images
UN
UN
သရက်မြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
ဇော်ဝမ်းထွန်း(အောင်လံ) Thursday, 05 November 2020
မကွေးတိုင်းဒေသကြီး သရက် မြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာ ကွယ်ဆေးထိုးခြင်းကို ပြည်တော် အေးရပ်ကွက်ရုံးတွင် မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များက ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆေးထိုးနှံခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက်နှစ်နှစ်အောက်ကလေးငယ် များအား ကူးစက်ရောဂါမှ ကာ ကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေ ရန်အတွက် အသိပညာပေးခြင်း နှင့်အသည်းရောင်အသားဝါရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေး ခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦး နှောက်အမြှေးရောင်ရောဂါနှင့် ဝက် သက်-ဂျိုက်သိုးရောဂါကာကွယ် ဆေးတို့ကို အသက်အပိုင်းအခြား အလိုက် ဆေးထိုးနှံခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။