images
UN
UN
ရွေးကောက်ပွဲကြီးနီးလာပြီမို့ ဗိုလ်ချုပ်ကို ထူးထူးခြားခြား လွမ်းဆွတ်တမ်းတသတိရမိပါသည်
မြင့် မောင်အေး (ရေစကြို) Thursday, 05 November 2020
ဗိုလ်ချုပ်သည် မြန်မာ့လွတ်လပ်ရေး အတွက်သာ နိုင်ငံရေးကို အမျိုးသားရေး အသွင်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ် သည်။ သူအမှန်တကယ် ဝါသနာပါသည် မှာ စာရေးဆရာ အလုပ်သာဖြစ်သည်။
ဗိုလ်ချုပ်က သူနိုင်ငံရေးဝါသနာမပါ ရ သည့်အကြောင်းကို ပွင့်လင်းစွာပြောခဲ့သည် မှာ-
''ကျုပ်တော့ နိုင်ငံရေးသမားဖြစ်နိုင် မယ် မဟုတ်ပါဘူး။ နိုင်ငံရေးသမားဆို တာ ဝမ်းထဲကဖြစ်သမျှအပြင်က ဖုံးနိုင်ရ တယ်၊ ကျုပ်က ဖုံးလို့မရဘူး''ဟု သတင်း စာကွန်ဖရင့်တစ်ခုတွင် ပြောခဲ့ဖူးသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလအတွင်း ပြင်ဦး လွင်သို့ ဗိုလ်ချုပ်ရောက်ခဲ့စဉ်က အပါး တော်မြဲ ဗိုလ်ထွန်းလှအား ''ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနား ယူမယ် စိတ်ကူးတယ်။တိုင်းပြည်အုပ်ချုပ် ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင် ဖက်လူကောင်းတွေကိုလွှဲပေးပြီး ငါက တော့ အနားယူရင်းစာရေးဆရာလုပ်ချင် တယ်''ဟု ပြောခဲ့ပြန်ပါသည်။
ဗိုလ်ချုပ်သည် နိုင်ငံရေးသမားလော ကကို ငြီးငွေ့ပြီး စာရေးဆရာဘဝနှင့် အေး ချမ်းစွာနေလိုချင်သည်မှာအကြောင်းပေါင်း များစွာရှိပါသည်။ ထို့အကြောင်းပေါင်းများ စွာထဲမှ ထင်ရှားသောအကြောင်းအရာတစ် ခုကို ဖော်ပြလိုပါသည်။
၁၉၄၇ ခုနှစ် မေလ ၃ဝ ရက် နေ့ လယ် နှစ်နာရီအချိန် ရန်ကုန်မြို့ ကန်တော် ကြီးအနီး (ယခင်ပန်းချီ၊ ပန်းပုကျောင်းနေ ရာ)ရှိပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို ၏ ရုံးခန်းတွင် ပြုလုပ်သော သတင်းဆရာ အစည်းအဝေးပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက ''လွတ်လပ်ရေးရတဲ့အချိန်ထိတော့ ကျုပ် နိုင်ငံရေးကို လုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရ ပြီးလို့ ပါတီတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ကျုပ်မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူ များတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ် ရေးမယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာဆရာများ အစည်း အဝေးနိဂုံးချုပ်မိန့်ခွန်းတွင်လည်း ''မိမိ သည် နိုင်ငံရေးကို အလွန်ငြီးငွေ့နေပြီဖြစ် ရာ လွတ်လပ်ရေးရပြီးရင်တော့ စာအုပ် တွေရေးပြီး လောကကြီးမှာ ပျော်ပျော်ကြီး နေတော့မယ်''ဟု ဗိုလ်ချုပ်က စာရေးဆရာ ဘဝကို နှစ်သက်မြတ်နိုးကြောင်းထုတ်ဖော် ပြောကြားခဲ့သည်။
