images
UN
UN
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငွေတောင်-ကျီးကန်ပြင်သွားကားလမ်း၌ စိတ်ြ<ွကရူးသွပ်ဆေးပြား ၄၃၈၇၅ဝ ဖမ်းဆီးရမိ
သက်လွင်စိုး Thursday, 04 February 2021

ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ငွေတောင်-ကျီးကန်ပြင်သွား ကားလမ်း မော်တော်ယာဉ်တစ်စီး ပေါ်တွင် ယမန်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်က စိတ်ြ<ွကရူးသွပ်ဆေးပြား ၄၃၈၇၅ဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၄၆) မောင်တောမှ ဒုရဲမှူးထွန်းထွန်းဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မောင်တော မြို့နယ် ငွေတောင်ကျေးရွာဘက် မှ ကျီးကန်ပြင်ကျေးရွာဘက်သို့ ယာဉ်မောင်းကျော်မင်းထွန်း မောင်း နှင်ကာ ယာဉ်နောက်လိုက် ထွန်း သာစိန်ဆိုသူလိုက်ပါလျက် ၅င/ ---- နံပါတ်တပ် LIFAN တယ် ပါ အမျိုးအစား ခြောက်ဘီးအပြာ ရောင်(လိုင်စင်စိစစ်ဆဲ) မော်တော် ယာဉ်ကို လိုက်လံတားဆီးစစ်ဆေး စဉ် ကားပေါ်တွင်သယ်ဆောင်လာ သော အုတ်ခဲများအောက်တွင် မြှုပ် နှံ၍သယ်ဆောင်လာသည့် မူးယစ် ဆေးဝါးဟုယူဆရသော အထုပ်များ ကို ရှာဖွေတွေ့ရှိသဖြင့် တရားခံ များ၏ ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးများပိုင်ရှင် နှစ်ဦး မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါ လာကြောင့် သိရသဖြင့် (၃)မိုင်-ကျီးကန်ပြင်သွားလမ်းအတိုင်း Haojue အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်ကို မောင်းနှင်လာသူ မောင်အေးနုနှင့်နောက်မှ စီးနင်း လိုက်ပါလာသော ကျော်နိုင်ဝင်း(ခ) ကျော်လှိုင်တို့အား ဖမ်းဆီးရမိခဲ့ပြီး သက်သေများရှေ့ မော်တော်ယာဉ် ကို အသေးစိတ်ရှာဖွေစစ်ဆေးရာ ကားပေါ်ပါအုတ်ခဲများအောက်တွင် အဖြူရောင်ပီနံအိတ်အတွင်းမှ အညို ရောင်ဖယောင်းစက္ကူဖြင့် ပတ်ထား သော အပြာရောင်ကပ်ခွာအိတ်ငယ် များအတွင်း ထည့်ထားသည့် စိတ်ြ<ွကရူးသွပ်ဆေးပြားဟု ယူဆရ သောWY/R စာတန်းပါ လိမ္မော် ရောင် စိတ်ြ<ွကရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ဆေးပြား ၉၇၅ဝ ပါ ၂၅ထုပ်၊ ဆေးပြား ၂၄၃၇၅ဝ နှင့် အုတ်ခဲများကြား တစ်ထုပ်ချင်း မြှုပ်နှံဝှက်ထားသည့် အထုပ်တစ် ထုပ်လျှင် ဆေးပြား ၉၇၅ဝ ပါ အထုပ် ၂ဝ၊ ဆေးပြား ၁၉၅ဝဝဝ စုစုပေါင်း ၄၅ ထုပ်၊ ဆေးပြား ၄၃၈၇၅ဝ၊ အလေးချိန် ၄၃ ဒသမ ၈၇၅) ကီလိုခန့်၊ မူးယစ်ဆေးဝါး များနှင့်အတူသယ်ဆောင်လာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်နှင့် ၄င်းတို့ကိုင်ဆောင်သည့် ဖုန်းလေးလုံးတို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့်အတူ လက်ဝယ်တွေ့ရှိသူ ကျော် မင်းထွန်း(ယာဉ်မောင်း)(၂၄နှစ်)၊ ထွန်းသာစိန်(၂၇နှစ်)နှင့်မူးယစ်ဆေး ဝါးများ လာရောက်ပို့ဆောင်ပေး သည့် ပိုင်ရှင်ဖြစ်သူမောင်အေးနု (၂၇နှစ်)၊ ကျော်နိုင်ဝင်း(၃၁နှစ်) မောင်တောမြို့နယ် သာယာကုန်း ကျေးရွာနေသူလေးဦးအား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှု ဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။