images
UN
UN
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ငွေပဒေသာပင်အလှူငွေပေးအပ်
ကိုကိုလွင်(နေပြည်တော်) Thursday, 05 November 2020
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြတ်မင်္ဂလာ လမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟအိမ်ရာ (၂)တွင် နေထိုင်သည့် ဗိုလ်ချုပ်တင်မောင်ဝင်း-ဒေါ်တင်လေးနွယ်နှင့် သမီးဖြစ်သူ မပိုးဥမိသားစုတို့က မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ငွေပဒေသာပင် အလှူငွေကျပ်သုံးသိန်းကို ယမန်နေ့က လာရောက် လှူဒါန်းရာ ရိပ်သာဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းကြည်(ငြိမ်း)ကိုယ်စား ရိပ်သာတာဝန်ခံအရာရှိ ဗိုလ်မှူး သောင်းမြင့်(ငြိမ်း)က လက်ခံရယူ၍ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။