ဤသို့ထိုသို့သော ဗိုလ်ချုပ်ပြောကြား ခဲ့သည့် ရင်တွင်းစကားများကို ကြည့်မည် ဆိုပါက ဗိုလ်ချုပ်သည် မမှန်မကန်ပြော ဆိုပြုလုပ်တတ်သည့် မာယာများသော နိုင်ငံ ရေးကို လွန်စွာမှပင် စက်ဆုပ်ရွံရှာပုံ ပေါက်ပါသည်။ သို့သော် မြန်မာနိုင်ငံ အတွက် အချိန်ကာလအရ အရေးကြီးသော အမျိုးသားနိုင်ငံရေးတစ်ရပ်ကို ပါဝင်ဖော် ထုတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တစ် ဆက်တည်းမှာပင် လွတ်လပ်ရေးနဲ့အတူ မိမိ တို့ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း မနေမနားတဖွဖွမှာကြားပြောဆိုမှုများ အမြောက်အမြာားရှိခဲ့သည်ကိုတွေ့ရပါသည်။
ကရင်၊ ကချင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တစ်စိတ်တစ်ဝမ်းတည်းရှိနေကြရန် နှင့် ဗမာကတစ်မျိုး၊ ကရင်တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြား ပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ် ကြောင်း၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိ မည်ဖြစ်ကြောင်း ၁၉၄၇ ခုနှစ် ပင်လုံည စာစားပွဲမှာမိန့်ကြားခဲ့ပါသည်။

လွတ်လပ်ရေးရပြီးလျှင်လည်းမည်သူ့ အကူအညီမှ မမျှော်လင့်ဘဲ မိမိတို့ ကိုယ် တိုင်အလုပ်ကြိုးစားဖို့မှာကြားသည်မှာ ''သူ များက ခြေတစ်လှမ်းလှမ်းလျှင် ငါတို့က ကိုးလှမ်းဆယ်လှမ်း၊ အလှမ်းနှစ်ဆယ်လှမ်း နိုင်မှ သူများကို မီမည်'' ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီဆိုပြီး အများပိုင်လမ်း ပေါ်မှာ ဆေးရိုးတက်လှန်းသည့် အလုပ် တွေကိုလည်း မလုပ်ကြဖို့၊ပန်းတိုင်မရောက် ခင်တက်မထောင်ကြရန်နှင့် ဘောလုံးကန် တာတောင်မနိုင်လျှင် လူချမယ်ဆိုတဲ့ အောက်တန်းကျသည့်အလုပ်တွေ ရှောင်ဖို့ ကိုလည်းမှာကြားရန် မမေ့ခဲ့ပါ။
''လွတ်လပ်ရေးအတွက် ဆတက်ထမ်း ပိုးတိုးပြီး လုပ်ကြရာဝယ် ဆူပူသောင်း ကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့သူမှန်သမျှ ဝိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။ ဘယ်သူ့ ကိုမှ အားပေးဖို့မလိုဘူး''ဟု ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတော်ကြီးတွင် စည်းလုံး ညီညွတ်မှုမရှိ၊ နိုင်ငံရေးမတည်ငြိမ်၊ စီးပွား ရေမကောင်း၊ ကာကွယ်ရေးအတွက် အားထားလောက်သည့် အနေထားမျိုးမရှိ လျှင် ဗိုလ်ချုပ်ပြောသွားသည့် ''ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေး ရနဲ့ ဖာနိုင်ငံဖြစ်သွားနိုင်တယ်''ဆိုသည့် အဆိုစကားသည် ယခုအချိန်တွင် တကယ် များဖြစ်နေပြီလားဟု သံသယစိတ်ဝင် အားငယ်နေမိသည်တော့ အမှန်ဖြစ်သည်။
ယခုဆိုလျှင် ဗိုလ်ချုပ်ပြောကြားခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးတွေ မတည်ဆောက်နိုင်ခဲ့သည့်အတွက် ဘာမှ လူရာမဝင်၊မလောက်လေးမလောက်စားဖြစ် သည့် ဂန်ဘီယာလိုနိုင်ငံလေးတစ်နိုင်ငံက စော်ကားသည်ကိုပင် မာရေကျောရေမတုံ့ ပြန်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှ ပါဘိ။ အထူးသဖြင့် နိုင်ငံတော်ကာကွယ် ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မိန့်ကြားခဲ့ သည်မှာ ယခုအချိန်မှာ အင်္ဂလိပ်လက် အောက်နေရသည်မို့ ဗမာနိုင်ငံလုံခြုံရေးကို အင်္ဂလိပ်က တာဝန်ယူပေးပေမယ့်လို့ နောင် တစ်ချိန်လွတ်လပ်ရေးရပြီးလျှင် ကိုယ့်နိုင်ငံ လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူကြရမှာ မို့ စစ်ထဲကို အသက်ပြည့်ပြီး သူတိုင်း ဝင်ချင်လည်းဝင်၊ မဝင်ချင်လည်း ဝင်ကြရ မှာဘဲဟု မိန့်ကြားခဲ့သည်။ ယခုဆိုလျှင် တရုတ်၊ အိန္ဒိယ၊ ထိုင်းစသည့် အိမ်နီးနား ချင်းနိုင်ငံအားလုံးတွင် စစ်မှုထမ်းပြီး ကိုယ့် နိုင်ငံကို ကာကွယ်စောင့်ရှောက်နေကြပြီ ဖြစ်ပေသည်။ မြန်မာနိုင်ငံမှာတော့ စစ်မှု ထမ်းဥပဒေဆိုတာမျိုးမရှိသည့်အတွက် ကာကွယ်ရေးနှင့် ပတ်သက်၍ လူတိုင်း နားလည်ရန် အလှမ်းဝေးနေပါသေးသည်။ ခေတ်အဆက်ဆက် ဘယ်အစိုးရကမှ အကောင်အထည်မဖော်နိုင်ခဲ့ပါ။ ဗိုလ်ချုပ် စကားနားမထောင်ကြလို့ အခြားသူတွေရဲ့ အစော်ကားခံရသည်ဟူ၍သာမှတ်လိုက်ပါ။
ဗိုလ်ချုပ်သည် လွတ်လပ်ရေးမရမီ အင်္ဂလိပ်လက်အောက်နေရသည့်ကာလမှာပင် အုပ်ချုပ်သူအကြိုက် အောက်ကျခံပြီး ဘယ် တော့မှ လိုက်မပြောပါ။ မှန်ရာကိုသာ သတ္တိ ရှိရှိပြောဆိုခဲ့သည်များ အများအပြားရှိပါ သည်။
¤င်းတို့အနက်မှ မိတ္ထီလာမြို့တွင် ကာနယ်စလင်းနှင့်တွေ့စဉ်ကာနယ်စလင်းက ''အောင်ဆန်းမင်းငါ့ဆီလာတာ ငါက ပေး နိုင်မယ်ထင်လို့ လာတာမဟုတ်လား''ဟု ပြောသည့်အခါ ဗိုလ်ချုပ်က ''ဟုတ်ပါ တယ်ခင်ဗျာ၊ ပေးနိုင်မယ်ထင်လို့ ခင်ဗျား ဆီလာတောင်းတာပေါ့၊ ခင်ဗျား မပေးနိုင် ဘူးထင်ရင် ခင်ဗျားဆီ ကျုပ်က အချိန်ကုန် ခံ ဘာလာစရာလိုလို့လဲ''ဟု အားမနာ တမ်းပြောခဲ့သည်ကို စလင်းက စိတ်မဆိုး သည့်အပြင် အင်္ဂလန်သို့ပင် အောင်ဆန်း သည် မျိုးချစ်စိတ်ပြည့်ဝပြီး ရိုးသားကြောင်း ထုတ်ဖော်ချီးကျူးအစီရင်ခံခဲ့ပါသေးသည်။
