ပါ တယ်''ဟု မျိုးစန္ဒီကျော်ကရေး သားထားခဲ့သည်။
ကိုဗစ်ဒုတိယလှိုင်းကာလရှည် ကြာလာတာနဲ့အမျှ အခြေခံ မိ သားစုများရဲ့ စားဝတ်နေရေးမှာ လည်း ပိုမိုကျပ်တည်းလာကြပြီး အနုပညာရှင်အသိုင်းအဝိုင်းကလည်း ပရိသတ်များဆီသို့တတ်နိုင်သည့် လှူဒါန်းပေးကမ်းမှုများကို အသီး သီးလှူဒါန်းပေးလျက်ရှိသည်။
''ဂျိုးစီစဉ်တဲ့အလှူလေးမှာ ပါဝင်လှူဒါန်းပေးကြတဲ့MB ဘီ စကစ် ၊ ZHE creation နဲ့ အလှူ ငွေများထည့်ဝင်ပေးကြတဲ့ ဂျိုးရဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါ တယ်။ မြောက်ဒဂုံ (၅၁)ရပ်ကွက် အဆုံးထိ ဒီအလှူလေးရဲ့သတင်း အတွက် တကူးတကလာရောက် မေးမြန်းခဲ့တဲ့ Myanmar Celebrity အဖွဲ့သားများကိုလည်း ကျေး ဇူးတင်ပါတယ်။ လက်ချည်းဗလာ နဲ့ ဝါကျွတ်သွားကန်တော့ရင်း ဒီအ လှူအတွက်အလှူခံလို့ အလှူငွေ ထည့်ပေးလိုက်တဲ့ ဦးမျိုး(ဦးမျိုး မင်း)ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်''ဟု လည်းသူမ က ထပ်မံရေးသားထားခဲ့သည်။