ဂျပန်ပြန်ဆုတ် အင်္ဂလိပ်ပြန်တက်လာ သည့်အခါ အင်္ဂလိပ်က ''အောင်ဆန်းမင်း ယခု ဂျပန်ကို မလိုအပ်သည့်အခါ ပြန်တိုက် ထုတ်သလို ငါတို့ကိုလည်း မင်းမလိုချင် ရင် ပြန်တိုက်ထုတ်မှာ မဟုတ်လား''ဟု ပြောကြားသည့်အခါဗိုလ်ချုပ်က ပြန်ပြော သည့်စကားမှာ ''ကျုပ် ဘယ်ဂျပန် ဘယ် အင်္ဂလိပ်ကိုမှ သီးခြားတိုက်ထုတ်ခြင်းမ ဟုတ်၊ ကျုပ်နိုင်ငံကို အနိုင်ကျင့်စော်ကား လာရင် ဂျပန်ဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် အခြား ဘယ်သူ့ကိုမဆို တိုက်မှာဘဲဖြစ် တယ်။ ဂျပန်မို့၊ အင်္ဂလိပ်မို့ တိုက်ခြင်းမဟုတ် ပါ''ဟု ပြတ်သားစွာပြောကြားခဲ့သည်မှာ သမိုင်းဝင်မှတ်တမ်းစကားဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်စိတ်ဓာတ်မျိုးသတ္တိရှိရှိမွေးကြဖို့လို သည်။ မိမိအာဏာ ရရှိတည်မြဲရေးအတွက် မည်သူ့ကိုမှ မျက်နှာချိုသွေးအကူအညီမယူ သင့်ပါ။
မကြာမီမှာပင် ရွေးကောက်ပွဲကြီးကျင်း ပတော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲဆို သည့်အဓိပ္ပာယ်မှာ ပြည်သူအားလုံးက ကိုယ့်တိုင်းပြည်နှင့် ကိုယ့်ပြည်သူကို ဦး ဆောင်မှု မှန်မှန်ကန်ကန်ပေးပြီး တိုင်းပြည် မျက်နှာမငယ်ရဘဲ တိုးတက်ကြီးပွားအောင် ဆောင်ရွက်ပေးနိုင်မည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းကိုရွေးချယ်ခံအများထုထဲက ''ရွေးပြီးကောက်ယူရမည့်ပွဲ'' ဖြစ်ပါသည်။ ကိုယ်ပိုင်အရည်အချင်းမရှိဘဲ သူတစ်ပါး အားကိုးပြီး တစ်ပွဲတိုးနိုင်အောင်စွမ်းဆောင် ပြီး အာဏာရမှ ပရမ်းပတာလုပ်ပြကြမည့် သူများကိုလည်း သတိထားရှောင်ကြဉ်ရန် လိုပါမည်။
ရွေးကောက်ပွဲနိုင်ခြင်း ရှုံးခြင်းသည် အဓိကမကျပါ။ နိုင်သူရော ရှုံးသူပါ တိုင်း ပြည် တိုးတက်ရေးအတွက် ပူးပေါင်းဆောင် ရွက်နိုင်မှသာ တစ်ချိန်က ဗိုလ်ချုပ်လိုလား ခဲ့သည့် ဆန္ဒများနှင့် ပြည့်စုံသွားမည်ဖြစ် ပါသည်။ ယခု ၂ဝ၂ဝ ရွေးကောက်ပွဲကြီး သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း၊ ပါတီတစ်ဖွဲ့တစ်စည်းခြင်းထက် တိုင်းပြု ပြည်ပြု ပြည်ထောင်စုကြီးတစ်စုလုံးအနိုင် ရမည့်အောင်ပွဲတစ်ခုဖြစ်ပါစေကြောင်း မုဒိ တာပွားဆုတောင်းလိုက်ရပါသည်။